/
node/6626

ခရုသင်းရောဂါ ပစ်ပယ်စရာ မဟုတ်ပါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ခရုသင်းဆိုတာက အရေပြားမှာရှိတဲ့ အရောင်ခြယ်ပစ္စည်းတွေ ပျက်စီးသွားတဲ့ အခြေအနေတစ်မျိုးပါ။ အရောင်ခြယ်ပစ္စည်းတွေကြောင့် အသားရောင်ဖြစ်စေတာပါ။

          ခရုသင်းရောဂါဖြစ်တဲ့အခါမှာ ခန္ဓာကိုယ်ပေါ်မှာ အဖြူကွက်တွေဖြစ်လာတာပြီး ဒီနေရာမှာရှိတဲ့ အမွေးတွေ ဖြူသွားတာတွေ ဖြစ်တတ်ပါတယ်။ တစ်ခါတလေဆိုရင် ဒီအဖြူကွက်တွေက ပြန့်သွားတတ်ပါသေးတယ်။

          အကြောင်းအရင်း အတိအကျ မသိရပါဘူး။ ဒီရောဂါက မျိုးရိုးလိုက်နိုင်ပါတယ်။ ဒီရောဂါကို ကုသမယ်ဆိုရင် အကြာကြီး ကုရတာမျိုးရှိသလို လုံးဝမပျောက်သွားတာလည်း ရှိပါတယ်။

          ဒါပေမဲ့ ကုသမှုခံယူတယ် ဆိုရင်တော့ ဆရာဝန်ချိန်းတဲ့အတိုင်း သွားပြဖို့နဲ့ ညွန်ကြားတဲ့ဆေးတွေကို ပုံမှန်သောက်ဖို့ အရေးကြီးပါတယ်။

 

>>     ခရုသင်းရှိသူတွေအနေနဲ့ အိမ်မှာဘယ်လို ဂရုစိုက်ကြမလဲ?

•        လိမ်းဆေးတွေကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိမ်းပါ။ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တစ်ဝိုက်တွေကို လိမ်းရင်တော့ သတိထားပြီး လိမ်းပါ။

•        ဆေးတွေကိုလည်း ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သောက်ပါ။ ဆေးနဲ့ပတ်သက်ပြီး ပြဿနာတစ်ခုခုဖြစ်ရင် ဆရာဝန်၊ သူနာပြုကို ဖုန်းဆက်မေးပါ။

•        အလင်းကုထုံးနဲ့ ကုသရမယ်ဆိုရင်တော့ အရေပြားကို အထူးအလင်းနဲ့ ထိတွေ့ရပါမယ်။ ကိုယ့်ရဲ့အရေပြားကို ဂရုစိုက်ဖို့အတွက် ဆရာဝန်ညွှန်ကြားချက်အတိုင်း သေချာလိုက်နာပါ။

•        ဒါ့အပြင် အရေပြားကို နေရောင်နဲ့မထိတွေ့ဖို့ အထူးသဖြင့် အဖြူကွက်တွေကို မထိမိစေဖို့ အရေးကြီးပါတယ်။ နေကာခရင်မ်၊ ဘေးကာပါတဲ့ ဦးထုပ်အဝိုင်းတွေ၊ နေကာမျက်မှန်နဲ့ လက်တွေ ခြေထောက်တွေကို ဖုံးအုပ်တဲ့အဝတ်တွေ ဝတ်ပါ။

 

>>    ဘယ်အချိန်မှာ ဆေးရုံ၊ ဆေးခန်း သွားပြဖို့လိုပြီလဲ?

          ကိုယ့်ရဲ့အရေပြားကို အမြဲစောင့်ကြည့်နေပြီးတော့ အောက်ပါအချက်တွေတွေ့ရင် ဆရာဝန်၊ သူနာပြုကို ဆက်သွယ်ပါ။

•        အရေပြား အပြောင်းအလဲများ ပိုဆိုးလာခြင်း

•        မျှော်လင့်ထားသလို ကောင်းမလာခြင်း

Dr. Mya Myo Myo Swe (www.drmyanmar.com)