/
node/4250

ရောဂါတွေကိုတိုက်ဖျက်နိုင်စွမ်းရှိတဲ့ အစားအသောက်များ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        လူအများစုဟာရောဂါတစ်ခုခုခံစားရပြီဆိုရင် ဆေးဝါးတွေမှီ၀ဲရုံနဲ့သာ လုံလောက်ပြီလို့ ယူဆတတ်ကြပါတယ်။ ဘယ်လိုအစားအစာတွေကို မိမိခံစားနေရတဲ့ရောဂါလက္ခဏာတွေကို သက်သာစေနိုင်လဲဆိုတာကို သတိမမူမိတတ်ကြပါဘူး။ ဒါကြောင့် ခံစားနေရတဲ့ ရောဂါတွေပျောက်ကင်းစေနိုင်ပြီး ရောဂါဖြစ်ခြင်းမှ ကြိုတင်ကာကွယ်ပေးနိုင်တဲ့ အစားအစာအချို့နဲ့မိတ်ဆက်ပေးလိုက်ပါတယ်။

 

1.    လက်ဖက်စိမ်းလက်ဖက်ရည် (Green Tea) နှင့် သံပုရာသီး

      လက်ဖက်စိမ်းလက်ရည် (Green Tea) ကိုပုံမှန်သောက်ပေးခြင်းဖြင့် နှလုံးရောဂါနဲ့ ကင်ဆာရောဂါဖြစ်ပွားမှုကိုလျော့ချပေးပြီး ယင်းလက်ဖက်ရည်ထဲမှာ သံပုရာသီးတစ်ခြမ်းထည့်သောက်ပါက သွေးလည်ပတ်မှုကောင်းစေကာ အူလမ်းကြောင်းဆိုင်ရာရောဂါတွေဖြစ်ခြင်းမှကာကွယ်ပေးပါတယ်။ ဒါ့အပြင် လက်ဖက်စိမ်းလက်ဖက်ရည်ကို ဖရဲသီး၊ ခရမ်းချဉ်သီး၊ ဂရိပ်ဖရုတို့နဲ့ တွဲဖက်သောက်သုံးပါကလည်း ဆီးကျိတ်ကင်ဆာကို သက်သာစေနိုင်တယ်လို့ ဆိုပါတယ်။

 

2.    ငှက်ပျောသီးနှင့် ဒိန်ချဉ်

      ဒိန်ချဉ်မှာငှက်ပျောသီးစိတ်လေးတွေရောပြီးစားသုံးပေးပါက အူလမ်းကြောင်းဆိုင်ရာအကျိုးပြု ဘက်တီးရီးယားတွေကို တိုးပွားစေပါတယ်။

 

3.    ကယ်လ်ဆီယမ်နှင့် နေရောင်ခြည်

      ကယ်ဆီယမ်စုပ်ယူမှုအားကောင်းစေတဲ့ ဗီတာမင် D ကိုနေ့စဉ် နံနက်ပိုင်း 10 မိနစ်လောက် နေရောင်ခြည်နုနုလေးခံယူရုံနဲ့ ရရှိစေနိုင်သလို ငါးကြီးဆီ၊ ဆာမွန်ငါး၊ ဆာဒင်းငါး တို့ကိုစားသုံးခြင်းဖြင့် ဖြည့်တင်းနိုင်ပါတယ်။ အရိုးတွေသန်မာစေပြီး အရိုးကျိုးခြင်းမှကာကွယ်ပေးနိုင်တဲ့ ကယ်လ်ဆီယမ်ဓာတ်ကိုတော့ နှမ်း၊ ပန်းဂေါ်ဖီစိမ်း၊ ဒိန်ခဲ၊ တို့ဟူး၊ ဒိန်ချဉ်တို့ကိုစားသုံးခြင်းဖြင့် ရရှိစေနိုင်ပါတယ်။ ကယ်လ်ဆီယမ်နဲ့ ဗီတာမင် D အချိုးအစားညီမျှစွာနေ့စဉ်စားသုံးပေးပါက အသက်လေးဆယ်ကျော်လာရင် ဖြစ်လေ့ရှိတဲ့ တင်ပါးဆုံကျိုးနိုင်ချေကို 20 ရာခိုင်နှုန်းလျော့ချပေးပြီး၊ ရင်သားကင်ဆာ၊ ဆီးချိုသွေးချို အမျိုးအစား (2) ရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။

 

4.    ဟင်းရွက်သုပ်နှင့် ထောပတ်သီး

      မိမိစားသုံးမယ့် အသုပ်ထဲမှာဟင်းသီးဟင်းရွက်၊ ခရမ်းချဉ်သီး၊ ငရုတ်ကောင်း၊ မုန်လာဥဝါ၊ သံလွင်ဆီ (သို့) ထောပတ်ဆီနဲ့ အခွံမာသီးတို့ကိုရောပြီးသုတ်စားပါက ခန္ဓာကိုယ်အတွက်အာဟာရမဖြစ်စေဘဲ အဆိပ်ဖြစ်စေတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကို ချေဖျက်ပေးနိုင်ပြီး ရောဂါပိုးကူးစက်ခြင်းမှကာကွယ်ပေးကာ အိုမင်းရင့်ရောင်ခြင်းမှလည်း တားဆီးပေးပါတယ်။ ဒါ့အပြင် နှလုံးရောဂါနဲ့ သေဆုံးနိုင်ချေကို  20 ရာခိုင်နှုန်းလျော့ချပေးပါတယ်။

 

5.    ပိုတက်ဆီယမ်ပါ၀င်သော အစားအသောက်များ

      အငန်ဓာတ်ကဲထားတဲ့ အစားအစာတွေ၊ အသင့်စားအစားအစာတွေဟာ သွေးတိုးစေနိုင်ပါတယ်။ ဒါကြောင့် ဆိုဒီယမ်လို့ခေါ်တဲ့ အငန်ဓာတ်ကိုလျော့ချပေးနိုင်တဲ့ ပိုတက်ဆီယမ်ပါ၀င်တဲ့ ဇီးသီး၊ ပဲတောင့်ရှည်နဲ့ ငှက်ပျောသီး စတဲ့အသီးအနှံတွေကို အငန်ဓာတ်ပါတဲ့ အစားအစာတွေစားပြီးချိန်မှာ စားသုံးပေးခြင်းဖြင့် လေဖြတ်ခြင်းနဲ့ နှလုံး ရုတ်တရက်တိုက်ခိုက်ခံရနိုင်ချေမှ ကင်းေ၀းစေပါတယ်။

 

6.    ဆန်လုံးညိုနဲ့ တို့ဟူး (ကာဗိုဟိုက်ဒြိတ် + ပရိုတင်း)

      ကာဗိုဟိုက်ဒြိတ်နဲ့ ပရိုတင်းဓာတ်ကြွယ်၀တဲ့ အစားအစာတွေဖြစ်တဲ့ အသားညှပ်ပေါင်မုန့်၊ ဒိန်ချဉ်နဲ့ သစ်သီး၊ ဆန်လုံးညိုနဲ့ ကြက်ကင် (သို့) တို့ဟူးတို့ကို အားကစားလုပ်ပြီးချိန်မှာစားပေးခြင်းဖြင့် နာကျင်ကိုက်ခဲမှုတွေ သက်သာစေပြီး ကုန်ခန်းသွားတဲ့အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။

 

7.    ၀ိုင်နှင့် ပင်လယ်ငါး

      ၀ိုင်နဲ့ အိုမီဂါ 3 ဖက်တီးအက်ဆစ်ကြွယ်၀တဲ့ ဆာမွန်ငါးနဲ့ ဆာဒင်းငါးတို့ကို တွဲဖက်စားသုံးပါက နှလုံးရောဂါ၊ လေဖြတ်ရောဂါနဲ့ ဆီးချိုရောဂါကိုပျောက်ကင်းစေနိုင်တဲ့အပြင် စိတ်ခံစားချက်ကိုလည်း ကောင်းမွန်စေပါတယ်။

 

8.    ဟင်းခတ်အမွှေးအကြိုင်နှင့် သံလွင်ဆီ

      အသားကင်တဲ့အခါ ဟင်းခတ်အမွှေးအကြိုင်နဲ့ သံလွင်ဆီကိုအသုံးပြုပါက အရသာပိုမိုကောင်းစေတဲ့အပြင် ကင်ဆာရောဂါကိုလည်း အတိုင်းအတာတစ်ခုထိ ကာကွယ်ပေးနိုင်ပါတယ်။

 

9.    နို့နှင့်လက်ဖက်ရည်

      နို့မှာပါ၀င်တဲ့ ပရိုတင်းဓာတ်နဲ့ လက်ဖက်ရည်မှာပါ၀င်တဲ့ အင်ဒီအောက်ဆီးဒင့်က နှလုံးသွေးကြောဆိုင်ရာလုပ်ဆောင်ချက်တွေကို ကောင်းမွန်စေပါတယ်။

 

Cho Thet

www.drmyanmar.com