သဘာဝဆီးဆေးများ
1. ကညွတ်
ဟိုးရှေးရှေးကတည်းက ဂရိတွေနဲ့ ရောမတွေက သူ့မှာရှိတဲ့ ဆီးသွားစေတဲ့ အစွမ်းသတ္တိကို အသုံးချခဲ့ကြပါတယ်။ ဒီထဲမှာ ပါဝင်တဲ့ asparagine လို့ခေါ်တဲ့ ဓာတ်တစ်မျိုးကြောင့် ဆီးသွားစေတာ ဖြစ်ပြီးတော့ ဖောရောင်ခြင်း၊ လေးဖက်နာနဲ့ အမျိုးသမီးတွေမှာ ရာသီမလာခင် ရေဓာတ်တွေ ပြည့်နေတာတွေအတွက် သုံးပါတယ်။ ကညွတ်ကို အစာချေပြီးတဲ့အခါမှာ ဆာလဖာပါတဲ့ ဓာတ်ပေါင်းထွက်လာတဲ့အတွွက် စားပြီးရင် ဆီးမှာ အနံ့တစ်မျိုး ရပါလိမ့်မယ်။
2. မုန်လာဥနီ
ပိုတက်ဆီယမ်ဓာတ် ပါဝင်မှုမြင့်မားတဲ့အတွက် အရည်တွေကို ဖယ်ထုတ်ဖို့အတွက် အထောက်အကူ ဖြစ်စေပါတယ်။ မုန်လာဥနီရဲ့ အရောင်ကို ရစေတဲ့ betanin လို့ခေါ်တဲ့ ဓာတ်ကြောင့် ရောင်ရမ်းခြင်းကို လျော့ကျစေပါတယ်။
3. ဂေါ်ဖီထုပ်
ဂေါ်ဖီထုပ်တွေကလည်း ရေကြောင့် အပိုတက်နေတဲ့ အလေးချိန်တွေကို လျော့ကျစေပါတယ်။ ခေတ်စားနေတဲ့ ဂေါ်ဖီထုပ်ပြုတ်ရည်ကို သောက်ပြီး ဝိတ်ချတဲ့နည်းကလည်း ဒီဂေါ်ဖီထုပ်မှာပါတဲ့ ဆီးသွားစေတဲ့အစွမ်းနဲ့ အမျှင်ဓာတ် မြင့်မားစွာ ပါဝင်မှုနဲ့ ကိုယ်အလေးချိန်ကျဖို့ ကူညီပေးတဲ့ ရေပါဝင်မှုတွေကြောင့်ပါ။ အနီရောင် ဂေါ်ဖီထုပ်တွေကလည်း ရောင်ရမ်းခြင်းကို တိုက်ဖျက်နိုင်စွမ်း ရှိပါတယ်။
ဒါပေမဲ့လည်း ခြေထောက်တွေက အမြဲ ပုံမှန်လိုလို ဖောရောင်နေတတ်တယ် ဆိုရင်တော့ ဆရာဝန်သွားပြပြီး စစ်ဆေးမှု ခံယူတာက အကောင်းဆုံးပါ။
4. တရုတ်နံနံ
ဟစ်ပိုကရေးတီးက တရုတ်နံနံက ခန္ဓာကိုယ်ထဲမှာ ပိုနေတဲ့အရည်တွေကို ဖယ်ထုတ်နိုင်တယ်လို့ ဆိုခဲ့ပါတယ်။ ယနေ့ခေတ် သိပ္ပံပညာရှင်တွေက ဒီတရုတ်နံနံထဲမှာပါတဲ့ phthalides ဆိုတဲ့ ဓာတ်ကြောင့် ဆီးသွားစေတယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဒီထဲမှာပါတဲ့ COX-2 inhibitor ဆိုတဲ့ ဓာတ်ကြောင့် ခန္ဓာကိုယ်ထဲက uric acid တွေကို လျော့ကျစေတဲ့အတွက်ကြောင့် ဂေါက်ကြောင့်ဖြစ်တဲ့ ဖောရောင်ခြင်းတွေမှာ သုံးပါတယ်။
5. အနီရောင် ဘယ်ရီသီးအချဉ် (cranberries)
ဒီအနီရောင်ဘယ်ရီသီးရဲ့ ဘက်တီးရီးယားပိုးတွေကို သေစေနိုင်စွမ်းနဲ့ ဆီးသွားစေနိုင်တဲ့ ဂုဏ်သတ္တိတွေကြောင့် ဒါတွေက ပိုတက်ဆီယမ်တွေ ထုတ်မပစ်ဘဲနဲ့ ပိုနေတဲ့အရည်တွေကို ဖယ်ရှားရာမှာ အရေးပါ,ပါတယ်။
6. သခွားသီး
သခွားသီးထဲမှာဆိုရင် uric acid တွေကို ခန္ဓာကိုယ်ကနေပြီးတော့ ဖယ်ရှားနိုင်ဖို့အတွက် ကျောက်ကပ်ကိုလှုံ့ဆော်ပေးတဲ့ဓာတ်တွေ ပါဝင်ပါတယ်။ ရေနဲ့ ပိုတက်ဆီယမ်တွေပြည့်ဝပြီးတော့ ဆိုဒီယမ်ဓာတ်နည်းနဲ့ သခွားသီးဟာဆိုရင် nitric acid နဲ့ ရောင်ရမ်းခြင်းကို ဖြစ်စေတဲ့ ဓာတ်ကူပစ္စည်းတွေ ထုတ်လုပ်တာကို ဟန့်တားပေးတဲ့အတွက် ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။ သခွားသီးလေးတွေကို လှီးပြီးတော့ မျက်လုံးအောက် မို့တာသက်သာဖို့ ကပ်ပေးနိုင်ပါတယ်။
7. ကြက်သွန်ဖြူ
နိုင်ငံတကာ ဆေးသိပ္ပံပညာနဲ့ သုတေသနဂျာနယ်ရဲ့အဆိုအရ ကြက်သွန်ဖြူက ဆီးသွားစေပါတယ်။ ဒါက အစွမ်းထက်တဲ့ အင်တီအောက်ဆီးဒင့်တစ်မျိုးဖြစ်ပြီးတော့ အဆီတွေ ဖြိုခွဲရာမှာလည်း ပါဝင်ပါတယ်။
8. နံနံပင်
နံနံပင် အထူးသဖြင့် လက်ဖက်ရည်အနေနဲ့ သောက်မယ်ဆိုရင် ခန္ဓာကိုယ်မှာ ရေဓာတ်တွေ အရမး်ပုံနေတာကို ကုသတဲ့ ရိုးရာနည်းပဲ ဖြစ်ပါတယ်။ ဒါက ဆီးသွားတဲ့ပမာဏ များစေတဲ့အတွက် ပုံနေတဲ့ရေတွေကို ဖယ်ရှားပေးပါတယ်။
9. ဖရဲသီး
Dr. Mya Myo Myo Swe (www.drmyanmar.com)





























