သွေးချိုရောဂါရှင်များအတွက် သွေးတွင်းသကြားဓာတ်လျော့နည်းလွန်ခြင်း (Hypoglycemia)ကို ကာကွယ်နည်းများ
၁။ မိမိအစာစားမှုပုံစံအစီအစဉ်ကို အတိအကျလိုက်နာပါ။
၂။ တစ်နေ့လျှင် အနည်းဆုံးသုံးကြိမ် နံနက်စာ၊ နေ့လည်စာနှင့် ညစာတို့ကို တူညီသောအချိန်ခြားပြီး ဆရာဝန်ညွှန်ကြားထားသည့်အတိုင်းစားသုံးပါ။ ကြားချိန်တွင် မုန့်ပဲသရေစာများကိုလည်း ညွှန်ကြား ထားသလို စားပါ။
၃။ နံနက်စာ၊ နေ့လည်စာ၊ ညစာတို့ကို အချိန်ဇယားချရာမှာ အစာတစ်ခုနှင့်တစ်ခုကြား ၄နာရီ၊ ၅ နာရီထက်ပိုပြီး အချိန်မခြားပါစေနဲ့။
၄။ နေ့စဉ် နာရီဝက်၊ တစ်နာရီခန့် လေ့ကျင့်ခန်းလုပ်ပါ။
၅။ သွေးချိုဆေးမသောက်မီနဲ့ အင်ဆူလင်ဆေးမထိုးမီမှာ ဆေးတွေရဲ့ ပမာဏမှန်ရဲ့လားဆိုတာ ပြန်လည်စစ်ဆေးပါ။
၆။ အရက်သောက်တတ်လျှင် အများအပြားအလွန်အကျွံမသောက်ပါနဲ့။ သွေးတွင်းသကြားဓာတ်ကို အမြဲလိုလို စစ်ဆေးစောင့်ကြည့်ပါ။
၇။ မိမိသုံးစွဲတဲ့သွေးချိုဆေးဟာ ဘယ်အချိန်မှာ အာနိသင်အမြင့်ဆုံးရောက်လဲ ဆိုတာကို သိပါစေ။
၈။ ဆရာဝန်ညွှန်ကြားထားတဲ့အကြိမ်အတိုင်း အကြိမ်အတိအကျ သွေးတွင်းသကြားဓာတ် ဖောက်စစ်ပါ။
Dr. Thanda Lin






























