နှာခေါင်းပေါက်မပါဘဲ မွေးဖွားလာခဲ့သော ကလေးငယ် Tessa Evans
Tessa ဆိုတဲ့ ကလေးငယ်လေးဟာ လူပေါင်းသန်းတစ်ရာတွင်မှ တစ်ယောက်သာ ဖြစ်နိုင်ချေရှိသော ရှားပါးအခြေအနေတစ်ခုကိုခံစားနေရပါတယ်။ အဲဒါကတော့ Tessa လေးမှာ မွေးကတည်းက နှာခေါင်းပေါက် ပါလာခြင်းမရှိတာပါ။ ချစ်စရာကောင်းတဲ့ကလေးငယ်ဟာ နှာခေါင်းပေါက်မရှိတာကြောင့် အနံ့အာရုံကို မခံစားနိုင်သော်လည်း ချောင်းဆိုးခြင်း၊ ပါးစပ်မှတဆင့်နှာချေခြင်းတို့ကိုပြုလုပ်နိုင်ပြီး အအေးမိေ၀ဒနာကို ခံစားရပါတယ်။
ကလေးငယ်လေဟာ ချို့ယွင်းမှုဖြင့်မွေးဖွားလာခဲ့ပေမယ့် ပြုံးရွှင်တဲ့မျက်နှာထားကို ပိုင်ဆိုင်ထားတာကြောင့် မြင်တဲ့လူတိုင်းအတွက် ချစ်စဖွယ်ဖြစ်နေပါတယ်။ Tessa လေး၏ မိခင် Grainne ဟာ ကိုယ်၀န်ဆောင်ကာလအပတ် 20 တွင် တယ်လီဗေးရှင်းဓာတ်မှန် (USG) စစ်ဆေးမှုပြုလုပ်ခဲ့ရာ ပုံမှန်မဟုတ်သောမျက်နှာအနေအထားကို တွေ့ရှိခဲ့သဖြင့် 3D Scan ဖြင့်ဆက်လက်စစ်ဆေးခဲ့ရာ 3D Scan တွင် ပုံမှန်ဟုအဖြေထွက်ခဲ့ပါတယ်။ သို့သော် မွေးလာတဲ့အခါမှာတော့ Tessa လေးမှာ နှာခေါင်းပေါက် ပါလာခြင်း မရှိပါဘူး။ မွေးပြီးပြီးချင်း 8 ရက်အကြာတွင်လေပြွန်ဖောက်ခြင်းကို ပြုလုပ်ခဲ့ရပြီး11 ပတ်အကြာမှာတော့ ဘယ်ဘက်မျက်လုံးရှိ ရေတိမ်ကိုဖယ်ရှားနိုင်ရန် ဒုတိယအကြိမ်ခွဲစိတ်မှုပြုလုပ် ခဲ့သော်လည်း ကံအကြောင်းမလှခဲ့ဘဲ ဘယ်ဘက် မျက်လုံးကွယ်ခဲ့ရပါတယ်။
ယခုအခါ Tessa လေးဟာ နှာခေါင်းပုံစံပေါ်အောင် ခွဲစိတ်ထားပြီ ဖြစ်ပြီး Tessa လေးရဲ့ မိဘများက ကလေးငယ်အား ချစ်ခြင်းမေတ္တာပေး၍ အကောင်းဆုံးသော ဂရုစိုက်မှုများဖြင့် ပြုစုပျိုးထောင်သွားမယ်လို့ ဆိုပါတယ်။
Dr. Htet Htet Aung






























