ကြက်သားကို မချက်ပြုတ်မီ Freezer အတွင်း အေးခဲထားသင့်
လူကိုအန္တရာယ်ဖြစ်စေတဲ့ Campylobacter ဘက်တီးရီးယားပိုးမွှားတွေဟာ မွေးမြူရေးခြံများတွင် ထူထပ်များပြားလျက်ရှိတာကြောင့် ကြက်သားစားသုံးသူများအနေနဲ့ အဆိုပါ ဘက်တီးရီးယားပိုးမွှားများ အန္တရာယ်မှ ကာကွယ်ရန်အတွက် မချက်ပြုတ်မီအချိန်တွင် အသားကို အေးခဲထားသင့်ကြောင်း ၊ ထို့နောက်တွင်မှ ပြင်ပအပူချိန်တွင် ပြန်လည်ထားပြီး ရေခဲများပျော်သွားတော့မှ ချက်ပြုတ်စားသောက် သင့်ကြောင်း အင်္ဂလန်နိုင်ငံရှိ ပြည်သူ့ကျန်းမာရေးအဖွဲ့အစည်းမှ တာ၀န်ရှိသူတစ်ဦးဖြစ်တဲ့ Dr. Jorgensen က အကြံပြုထားပါတယ်။ အေးခဲစေခြင်းဖြင့် Campylobacter ပိုးမွှားများစွာကို 90 % လောက် ထိ လျှော့ချပေးနိုင်ကြောင်းကိုလည်း ဆက်လက်ပြောကြားခဲ့ပါတယ်။
Campylobacter ဘက်တီးရီးယားပိုးမွှားများပါရှိသော အသားများကိုစားသုံးမိပါက စားပြီး 2 ရက် မှ 5 ရက်အတွင်း ၀မ်းပျက်၀မ်းလျှောခြင်း၊ ၀မ်းတွင်သွေးပါခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်နာဗိုက်အောင့်ခြင်း၊ ဖျားခြင်း၊ ကြွက်သားများနာကျင်ကိုက်ခဲခြင်းစတဲ့ ရောဂါလက္ခဏာများကို ခံစားရနိုင်ပါတယ်။ ဒါ့အပြင် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနဲ့ ကျန်းမာရေးချို့ယွင်းနေသူတွေမှာ အသက်သေဆုံးနိုင်သည်အထိ ရင်ဆိုင်ကြုံတွေ့နိုင်ပါတယ်။
Mg Hlaing Thwin






























