/
node/4550

လက်ဆေးခြင်းအလေ့အကျင့်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          လက်ဆေးခြင်းအလေ့အကျင့်ဟာ ပိုးမွှားတွေပျံ့နှံ့ခြင်းကို ရပ်တန်နိုင်ဖို့အတွက် အကောင်းဆုံး နည်းလမ်းပဲဖြစ်ပါတယ်။ နေ့စဉ်ကိုင်တွယ်ထိတွေ့နေရတဲ့ ပစ္စည်းတွေထဲမှာ ပိုးမွှားတွေရှိနေနိုင်တာက လက်ကိုင်ဖုန်းကစလို့ အိမ်သာထိပဲဖြစ်ပါတယ်။  ဒါကြောင့် လက်မှာကပ်ငြိ်နေတဲ့ ပိုးမွှားတွေဟာ အလွယ်တကူပါးစပ်ထဲရောက်သွားနိုင်ပါတယ်။

          တစ်နေကုန်ရော်ဘာလက်အိတ်ဝတ်ပြီး မနေနိုင်ပေမယ့် လက်ဆေးခြင်းအလေ့အထကို ပြုလုပ်ခြင်းဖြင့် ဖျားနာခြင်းမှ ကင်းေ​ဝးစေနိုင်ပါတယ်။

          လက်ဆေးသင့်တဲ့အချိန်တွေကတော့ -

- လက်တွေညစ်ပတ်နေတဲ့အချိန်

- အစားအစာများကို မထိတွေ့မီ (သို့) မစားသောက်မီ (ဥပမာအားဖြင့် ချက်ပြုတ်နေချိန်)

- ရေချိုးခန်းအသုံးပြုပြီးနောက်

- နှာချေး (သို့) ချောင်းဆိုးပြီးနောက်

- ကလေးများ အိမ်ပြင်ထွက်၍ ကစားပြီးနောက်

- နေမကောင်းဖြစ်နေတဲ့ သူငယ်ချင်း (သို့) ဆွေမျိုးထံ အလည်မသွားမီနှင့် သွားပြီးနောက် တို့ဖြစ်ပါတယ်။

          ဘယ်အချိန်နဲ့ဘာကြောင့် လက်ဆေးသင့်တယ်ဆိုတာသိကြပေမယ့်လည်း လူအများစုက လက်ကိုစင်ကြယ်အောင် ဘယ်လိုဆေးရမလဲဆိုတာ မသိကြပါဘူး။

          နောက်တစ်ခါလက်ဆေးတော့မယ်ဆို်ရင် အောက်ပါအချက်အလက်တွေကို သတိပြုသင့်ပါတယ်။

1. ရေကြက်သီးနွေး (မပူလွန်း မအေးလွန်း) ကို အသုံးပြုပါ။

2. ကြိုက်နှစ်သက်ရာဆပ်ပြာကို အသုံးပြုနိုင်ပါတယ်။ ဘယ်အမျိုးအစားမဆိုသုံးနိုင်ပေမယ့် ပွတ်တိုက်ဆေးကြောဖို့သာ အရေးကြီးပါတယ်။

3. လက်ဖဝါး၊ လက်ဖမိုး၊ လက်ချောင်းကြား၊ လက်ဖျံတို့ကို ဆပ်ပြာအမြှုပ်ထသည်အထိ 10-15 စက္ကန့်ခန့် သေချာစွာ ပွတ်တ်ိုက်ဆေးကြောပေးပါ။ လက်သည်းနားတစ်ဝိုက်ကလည်း ပိုးမွှားတွေခိုအောင်းနိုင်တဲ့နေရာဖြစ်တာကြောင့် ဆေးဖို့မမေ့သင့်ပါဘူး။

4. ရေဆေးချပြီး သန့်ရှင်းတဲ့လက်သုတ်ပုဝါနဲ့ ခြောက်သွေ့သွားစေရန် သုတ်ပေးပါ။

 

Dr. Thinzar Wynn

www.drmyanmar.com