ပန်းသီးတစ်နေ့တစ်လုံးစားခြင်းဖြင့် ကင်ဆာရောဂါ (5) မျိုးကို တိုက်ဖျက်နိုင်
သစ်သီးတွေကို စားသုံးသူတွေဟာ အဆုတ်၊ အူနဲ့ ရင်သားကင်ဆာဖြစ်နိုင်ချေကို လေးပုံ တစ်ပုံလျော့ကျစေ ပါတယ်။
လေ့လာမှုအသစ်တစ်ခုအရ ပန်းသီးနေ့စဉ်စားသုံးခြင်းက ကင်ဆာရောဂါ (5)မျိုးဖြစ်ပွားနိုင်မှုကို ထက်ဝက်ခန့်လျှော့ကျစေနိုင်တယ်လို့ဆိုပါတယ်။
ပန်းသီးတစ်နေ့တစ်လုံးစားသူတွေက သစ်သီးတွေစားခဲသူ (သို့) လုံးဝမစားသုံးသူတွေနဲ့ယှဉ်ရင် အဆုတ်၊ အူ၊ ပါးစပ်၊ အစာချေလမ်းကြောင်း၊ ရင်သားကင်ဆာဖြစ်နိုင်ချေနည်းပါတယ်။ အကြီးမားဆုံးအကျိုးရလဒ်ကတော့ အစာအိမ်နဲ့အစာပြွန်ကင်ဆာကို ထက်ဝက်နီးပါးလျော့ကျစေပါတယ်။ ပန်းသီးကြိုက်သူတွေမှာ အဆုတ်ရောဂါဖြစ်နိုင်ချေ 25% နဲ့ ရင်သားကင်ဆာဖြစ်နိုင်ချေ 5 ပုံ 1 ပုံ လျော့ကျစေပါတယ်။
သစ်သီးနဲ့ဟင်းသီးဟင်းရွက်တွေအပါအဝင် ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေက ကင်ဆာရောဂါအများအပြားကို ကာကွယ်နိုင်စွမ်းရှိပါတယ်။
သုတေသီတွေက ကမ်ဘာပေါ်မှာစားသုံးမှုအများဆုံးအသီးတွေအနက် တစ်မျိုးဖြစ်တဲ့ပန်းသီးက ကင်ဆာရောဂါကို ဘယ်လိုကာကွယ်နိုင်လဲဆိုတာကို ထောက်ပြခဲ့ပါတယ်။ တမူထူးခြားတဲ့ဓာတုပစ္စည်းတွေ ပါဝင်မှုနဲ့ မော်လီကျူးလုပ်ငန်းတွေကြောင့် အချို့သောသစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေက ကင်ဆာဖြစ်နိုင်ချေကို ပိုပြီးကာကွယ်ပေးနိုင်ပါတယ်။ လေ့လာမှုတွေအရ ပန်းသီးကအဆုတ်ကင်ဆာကို ကာကွယ်နိုင်စွမ်းရှိတယ်ဆိုတဲ့ ခိုင်မာတဲ့သက်သေကိုတွေ့ရပါတယ်။
အခြားကင်ဆာတွေဖြစ်တဲ့ အစာအိမ်နဲ့ အစာပြွန်မှာဖြစ်လေ့ရှိတဲ့ အစာချေလမ်းကြောင်းကင်ဆာတွေနဲ့ ပတ်သက်ပြီး အချို့သောလေ့လာမှုတွေမှာ မတွေ့ရပေမယ့်အချို့လေ့လာမှုတွေအရတော့ တစ်ဝက်လောက်လျော့ကျစေတယ်လို့တွေ့ရှိရပါတယ်။
နောက်ဆုံးကောက်ချက်ချလို့ရတာကတော့ ပန်းသီးက အသက်အန္တရာယ်ရှိစေတဲ့ကင်ဆာတွေကို တိုက်ဖျက်နိုင်စွမ်းရှိတဲ့ အစွမ်းထက်ဆုံးအစားအစာတစ်မျိုးပါပဲ။
ပန်းသီးက ဥရောပမှာအစားအများဆုံးသစ်သီးဖြစ်ပြီးတော့ သူဟာ phytochemicals ဆိုတာကတော့ အပင်ထွက်ပစ္စည်းတွေမှာ သဘာဝအတိုင်းတွေ့ရတဲ့ ကင်ဆာရောဂါကာကွယ်နိုင်စွမ်းရှိတဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။
ပန်းသီးမှာ ကင်ဆာရောဂါနဲ့ နှလုံးရောဂါဖြစ်နိုင်ချေကို လျော့ကျစေတဲ့ flavonoids ဆိုတဲ့ ဓာတ်ပေါင်းတစ်မိျုးလည်းပါဝင်ပါတယ်။
Dr.Mya Myo Myo Swe






























