/
node/6336

ဘာလို့တစ်ချိန်လုံး အိပ်ရေးမဝ ဖြစ်နေတတ်တာလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အိပ်စက်ခြင်းဆိုတာ လူတိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ အနားယူမှု ဖြစ်စဉ်တစ်ရပ်ပါ။ ဒီလို အိပ်စက်ခြင်းကို ပြည့်ပြည့်ဝဝ အနားယူမှု အမှန်တကယ် အိပ်စက်မှု Quality Sleep ဖြစ်အောင် ဘယ်လိုကြိုးစားကြမလဲ?

1.       ကြာကြာအိပ်တိုင်း အိပ်ရေးဝသလား?

2.       စောစောအိပ်တိုင်း ကောင်းသလား?

          တကယ်တော့ တကယ် ပုံမှန်အိပ်၊ မအိပ်ဆိုတာ မိမိခန္ဓာကိုယ်ရဲ့နေ့စဉ် အိပ်ရာဝင်ချိန်နဲ့ ဆက်စပ်မှုအများကြီး ရှိနေပါသတဲ့။

          လူတိုင်းမှာ ပုံမှန်အိပ်ရာဝင်ချိန်ဆိုတာ ရှိပါတယ်။ ပုံမှန်ထက် နောက်ကျအိပ်တဲ့အခါ နောက်ကျမှ ထပေမယ့်လည်း ဘယ်လိုမှအိပ်ရေးဝမှာ မဟုတ်ပါဘူး။ ဒီလိုပဲစောအိပ်ပြီး ပုံမှန်ထက် စောစောထတဲ့အခါလည်း ကောင်းမွန်တဲ့ အိပ်ချိန်အပြည့်အဝလို့ မဆိုနိုင်ပါဘူး။

          အိပ်ချိန်ကို သူ့အချိန်နဲ့သူ အိပ်ပြီး ထချိန်မှာ ပုံမှန်ထမှသာလျှင် မှန်ကန်ကောင်းမွန်တဲ့ အိပ်စက်အနားယူချိန်လို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

          မကြာခဏ အိပ်ရေးမဝဖြစ်နေခဲ့ရင် မိမိရဲ့ ပုံမှန်အိပ်ချိန်ကို ပြန်လည်ဆန်းစစ်ပါ။

●        ငါ နောက်ကျအိပ်နေမိသလား?

●        စောထနေမိသလား?

●        ငါ့အိပ်ချိန်တွေကို ကမောက်ကမဖြစ်အောင် လုပ်နေမိသလား?

          ခန္ဓာကိုယ်မှာ ဇီဝနာရီဆိုတာ ရှိပါတယ်။ မိမိရဲ့ ပုံမှန်အိပ်ရာဝင်ချိန်နဲ့ ထချိန်ကို မှတ်သားထားပြီး အဲဒီအစဉ်အတိုင်းသွားဖို့ ကိုယ့်ဦးနှောက်က ကြိုးစားပါတယ်။ ကိုယ့်အိပ်ချိန်ကမမှန်ပဲ ခဏခဏ အိပ်ချင်တဲ့အချိန် ဝင်အိပ်မိနေရင် ကောင်းမွန်ပြည့်ဝတဲ့ အိပ်စက်မှုအဖြစ် သတ်မှတ်ဖို့ ဇီဝနာရီအနေနဲ့ ခဲယဉ်းသွားပါပြီ။ နောက်ဆက်တွဲအနေနဲ့ အိပ်ရေးမဝတာ နွမ်းနယ်တာတွေ ခံစားလာရပါတယ်။

          ဒီတော့ ပုံမှန်အချိန်တစ်ခုခု သတ်သတ်မှတ်မှတ် ထားရှိအိပ်ရာဝင်ခြင်းဖြင့် ပြည့်ဝမှန်ကန်သော အနားယူ၊ အိပ်စက်မှု စစ်စစ်နဲ့ ကျန်းကျန်းမာမာ နေကြရအောင်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)