/
node/6275

ညဘက်ညဘက် ဆီးထသွားနေရလို့ စိတ်ညစ်နေလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        ဆီးသွားချင်လာပြီဆိုရင် မထိန်းနိုင်တာက ညဘက် အိပ်နေတာကို အနှောင့်အယှက် ဖြစ်စေပြီဆိုရင်တော့ ဒါက ဘဝအရည်အသွေးကို ကျဆင်းစေပါတယ်။ ကမ်ဘာပေါ်က လူပေါင်း သန်း ၂၀၀ လောက်က ဆီးမထိန်းနိုင်တဲ့ဝေဒနာကို ခံစားနေရပြီးတော့ ဒီထဲမှာမှ အမျိုးသမီးတွေက 25% ပိုအဖြစ်များပါတယ်။ ဆီးမထိန်းနိုင်ဘူးဆိုတဲ့နေရာမှာ လှုပ်ရှားမှုတစ်ခုခု (သို့) ညှစ်ခြင်းစတဲ့ ဖိအားသက်ရောက်မှုကြောင့် မထိန်းနိုင်တာနဲ့ ဆီး အရမ်းပေါက်ချင်လာပြီဆိုရင် လုံးဝထိန်းထားလို့ မရတော့တာဆိုပြီး ၂ မျိုး ရှိပါတယ်။

          ဆီးမထိန်းနိုင်တာမှာဆိုရင် ညဘက်တွေမှာ အိပ်ရာထဲ ဆီးထွက်ကျတာ၊ ညဘက် ဆီး ခဏခဏ ထပေါက်ရတာတွေ အဖြစ်များပါတယ်။

 

>>    ဒီလိုမျိုး ညဘက်ညဘက် ဆီးမကြာခဏ ထပြီးသွားနေရတာကို ဘယ်လိုဖြေရှင်းကြမလဲ

၁။     ခြေထောက်ကို မြှင့်ထားပါ။

          နှလုံးရောဂါကြောင့် ခြေထောက်တွေ ဖောရောင်တတ်ပြီးတော့ ဒီလိုအခြေအနေမျိုးမှာဆိုရင် ဆီးဆေးတွေပေးပြီး ကုသဖို့ လိုပါတယ်။ ဒါက ဆီးပိုသွားစေပြီးတော့ အစကတည်းက ဖြစ်နေတဲ့ ဆီးမထိန်းနိုင်တာကို ပိုဆိုးစေပါတယ်။ ခြေထောက်ကို တစ်နေ့လုံး မြှင့်ထားပေးမယ်ဆိုရင် ခြေကျင်းဝတ်က ရေတွေက စီးဆင်းသွားပြီး ခန္ဓာကိုယ်အနှံ့ကို ပျံ့သွားစေပါတယ်။

          ခြေထောက်ရောင်နေတဲ့ အမျိုးသမီးတစ်ယောက်က ညဘက်အိပ်တဲ့အခါမှာ ခြေကျင်းဝတ်မှာ စုနေတဲ့ရေတွေက အပေါ်ကို ပြန်တက်လာပြီးတော့ ကျောက်ကပ်ထဲရောက်ကာ ဆီးအိမ်ကနေ ပြန်ထွက်လာစေပါတယ်။

 

၂။     ဆေးသောက်တဲ့အချိန်ကို ဂရုစိုက်ပါ။

          ဆေးတွေမှာ ကောင်းကျိုးရှိသလို ဆိုးကျိုးလည်း ရှိပါတယ်။ ဆိုးကျိုးတစ်ခုအနေနဲ့ ဆီးတွေ အရမ်းသွားနေရရင် အိပ်ရာမဝင်ခင် သောက်နေတာကို ပြန်စဉ်းစားဖို့ လိုပါတယ်။ ဒီတော့ ဆီးဆေးသောက်ရင် နေ့လယ်ဘက်မှာသောက်တာ အကောင်းဆုံးပါပဲ။ ဒါမှ အိပ်ရာမဝင်ခင်မှာ ဆီးတွေသွားပြီး ဖြစ်မှာပါ။

 

၃။     ဆီးအိမ်ကို လှုံ့ဆော်တဲ့ဖျော်ရည်တွေ

          ဆီးအိမ်ကို သွားပြီးဆွတဲ့အရာတွေ ပါဝင်တဲ့ ဖျော်ရည်တွေကလည်း ဆီး အလွန်အကျွံ သွားစေပါတယ်။ ဒီဖျော်ရည်တွေထဲမှာ ချဉ်တဲ့ အသီးဖျော်ရည်တွေ၊ ကော်ဖီ၊ လက််ဖက်ရည်၊ ကာဗွန်ပါတဲ့ဖျော်ရည်တွေနဲ့ အရက်တွေ ပါဝင်ပါတယ်။ တစ်နေ့ကို ၈ အောင်စထက် ပိုမသောက်သင့်ပါဘူး။

 

၄။     ထပ်ဆောင်းသိစရာ

          ဒီနည်းလမ်းတွေ အကုန်လုံးလုပ်ကြည့်ပြီးလို့ အဆင်မပြေဘူးဆိုရင်တော့ သေးခံလိုမျိုး အတွင်းခံ ဝတ်အိပ်ကြည့်ပါ။ ဒါက စစချင်းတော့ နည်းနည်းကသိကအောက် ဖြစ်စေပေမယ့်လည်း အိပ်ရေးဝဝအိပ်နိုင်ဖို့ အထောက်အကူ ဖြစ်စေပါလိမ့်မယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)