အဝလွန်ခြင်းနှင့် အသည်းကင်ဆာ
ခါးတုတ်ခြင်း၊ BMI များခြင်း၊ အမျိုးအစား 2 ဆီးချိုရောဂါရှိခြင်းတို့ကြောင့် အသည်းကင်ဆာရောဂါဖြစ်နိုင်ချေများတယ်လို့ လေ့လာမှုအသစ်တစ်ခုအရတွေ့ရှိရပါတယ်။
အမေရိကန်ပြည်ထောင်စုမှာဆိုရင် အသည်းကင်ဆာဖြစ်ပွားနှုန်းက သုံးဆလောက် ပိုများလာပြီးတော့ ပြန်ကောင်းနိုင်တဲ့နှုန်းကတော့ နည်းပါတယ်။ အဝလွန်ခြင်းရဲ့နောက်မှာ အမျိုးအစား 2 ဆီးချိုရောဂါဖြစ်ပွားမှုများလာပြီးတော့ ဒီလိုလူတွေမှာ အသည်းကင်ဆာ ဖြစ်ပွားမှုလည်းများလာပါတယ်။
အဝလွန်ပြီး အမျိုးအစား 2 ဆီးချိုရောဂါရှိသူတွေနဲ့ အဝလွန်ပေမယ့် ဆီးချိုရောဂါ မရှိသူတွေကို နှိုင်းယှဉ်ကြည့်တဲ့အခါ ဆီးချိုရောဂါရှိသူတွေက အသည်းကင်ဆာဖြစ်ပွားမှု 2.6 ဆပိုများတာကိုတွေ့ရပါတယ်။ ခါးအတိုင်းအတာ 2 လက်မပိုလာတိုင်း အသည်းကင်ဆာဖြစ်နိုင်ချေ 8% ပိုများလာတယ်လို့ သုတေသီတွေကဆိုပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်ကို ရှိသင့်တဲ့အတွင်းထိန်းထားဖို့အရေးကြီးပါတယ်။
Dr. Mya Myo Myo Swe






























