/
node/5808

အသည်းရောင်အသားဝါရောဂါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အသည်​းဟာ ကိုယ်​ခန္ဓာမှာ အကြီးဆုံးအင်္ဂါတစ်​ခုဖြစ်​သလို မရှိမဖြစ်​ အ​ရေးပါအရာ​ရောက်​တဲ့ အစိတ်​အပိုင်​းတစ်​ခုလည်းဖြစ်​ပါတယ်​။ အသည်​းဟာ

• အစာ​ခြေရာမှာအ​ရေးပါတဲ့သည်​း​ခြေရည်​ကို ထုတ်​လုပ်​​ပေးပါတယ်​။

• ကိုယ်​ခန္ဓာအတွက်​လိုအပ်​တဲ့ အသားဓာတ်​နဲ့ ​သွေးခဲပစ္စည်​း​တွေ ထုတ်​လုပ်​​ပေးပါတယ်​။

• ​သွေးတွင်​းသကြားဓာတ်​ကိုထိန်​းညှိ​ပေးပြီး အချိုဓာတ်​ကိုစု​ဆောင်​း​ပေးထားပါတယ်​။

• အစာအိမ်​နဲ့အူကိုလက်​တွဲပြီး အစာ​ခြေဖျက်​​ပေးပါတယ်​။

• ဗီတာမင်​နဲ့သတ္တုဓာတ်​​တွေကို သိမ်​းဆည်​း​ပေးပါတယ်​။

• ​သွေးထဲက​နေအရက်​အပါအဝင်​အဆိပ်​အ​တောက်​​တွေကို ဖယ်​ရှား​ပေးပါတယ်​။

Liveril 1

          အသည်​း​ရောင်​လာတဲ့အခါ ပုံမှန်​အလုပ်​မလုပ်​နိုင်​​တော့ပဲ ကြာလာရင်​ အသည်​း​ခြောက်​​ရောဂါနဲ့ အသည်​းကင်​ဆာ​ရောဂါ​တွေပါ ဖြစ်​လာနိုင်​ပါတယ်​။ အသည်​း​ရောင်​​စေတဲ့အဓိက အ​ကြောင်​းရင်​းက​တော့ ဗိုင်​းရပ်​စ်​ပိုးပဲဖြစ်​ပါတယ်​။ ​ဆေး​တွေ၊အရက်​​တွေကလည်​း အသညး်​​ရောင်​​စေနိုင်​ပါတယ်​။ တစ်​ခါတစ်​​လေ ခုခံအားစနစ်​က​မောက်​ကမဖြစ်​ပြီး ပုံမှန်​အသည်​းဆဲလ်​​တွေကို မှားယွင်​းတိုက်​ခိုက်​နိုင်​ပါ​သေးတယ်​။ ဒီလိုအသည်​း​ရောင်​ခြင်​းဟာ ရံဖန်​ရံခါ သူ့အလိုလို​​ပျောက်​သွားတတ်​သလို မ​ပျောက်​သူ​တွေမှာ ​ဆေး​တွေနဲ့ကုသရပါမယ်​။ တစ်​ခါတစ်​​လေ တစ်​သက်​လုံးလည်​း အသည်​း​ရောင်​​နေတတ်​ပါတယ်​။

 

>> လတ်​တ​လောအသည်​း​ရောင်​​ခြင်​းနဲ့ နာတာရှည်​​အသည်​း​ရောင်​ခြင်​း

 

          လတ်​တ​လောအသည်း​​ရောင်​ခြင်​းဟာ အ​ပျော့စားဖြစ်​နိုင်​သလို အပြင်​းစားလည်​း ဖြစ်​နိုင်​ပါတယ်​။ အသည်​း​ရောင်​အသားဝါပိုး A နဲ့ E ဟာ နာတာရှည်​အသည်​း​ရောင်​ခြင်​းကို မဖြစ်​​စေနိုင်​ပါဘူး။ အသည်​း​ရောင် ​အသားဝါပိုး B, C, D က​တော့ လတ်​တ​လောအသည်​း​ရောင်​ခြင်​း​ရော၊ နာတာရှည်​အသည်​း​ရောင်​ခြင်​းပါ ဖြစ်​​စေနိုင်​ပါတယ်​။ နာတာရှည်​အသည်​း​ရောင်​အသားဝါ B နဲ့ C ကို​တော့ အထူး​ကြောက်​ရပါတယ်​။

Liveril 2

>> အသည်​း​ရောင်​အသားဝါ​ရောဂါအမျိုးအစားများ

 

          အသည်​း​ရောင်​အသားဝါ​ဗိုင်​းရပ်​စ်​ပိုး ၅ မျိုးရှိပါတယ်​။

 

1. အသည်​း​ရောင်​အသားဝါ​ A ပိုး - လူ့အညစ်​အ​ကြေးနဲ့ထိ​တွေ့မိတဲ့ အစားအ​သောက်​​တွေကတစ်​ဆင်​့ အသည်​း​ရောင်​အသားဝါAပိုးကူးစက်​တတ်​ပြီး အရမ်​းကြီးစိုးရိမ်​စရာမလိုပါဘူး။

 

2. အသည်​း​ရောင်​အသားဝါ​ B ပိုး - အသည်​း​ရောင်​အသားဝါ​Bပိုးဟာ အ​မေက​နေက​လေးကို ​မွေး​နေစဉ်​သို့မဟုတ်​​မွေးပြီး​နောက်​ပိုင်​း ကူးနိုင်​သလို လိင်​ဆက်​ဆံရာမှတစ်​ဆင်​့၊ ​သွေးမှတစ်​ဆင်​့၊ မသန်​့တဲ့အပ်​​တွေက​တစ်​ဆင်​့ ကူးစက်​နိုင်​ပါတယ်​။ အသည်​း​ခြောက်​​ရောဂါနဲ့ အသည်​းကင်​ဆာ​တွေအထိ ဖြစ်​နိုင်​ပါတယ်​။

 

3. အသည်​း​ရောင်​အသားဝါ​ C ပိုး - အဖြစ်​များဆုံးအသည်​း​ရောင်​အသားဝါ​​ရောဂါတစ်​မျိုးဖြစ်​ပြီး ​သွေး​တွေ၊အပ်​​တွေက​နေကူးစက်​နိုင်​​ပေမယ်​့ အ​ကြောင်​းရင်​းကို ​သေချာအတိအကျမသိရှိရ​သေးပါဘူး။ ​C ပိုးဟာ အသည်​း​လည်​း​ခြောက်​​စေနိုင်​ပါတယ်​။ ခုခံအားကျကူးစက်​​ရောဂါ HIV​ ရောဂါပိုးရှိသူ​တွေရဲ့ ၂၅%ခန်​့နဲ့ ​ဆေးသမား HIV ​ရောဂါသည​်​​တွေရဲ့ ၉၀% ခန်​့မ​ှာ အသည်​း​ရောင်​အသားဝါ​ C ပိုးကို ​တွေ့ရတတ်ပြီး HIV နဲ့တွဲတဲ့အခါ ပိုဆိုးနိုင်​ပါတယ်​။

 

4. အသည်​း​ရောင်​အသားဝါ ​D ပိုး - အသည်​း​ရောင်​အသားဝါ ​B ပိုးရှိသူ ​ဆေးသမား​တွေမှာ ​တွဲဖက်​​တွေ့ရှိရပါတယ်​။ D ပိုးဟာ B ပိုးရှိမှကူးစက်​နိုင်​ပြီး B ပိုးလိုပဲ ကူးစက်​တတ်​ပါတယ်​။ B ပိုးရှိသူ​တွေမှာ D ပိုးတွဲဖြစ်​ပါက ​ရောဂါပိုပြီးပြင်​းထန်​တတ်​ပါတယ်​။

 

5. အသည်​း​ရောင်​အသားဝါ​ E ပိုး - ​A ပိုးလိုပဲ E ပိုးဟာ သန်​့ရှင်​းမှုနည်​းပါးတဲ့နိုင်​ငံ​တွေမှာ ပိုဖြစ်​တတ်​ပါတယ်​။

 

အနှစ်ချုပ်အနေနဲ့ဆိုရင်တော့-

 

1. အသည်​း​ရောင်​လာတဲ့အခါ အသည်​း​ကောင်​း​ကောင်​း အလုပ်​မလုပ်​နို်​င်​​တော့ပါဘူး။

2. ဗိုင်​းရပ်​စ်​ပိုး​ကြောင်​့ အဖြစ်​များပါတယ်​။

3. အသည်​း​ရောင်​အသားဝါ​ ၅ မျိုးရှိပြီး A နဲ့ E ဟာ မသန်​့ရှင်​းတဲ့အစားအ​သောက်​၊ ​ရေ၊ အညစ်​​အ​ကြေး​တွေက​နေတစ်​ဆင်​့ ကူးစက်​ကာ B, C, Dပိုး​တွေဟာ ​သွေး​တွေ၊ကိုယ်​တွင်​းအရည​်​​တွေကနတစ်​ဆင်​့ ကူးစက်​တတ်​ပါတယ်​။

4. အသည်​း​ရောင်​အသားဝါ​ A နဲ့ B ကို ကာကွယ်​​ဆေးနဲ့ ကာကွယ်​နိုင်​​ပေမယ်​့ အသည်​း​ရောင်​အသားဝါ​ C, D, E ​ရောဂါ​တွေမှာ​တော့ ကာကွယ်​​ဆေးမရှိ​သေးပါဘူး။ ဒါ့အပြင်​ B, C, D ပိုး​တွေဟာ အသည်​း​ခြောက်​ခြင်​းနဲ့ ကင်​ဆာ​ရောဂါ​တွေ ဖြစ်​လာနိုင်​ပါတယ်​။

 

Dr. Mya Phoo Ngon (www.drmyanmar.com)