/
node/6149

လူအမျိုးမျိုး စိတ်အထွေထွေ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        လူတွေမှာ ပင်ကိုယ်စိတ်နေထားနဲ့ ကြီးပြင်းလာခဲ့တဲ့နေရာ၊ ပတ်ဝန်းကျင်ပေါ် မူတည်လို့  ကိုယ်ရည်ကိုယ်သွေး ကွဲပြားခြားနားမှု ရှိလာတတ်ပါသတဲ့။

          စိတ်ပညာရှင်တွေရဲ့ သုတေသနတွေအရ ကိုယ်ရည်ကိုယ်သွေးပေါ် မူတည်လို့ လူ ၄ မျိုး ခွဲလို့ရပါတယ်။

 

●      သဘောတူလွယ်သူ

          နားထောင်ပေးတတ်ပြီး ခေါင်းညိတ်လွယ် ပေါ့ပါးအေးဆေးပြီး သဘောတူဖို့ သိပ်မခက်တဲ့ ခေါင်းမမာတတ်သူ အုပ်စုပါ။

 

●      လှုပ်ရှားပျော်မွေ့သူ

          ပတ်ဝန်းကျင်၊ အသိုင်းအဝိုင်း၊ သူငယ်ချင်း၊ အပေါင်းအသင်း အလွန်မက်ပြီး သူတို့ကို ဝန်းရံစေပြီး စကားသွက်လက်ချက်ချာပြီး အနားမှာ အဖော်ရှိတာနဲ့ အစဉ်ပျော်ရွှင် ကျေနပ်နေတတ်သူတွေပါ။

 

●      အထီးကျန်ဆန်သူ

          စိတ်ပူပင်တတ်၊ အားငယ်တတ်သလို အလွယ်တကူ စိတ်ဓာတ်ကျ၊ စိတ်ဓာတ်တက်လွယ်ပြီး စိတ်အပြောင်းအလဲ မြန်တတ်တဲ့အုပ်စုပါ။

 

●      စပ်စုသူ

          အရာရာကို အမြဲစိတ်ဝင်တစားနဲ့ လေ့လာနေတတ်၊ ဆွေးနွေးတတ်ပြီး အတွေ့အကြုံသစ် ရှာတတ်သူတွေပါ။

 

          ဒီလိုကိုယ်ရည်ကိုယ်သွေးတွေဟာ လူတစ်ဦးဆီမှာ မတူညီတဲ့အသွင်တွေနဲ့ ကွဲပြားခြားနားစွာ ရှိနေပါတယ်။ မိမိကြီးပြင်းလာတဲ့ ပတ်ဝန်းကျင် အုပ်ထိန်းသူ၊ မွေးရာပါဗီဇ၊ သင်ယူလေ့လာခဲ့တဲ့အရာတွေနဲ့ ဆက်စပ်နေတတ်ပြီး ကိုယ်ပိုင် စိတ်ဓာတ် အရည်အသွေးအဖြစ် တဖြည်းဖြည်း ဖြစ်တည်လာတာ ဖြစ်ပါတယ်။

 

>>    ကိုယ်ရည်ကိုယ်သွေးကို ပြုပြင်ပစ်လို့ရလား?

          လာမည်၊ ကြာမည်ဆိုတဲ့ကိစ္စ ဖြစ်ပါတယ်။ မိမိငယ်စဉ်ကတည်းက ဖြစ်လာတဲ့ ကိုယ်ရည်ကိုယ်သွေးကို တစ်ထိုင်တည်းနဲ့ အကောင်းဘက်တွေ ပြောင်းပစ်ဖို့ဆိုတာ ခက်ပါတယ်။ ဖော်ပြပါ ကိုယ်ရည်ကိုယ်သွေးတွေမှာ မနှစ်မြို့စရာလေးတွေကို လူတိုင်း ဖယ်ထုတ်ချင်ကြပါတယ်။

          အဆင့်မြင့်တဲ့ ကိုယ်ရည်ကိုယ်သွေးဟာ စိတ်ရှည်လက်ရှည် ပျိုးထောင်ယူရပါတယ်။ စာအုပ်တွေ ဖတ်ရတယ်၊ အကျင့်ဆိုးတွေကို ဖယ်ထုတ်ပစ်ရတယ်။ စိတ်ဓာတ်ခိုင်မာမှု တည်ဆောက်ရတယ်၊ ဘာသာရေး လိုက်စားရတယ်။ လှပသေသပ်သော ဆုံးဖြတ်ချက်တွေချပြီး ဘဝကို ပုံဖော်ရပါတယ်။  ကိုယ်ရည်ကိုယ်သွေးကို ထိပ်တန်းအဆင့် ပြောင်းဖို့ဆိုတာ ခက်ခဲပေမယ့် မဖြစ်နိုင်တဲ့အရာတော့ မဟုတ်ပါဘူး။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)