/
node/6305

ဟိုရှေးရှေးက ဒီလိုအဆန်းကြီးတွေ ကုခဲ့ကြသတဲ့

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ယနေ့ခေတ်မှာ ဘယ်လိုမှ လက်မခံနိုင်တော့ပေမယ့် ရှေးရှေးတုန်းက ဒီလိုတွေ  ကုသခဲ့ကြဖူးပါသတဲ့။

♦        ရှေးခေတ်အီဂျစ်လူမျိုးတွေက သွားကိုက်ဒဏ်ကို  ကြွက်သေကို အမှုန့်ကြိတ်ပြီး အစအနတွေကို သွားထဲမှာ သိပ်ပေးခြင်းဖြင့် ကုသခဲ့ကြပါတယ်။ မယုံမရှိနဲ့ တကယ် အဲဒီတိုင်းလုပ်ခဲ့ကြပါ။ တွေးကြည့်ရုံနဲ့ ကျောစိမ့်ပြီး ပျို့ချင်သလိုလိုတောင် ဖြစ်လာမိတယ်။ ကြွက်သေက ပိုးမွှားတွေဟာ သွားကနေ ရောင်ရမ်းနာတွေက စိမ့်ဝင်သွားပြီး ပြင်းထန်တဲ့ သွေးဆိပ်တက်ရောဂါတွေနဲ့ သေလိုက်ကြမယ့်ဖြစ်ခြင်းနော်။

♦        ဆိတ်ရဲ့ ဥတွေ (ဟိုဥပြောတာနော် .. ဆိတ်က ဥ မဥဘူး) ကို ပန်းသေပန်းညှိုး ရောဂါတွေအတွက် ကုသဖို့ သုံးခဲ့ကြသတဲ့။ ခွဲစိတ်ပြီး ဆိတ်ရဲ့ဥကို ခွဲစိတ်အစားထိုးတာ လုပ်ခဲ့ကြတာပါ။ ဆိတ်ဥ အစားထိုးနဲ့ မွေးလာတဲ့ကလေးတောင် ရှိသေးတယ်၊ ခွဲစိတ်ဆရာဝန် ၄၅ ယောက်ဟာ အဲဒီထူးဆန်းတဲ့ လဲလှယ်ခွဲစိတ်မှုကို ကြိုးစားခဲ့ကြပါတယ်။ အောင်မြင်ခဲ့ကြပါသတဲ့။

♦        ခွေးချေးခြောက်ဖြူဖြူတွေကို လည်ချောင်းနာရောဂါအတွက် သုံးခဲ့ကြဖူးသတဲ့။ ပျားရည်နဲ့ ရောစပ်ကာ သောက်သုံးစေပြီး လည်ချောင်းနာရောဂါကို ကုသခဲ့ကြတာဟာ အလယ်ရာစုမှာ အလွန်ခေတ်စားခဲ့ပါတယ်။

♦        မျက်စိနာတွေကုဖို့ လင်းနို်သွေးတွေ မျက်လုံးအိမ်ထဲကို အစက်ချ ကုခဲ့ကြပါသတဲ့။ လင်းနို့်ရဲ့ ညမြင်နိုင်စွမ်းကြောင့် သူ့သွေးဟာ ထူးခြားမှာပဲလို့ သုံးခဲ့ကြတာပါ။ တိမ်ကျတဲ့အခါ ဖန်ကွဲစပူပူတွေကို မျက်လုံးအိမ်ထဲကို လောင်းချ ကုသတာတောင် လုပ်ခဲ့ကြသတဲ့။

♦        လိပ်ခေါင်းကို မီးပူတိုက်ကုတဲ့ အီဂျစ်တွေပါ။ ဟစ်ပိုကရေးတီးမှတ်တမ်းထဲမှာ လူနာကို ချုပ်ထားပြီး လိပ်ခေါင်းကို မီးပူသံနဲ့ ရှို့ပြီး ကုသခဲ့ရပါသတဲ့။

♦        ၁၆ ရာစု၊ ၁၇ ရာစုတွေမှာ တော်ဝင်မိသားစုတွေ ပုပ်ရဟန်းမင်းတွေ ငွေကြေးချမ်းသာသူတွေဟာ လူသေတွေရဲ့ အရိုး၊ အရွတ်၊ အဆီတွေကို ကြိတ်ချေ ပြုလုပ်ထားတဲ့ဆီတွေနဲ့ အတက်ရောဂါနဲ့ ခေါင်းကိုက်ရောဂါကို ကုသခဲ့ကြပါတယ်။

♦        အနာထဲကို လောက်ထည့်ခြင်းကလည်း  ဟိုးရှေးကတည်းက လုပ်ခဲ့ကြတဲ့ အရာပါတဲ့။ သြစတေးလျနိုင်ငံမှာ ကျွန်းသူကျွန်းသားတွေဟာ ပြည်တည်နာတွေကို လောက်ထည့်ပြီး ကုသခဲ့ကြပါတယ်။ လောက်က ပြည်နဲ့ သွေးပုပ်တွေကို စားသွားပြီး သဘာဝအတိုင်း အနာကျက်စေတယ်လို့ ယူဆခဲ့ပါသတဲ့။

♦        မိချောင်းမစင်ကို သနေ္ဓတားဆေးအနေနဲ့ အသုံးချခဲ့ကြဖူးပါတယ်။ မိချောင်းမစင်ကို ကစော်နဲ့ရောပြီး မိန်းမကိုယ်ထဲကို ထည့်သွင်းပေးကာ သုတ်ကောင်တွေကို သေစေပြီး ကလေးမရအောင် ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။ ကြည့်ရတာတော့ မစင်နဲ့ ကစော်ရဲ့အချဉ်ဓာတ်က သုတ်ကောင်တွေကို သေစေတာ ဖြစ်နိုင်ပါတယ်။

♦        အပြင်းအထန်ဖျား ခေါင်းကိုက်ရောဂါ ခံစားနေရသူတွေ၊ အတက်ရောဂါသမားတွေ၊ စိတ်ရောဂါဝေဒနာရှင်တွေရဲ့ ခေါင်းကို အပေါက်ဖောက်ပြီး အထဲက ဖိအားကို လျှော့ချကုသတာပါ။ လိုဏ်ဂူတွေထဲက ရှေးပန်းချီတွေထဲမှာ ဦးနှောက်အပေါက်ဖောက်နေတဲ့ပုံတွေ ရှိပါတယ်။

♦        မြွေသွေးကို အဆစ်ရောင်ရောဂါအတွက် သုံးတာကတော့ ရှေးဟောင်း တရုတ်ဆေးဆရာတွေပါ။ စိတ်ကျရောဂါ၊ နှလုံးရောဂါနဲ့ အဆစ်ရောင်ရောဂါတွေအတွက် မြွေသွေးကရတဲ့ဆီကို အသုံးချခဲ့ကြပါတယ်။ မြွေသွေးမှာ အိုမီဂါအဆီတွေ ပြည့်ဝစွာ ပါဝင်တာကြောင့် ဒါတွေကုဖို့ သုံးခဲ့ကြတာ ဖြစ်နိုင်ပါတယ်။

♦        ၁၆၆၅ နဲ့ ၁၆၆၆ ခုနှစ်တွေမှာ လူ့မစင်ခြောက်တွေကို ပုလင်းနဲ့ထည့်ထားပြီး ရှူရှိုက်တာက ပလိပ်ရောဂါကို ကာကွယ်နိုင်တယ်လို့ ဆရာဝန်တွေက ယူဆခဲ့ကြပါတယ်။ ဖြစ်နိုင်တာက လေကနေတဆင့် ကူးစက်တယ်လို့ထင်လို့ နှာခေါင်းကို ဒါရှူရင်း အလုပ်ပေးထားလိုက်တာ ဖြစ်ပါလိမ့်မယ်။

♦        ချောင်းဆိုးပျောက်တွေထဲမှာ ဟီးရိုးအင်း မူးယစ်ဆေးဝါးကို ထည့်သွင်းအသုံးချခဲ့ကြဖူးပါတယ်။ ချောင်းဆိုးစေတဲ့ ဦးနှောက်အစိတ်အပိုင်းကို ဖိနှိပ်စေပြီး သက်သာပျောက်ကင်းသွားစေတာပါ။ လူကို မူးယစ်ထုံထိုင်းစေပေမယ့် တကယ်ပျောက်ပါသတဲ့။ ၁၉၂၄ မှာတော့ ဆေးကို တားမြစ်ပိတ်ပင်ခဲ့ပါပြီ။

♦        ပက်ကျိတွေကနေ ထုတ်တဲ့ ဆေးရည်ကို ချောင်းဆိုး၊ ပန်းနာရင်ကြပ်၊ သွေးပါ၊ အဖျားဝေဒနာနဲ့ အာရုံကြော ထက်မြက်ဆေးအဖြစ် သုံးခဲ့ကြပါတယ်။ ပက်ကျိတွေမှာပါတဲ့ ပက်တိုက်ဓာတ်ဟာ ရောင်ရမ်းခြင်းတွေကို လျော့ကျစေပြီး ပိုးဝင်တာတွေကို သက်သာစေတာ ဖြစ်ပါတယ်။ အနာသက်သာဆေးအနေနဲ့ သုံးတဲ့အခါလည်း များစွာထိရောက်ပါသတဲ့။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)