နားဖာချေးရဲ့ လျှို့၀ှက်ချက်
နားဖာချေးဟာပုံမှန်ဆွေးနွေးလေ့မရှိတဲ့ အကြောင်းအရာတစ်ခု ဖြစ်ပါတယ်။ လူအများစု နားလည်ထားတာကနားဖာချေးဆိုတာ ခန္ဓာကိုယ်မှ စွန့်ထုတ်လိုက်တဲ့သာမန်ပစ္စည်းတစ်ခုပါပဲ။ ဒါပေမယ့် နားဖာချေးမှာလူတော်တော်များများမသိသေးတဲ့ လျှို့၀ှက်ချက်တွေ ရှိပါသေးတယ်။
1. ရွှေ့ပြောင်းနိုင်တဲ့ထူးခြားချက်တစ်ခုရှိပါတယ်။ မှင်တစ်စက်ကိုနားထဲသို့ အစက်ချပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း စောင့်ကြည့်ပါက ထိုမှင်စက်ဟာနားအပြင်ဘက် သို့ ရောက်လာတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် နားအတွင်းရှိဆဲလ်သေများ၊ ဖယောင်းဆီများဖြင့် ဖွဲ့စည်းထားသောနားဖာချေးဟာလည်း နားအတွင်းရှိချေွးဂလန်းများ၏ လှုပ်ရှားမှုများကြောင့် နားအပြင်သို့ ရောက်လာခြင်းဖြစ်ပါတယ်။ စားသောက်ခြင်း၊ ကြိတ်ဝါးခြင်း၊ စကားပြောခြင်းစသော လှုပ်ရှားမှုများကလည်း နားဖာချေးနားအပြင်ရောက်လာအောင် ထောက်ပံ့ပေးနေပါသေးတယ်။
2. နားဖာချေးဟာကျန်းမာရေးကို အထောက်အကူပြုပါတယ်။ ၎င်းဟာနားအတွင်းရှိ လှိုဏ်ခေါင်းများကို အစိုဓာတ်ပေးနိုင်တာကြောင့် အလွယ်တကူယားယံခြင်းမဖြစ်နိုင်ပါဘူး။ ဒါ့အပြင် နားအတွင်းရှိ လှိုဏ်ခေါင်းများဟာ မှောင်မိုက်စိုစွတ်နေတာကြောင့် ဘက်တီးရီးယားပိုးမွှားများပေါက်ဖွားရန် အကောင်းဆုံးဖြစ်ပါတယ်။ နားဖာချေးတွင် မှိုသတ်နိုင်သောအာနိသင်နှင့် ဘက်တီးရီးယားပိုးမွှားများကို သုတ်သင်နိုင်သော အာနိသင်များရှိနေပါတယ်။ ဒါ့ကြောင့် နာဖာချေးများကိုမလိုအပ်ဘဲနဲ့ မဖယ်ရှားသင့်ပါဘူး။ ရှေးအခါက နားဖာချေးကို နှုတ်ခမ်းဆိုးဆေးအဆီအဖြစ်လည်းကောင်း၊ အနာကျက်ဆေးအဖြစ်လည်းကောင်း သုံးခဲ့ကြပါတယ်။
3. လူတစ်ယောက်ရဲ့ မျိုးနွယ်စုံကိုနားဖာချေးကိုကြည့်ခြင်းအားဖြင့် ခွဲခြားနိုင်ပါတယ်။ ဥပမာဆိုပါတော့ လူတစ်ယောက်ရဲ့နာဖားချေးဟာခြောက်နေမယ်ဆိုရင် ထိုလူဟာတရုတ် သို့မဟုတ် ဂျပန်ဟု အကြမ်းဖျင်း ခန့်မှန်းနိုင်ပါတယ်။
4. လိုအပ်လို့ နားဖာချေးကိုဖယ်ရှားမယ်ဆိုရင်တော့ ရေကိုအခြေခံထားတဲ့ သန့်စင်ဆေးရည် ၊ နားအတွက် အထူးပြုလုပ်ထားတဲ့ ဆေးထိုးပြွန်ကိုသုံးပြီးဖယ်ရှားနိုင်ပါတယ်။ ဒါတောင် အကောင်းဆုံးနည်းမဟုတ်ပါဘူး။ အကောင်းဆုံးနည်းကတော့ vaccum cleanser ကိုအသုံးပြုတဲ့ micro-section နည်းပဲဖြစ်ပါတယ်။ cotton pad များကိုတော့ နားပြင်ပမျက်နှာပြင်သန့်ရှင်းရေးလုပ်ရန်အတွက်သာ သုံးသင့်ပါတယ်။
5. နောက်ဆုံးတစ်ချက်ကတော့ heavy metal ကဲ့သို့သော ခန္ဓာကိုယ်ကို အဆိပ်အတောက်ဖြစ်စေတဲ့ အရာများရှိရင် နာဖာချေးထဲမှာတွေ့နိုင်ပါတယ်။ ဒါပေမဲ့ သွေးဖောက်ပြီးစစ်ဆေးတာလိုမျိုး ယုံကြည်လို့မရပါဘူး။
Dr. Htet Htet Aung






























