/
node/5827

နားဖာချေးဆိုတာ ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          နားဆိုတာက ခန္ဓာကိုယ်မှာ အကြားအာရုံနဲ့ ဟန်ချက်ကို ထိန်းပေးဖို့အတွက် အာရုံခံမှု အားအကောင်းဆုံးတွေထဲကတစ်ခု ဖြစ်ပါတယ်။ နားမှာ အစိတ်အပိုင်း (၃) ခု ရှိပါတယ်။

●        အပြင်ဘက်နား

●        အလယ်နား

●        အတွင်းနား

          အပြင်ဘက်နားမှာ နားဖာချေး ထုတ်ပေးတဲ့ ဂလင်းတွေ ရှိပါတယ်။ ဒါကြောင့် နာဖာချေးဆိုတာ အပြင်နားကနေ ထုတ်ပေးတဲ့ သဘာဝအရာတစ်ခုပါ။

          နားဖာချေးမှာ အစိုနဲ့ အခြောက်ဆိုပြီး (၂) မျိုး ရှိပါတယ်။ နာဖာချေးအခြောက်က ထွက်လာပြီးရင် သူ့ဟာသူ ခြောက်ပြီးကြွေကျသွားပါတယ်။ ဒါက နားရဲ့ သူ့ကိုယ်သူ သန့်ရှင်းတဲ့နည်းစနစ်ပဲ ဖြစ်ပါတယ်။

          နားဖာချေးတွေ စုပုံလာတဲ့အခါမှာတော့ အပြင်နားကို အဝတ်စိုတစ်ခုနဲ့ ပွတ်ပြီး ပုံမှန်သန့်ရှင်းပေးဖို့ လိုပါတယ်။

          နားဖာချေးထုတ်တာ အရမ်းများတဲ့အခါမှာ နားအတွင်းပိုင်းထဲကို နားဖာချေးတွေ ရောက်ပြီး နားပိတ်ဆို့ခြင်း၊ နားကိုက်ခြင်း၊ နားအူခြင်းတွေ ဖြစ်စေပါတယ်။ ဒီလိုဖြစ်လာရင်တော့ (၆) လတစ်ခါလောက် နားအထူးကုနဲ့ပြပြီး နားသန့်စင်ပေးဖို့ လိုပါတယ်။

          နားထဲကို နားဖာချေး ကလော်တဲ့ဂွမ်းတံနဲ့ အတင်း ထိုးမထည့်ပါနဲ့။ ဒါက နားစည်ကို ထိခိုက်စေပြီး နားမှာ မှိုစွဲစေနိုင်ရုံသာမက နားဖာချေးကို နားခေါင်းအတွင်းထဲကို ပိုပြိးတွန်းပို့ပေးနိုင်ပါတယ်။

          နားထဲကို ရေ (သို့) ဆီအပူ ဘယ်တော့မှ မထည့်ပါနဲ့။ နားကြပ်ကိုလည်း တစ်နေ့ကို မိနစ် (၃၀) ေ လာက်ပဲ အသုံးပြုပါ။ ရေကူးရင် နားအုပ်ထားခြင်းက အရမး်အထောက်အကူ ဖြစ်စေပါတယ်။ အသံကျယ်ကျယ်တွေလည်း နားထောင်ခြင်း မပြုပါနဲ့။ ဖုန်းအသုံးပြုခြင်းကိုလည်း တစ်နေ့ကို (၂) နာရီလောက်ပဲ သုံးဖို့ ကန့်သတ်ထားသင့်ပါတယ်။

          ဒီအချက်တွေ အကုန်လုံးက နားကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)