သွေးတိုးကျစေသော ကြက်သွန်ဖြူ
ကြက်သွန်ဖြူစားခြင်းကြောင့် သွေးတိုးကျစေနိုင်ပါတယ်။ ကြက်သွန်ဖြူအစိမ်းအတိုင်းစားခြင်းဖြစ်စေ၊ ကြက်သွန်ဖြူကြော်စားခြင်းဖြစ်စေ သွေးဖိအားကျစေနိုင်တယ်ဆိုပေမယ့် မချက်ပြုတ်မကြော်လှော်ရသေးတဲ့ ကြက်သွန်ဖြူအစိမ်းကိုစားတာက ပိုထိရောက်မှုရှိပါတယ်။ ချက်ပြုတ်ကြော်လှော်လိုက်တဲ့အခါ ကြက်သွန်ဖြူမှာပါတဲ့ သွေးဖိအားကျစေတဲ့ allicin ဒြပ်ပေါင်းဟာ လျော့နည်းသွားပြီး ကြက်သွန်ဖြူအစိမ်းမှာပါ၀င်တဲ့ အာနိသင်လောက် ရောဂါအပေါ်အကျိုးသက်ရောက်စေနိုင်စွမ်းမရှိတော့ပါဘူး။ ဒါ့အပြင် ကြက်သွန်ဖြူကိုလှီးထားပြီး အချိန်အတန်ကြာမှ စားတာမျိုးမပြုလုပ်သင့်ပါ။ ကြက်သွန်ဖြူအရောင်ညိုမည်းလာလေ အာနိသင်ပျက်ပြယ်လေဖြစ် တာကြောင့် လှီးပြီးချက်ချင်းစားပေးတာ အကောင်းဆုံးဖြစ်ပါတယ်။ သွေးတိုးရောဂါရှိသူများအနေနဲ့ ထမင်းစားတဲ့အခါ ကြက်သွန်ဖြူ 4-5 မွှာကို တို့စရာအဖြစ် နေ့စဉ်ပါ၀င်အောင် စားပေးသင့်ပါတယ်။ ဒီထက်များများစားရင်တော့ သွေးဖိအားပိုမိုကျသွားနိုင်ပါတယ်။ ဒါကြောင့် တန်ဆေး လွန်ဘေးဆိုတဲ့အတိုင်း ချင့်ချိန်ပြီး စားသောက်သင့်ပါတယ်။
Mg Hlaing Thwin




























