/
node/3700

ချောကလက်စစ်စစ် (Dark Chocolate) ရဲ့ ကျန်းမာရေးဂုဏ်သတ္တိများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

1.     အရွယ်တင်နုပျိုစေတယ်

         အင်တီအောက်ဆီးဒင့်ဟာ အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှုကို တားဆီးပေးတာကြောင့် အရွယ်တင်နုပျိုလိုသူတိုင်းဟာ အင်တီအောက်ဆီးဒင့်ပါတဲ့ အစားအစာတွေကို ရွေးချယ်စားသုံးဖို့ လိုအပ်ပါတယ်။ များစွာသောလေ့လာမှုများအရ ချောကလက်စစ်စစ် (Dark Chocolate)ကို စားသုံးခြင်းဖြင့် အင်တီအောက်ဆီဒင့်ဓာတ်ရရှိနိုင်တာကို တွေ့ရပါတယ်။ နို့ချောကလက်မှာတော့ အဲဒီအာနိသင်မရှိပါဘူး။

 

2.     စိတ်ခံစားမှုကို ကောင်းမွန်စေတယ်

         အလုပ်များလို့ စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေချိန်မှာ ချောကလက်တစ်တောင့်လောက် စားကြည့်လိုက်ပါ။ အ့ံသြစရာကောင်းလောက်အောင် စိတ်ဖိစီးမှုများ လျော့ကျသွားပါလိမ့်မယ်။ ချောကလက်ကို စားသုံးလိုက်တဲ့ အခါမှာ စိတ်ပျော်ရွှင်စေတဲ့ဟော်မုန်း အန်ဒရိုဖင်း (Endrophin) ထွက်လာပြီး စိတ်ခံစားမှုကို ကောင်းမွန်စေ ပါတယ်။

 

3.     သွေးဖိအားကို လျှော့ချပေးနိုင်တယ်

         သွေးတိုးရောဂါရှိသူများအတွက် သတင်းကောင်းဖြစ်ပါတယ်။ သုတေသီများရဲ့အကြံပြု ချက်အရ သွေးပေါင်ချိန်ပုံမှန်ဖြစ်စေရန် ချောကလက်စစ်စစ် (Dark Chocolate) ကို ပုံမှန်စားသုံးသင့်တယ်လို့ သိရပါတယ်။

 

4.     အာဟာရဓာတ်ကြွယ်၀စွာပါ၀င်တယ်

         ချောကလက်စစ်စစ် (Dark Chocolate) မှာ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာများ ပုံမှန်ဖြစ်စေရန်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေဖြစ်တဲ့ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ ကော့ပါးတို့အပြင် အမျှင်ဓာတ်နဲ့ ပရိုတင်းဓာတ်လည်း ကြွယ်၀စွာပါ၀င်ပါတယ်။ ပရိုတင်းဟာ ကြွက်သားများကို သန်စွမ်းစေတဲ့ ဂုဏ်သတ္တိရှိပါတယ်။ ဒါကြောင့် အမျိုးသားများ စားသင့်တဲ့ အစားအစာလို့ ဆိုရမှာပါ။

 

5.     နှလုံးကျန်းမာရေးအတွက် အတောက်အကူပြုတယ်

        မကောင်းသောကိုလက်စထရော (LDL) ရဲ့ဖြစ်စဉ်ဟာ နှလုံးသွေးကြောရောဂါများဖြစ်ခြင်း ရဲ့အဓိကအကြောင်းအရာဖြစ်ပါတယ်။ ချောကလက်မှာပါ၀င်တဲ့ ပိုလီဖီနော (Polyphenol) ဟာ ၎င်းဖြစ်စဉ်ကို တားဆီးပေးပြီး နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

 

6.     ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုတယ်

        ချောကလက်မှာ ဆီရိုတိုနင်၊ အန်ဒရိုဖင်တို့ပါ၀င်တာကြောင့် စိတ်ခံစားမှုကို ကောင်းစေ သလို ကဖင်းဓာတ်ပါ၀င်တာကြောင့် ဦးနှောက်ရဲ့လုပ်ဆောင်ချက်များကို ကောင်းမွန်စေပါတယ်။ ဖီနိုင်းအီသိုင်းလမင်း (Phenylethylamine) ဓာတ်က သွေးကြောများကိုကျယ်စေပြီး ခေါင်းကိုက် ေ၀ဒနာကို သက်သာစေပါတယ်။

 

7.     သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ရာမှာ အသုံး၀င်တယ်

        လေ့လာမှုများအရ ချောကလက်စစ်စစ် (Dark Chocolate) မှာပါ၀င်တဲ့ ဖလေဗိုနွိုက် (Flavonoids) ဓာတ်ဟာ အင်ဆူလင်ခုခံမှုကို လျှော့ချပေးတာကြောင့် အမျိုးအစား 2 ဆီးချိုရောဂါကို ကာကွယ်နိုင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် Dark Chocolate မှာလည်း သကြားပါ၀င်မှုရှိနေသေးတဲ့ အတွက် တစ်နေ့ကို နည်းနည်းပဲစားသင့်ပါတယ်။

 

 

Dr. Htet Htet Aung

www.drmyanmar.com