/
node/5381

နှလုံးအတွက် အာဟာရဓာတ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

       နှလုံးကို အထောက်အကူပြုမယ့် အစားအသောက်တွေကတော့ -

1.      ဖရဲသီး

        နှလုံးရောဂါကိုသာမက ကင်ဆာရောဂါတွေကိုပါ ကာကွယ်နိုင်ပါတယ်။

 

2.      ဒိန်ချဉ်

        နှလုံးရောဂါ၊ ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်သလို အာဟာရပြည့်ဝတဲ့ အစားအသောက်လည်း ဖြစ်ပါတယ်။

 

3.      ခရမ်းချဉ်သီး

        ဗီတာမင်စီ ကြွယ်ဝတဲ့ ခရမ်းချဉ်သီးဟာ အရွယ်တင်နုပျိုမှုကိုလည်း ပေးစွမ်းနိုင်ပါတယ်။

 

4.      ထောပတ်သီး

        သတ္တုဓာတ်များ၊ ဗီတာမင်စီ နှင့် အမျှင်ဓာတ် ကြွယ်ဝတဲ့ ထောပတ်သီးဟာ နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေကို လျော့ကျစေပါတယ်။

 

5.      ဂေါ်ဖီထုပ်

        ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝတဲ့ ဂေါ်ဖီထုပ်ဟာ နှလုံးသွေးကြောကျဉ်းခြင်းကို ကာကွယ်နိုင်ပါတယ်။

 

6.      ပဲအမျိုးမျိုး

        တစ်နေ့ကို ပဲ လက်ဖက်ရည် ပန်းကန်လုံး တစ်ဝက်ခန့် စားခြင်းဖြင့် နှလုံးကို အကောင်းဆုံး ကာကွယ်ပေးနိုင်တယ်လို့ ဆိုကြပါတယ်။

 

7.      အုတ်ဂျုံမှုန့်

        အုတ်ဂျုံမှုန့်ဟာ အာဟာရပြည့်ဝပြီး ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးနိုင်တဲ့အတွက် အဝလွန်ခြင်းကြောင့်ဖြစ်တဲ့ နှလုံးရောဂါတွေကို ကာကွယ်နိုင်ပါတယ်။

 

8.      သခွားမွှေး

        ဗီတာမင်စီ နှင့် သတ္တုဓာတ်များ ကြွယ်ဝတဲ့ သခွားမွှေးဟာ စားကောင်းတဲ့အပြင် နှလုံးကျန်းမာရေးကိုလည်း အထောက်အကူ ပြုနိုင်ပါတယ်။

        အစာလည်းဆေး ဆေးလည်းအစာ ဆိုသကဲ့သို့ မိမိ နေ့စဉ်စားနေကျ အစားအသောက်များကို ဂရုပြု စားသောက်ခြင်းဖြင့် ရောဂါဖြစ်ပွားမှုများကို လျှော့ချကြပါစို့။

Dr. Zero (www.drmyanmar.com)