ဗီတာမင် C ပါ၀င်တဲ့ဆေးတွေက အန္တရာယ်ရှိသလား
ဗီတာမင် C ဟာ ခန္ဓာကိုယ်အတွက်မရှိမဖြစ် အရေးပါတဲ့ ဒြပ်ပေါင်းတစ်ခုဖြစ်ပါတယ်။ စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုတို့ကို လျော့ကျစေခြင်း၊ စိတ်ကြည်လင်စေခြင်း၊ ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေခြင်း၊ ခန္ဓာကိုယ်မှ သံဓာတ်ကို စုပ်ယူနိုင်စွမ်း ပိုမိုကောင်းမွန်စေခြင်းစတဲ့ ကောင်းကျိုးတွေကို ဖြစ်စေတဲ့ ဗီတာမင်တစ်မျိုးဖြစ်ပါတယ်။
ဒါပေမယ့် ခန္ဓာကိုယ်က မထုတ်လုပ်နိုင်၊ မထိန်းသိမ်းထားနိုင်တဲ့အတွက် မိမိတို့နေ့စဉ်စားတဲ့ အစားအသောက်တွေထဲမှာ ဗီတာမင် C ပါ၀င်ဖို့ လိုအပ်ပါတယ်။ ဥပမာ- လိမေ္မာ်သီး၊ မာလကာသီး၊ ငရုပ်ပွအနီ(အချိုတောင့်)၊ ကီ၀ီသီး၊ သံပယိုသီး၊ လိုက်ချီး၊ စတော်ဘယ်ရီ၊…
ဗီတာမင် C ကို အခုလို အစားအသောက်တွေကနေရနိုင်သလို ဗီတာမင် C ပါ၀င်တဲ့ ဖြည့်စွက်အားဆေးတွေကိုလည်း သောက်သုံးနိုင်ပါတယ်။
ဆေးလိပ်သောက်တတ်သူတွေ၊ အရက်သမားတွေ၊ ဆီးချိုရောဂါရှိသူတွေ၊ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်၊ အသက်အရွယ်ကြီးသူတွေ၊ အားကစားသမားတွေနဲ့ နာတာရှည်ရောဂါရှိသူတွေ၊ ပတ်ဝန်းကျင်က အပူတွေ၊ အအေးတွေ၊ ဓာတ်ရောင်ခြည်တွေကိုထိတွေ့နေရတဲ့ ဖိစီးမှုများနေတဲ့လူတွေကတော့ သာမာန်လူတွေထက် ဗီတာမင် C ပမာဏ ပိုလိုအပ်ပါတယ်။
>> ဗီတာမင် C ပါ၀င်တဲ့ဆေးတွေက အန္တရာယ်ရှိသလား
ပုံမှန်အားဖြင့် အရွယ်ရောက်ပြီးသား လူတစ်ယောက်ရဲ့ တစ်နေ့တာ ဗီတာမင် C လိုအပ်ချက်က 65 မှ 90 mg ရှိပြီး အမြင့်ဆုံး 2000 mg အထိ သောက်သုံးနိုင်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ ဗီတာမင် C ကို ခန္ဓာကိုယ်မှာ သိမ်းမထားနိုင်သလို ရေမှာပျော်၀င်တဲ့ ဗီတာမင်ဖြစ်တဲ့အတွက် ပိုလျှံသမျှကို ဆီးထဲက စွန့်ထုတ်ပစ်လိုက်ပါတယ်။ ဒါကြောင့် ဆီးကျောက်တည်ခြင်းနဲ့ ဆက်စပ်နေတယ်လို့ တချို့က ဆိုပေမယ့် ဒါဟာ အလွန်အကျွံသောက်သုံးခြင်း ( တနေ့ကို 2000 mg အထက်) နှင့် မူလကျောက်ကပ်ရောဂါ အခံရှိသူများအတွက်သာ ဖြစ်ပါတယ်။
တစ်နေ့ကို ဗီတာမင် C 2000 mg အထက်သောက်သုံးသူတွေမှသာ ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်ပူခြင်း နှင့် ၀မ်းလျောခြင်းများကို တွေ့ရတတ်ပါတယ်။ သို့သော်လည်း တစ်နေ့ကို ဗီတာမင် C 1000 mg အောက်ကိုတော့ အန္တရာယ်ကင်းစွာသောက်သုံးနိုင်ကြောင်း လေ့လာမှုတွေက ဆိုပါတယ်။
>> ဗီတာမင် C ချို့တဲ့ရင် ဘယ်လိုလက္ခဏာတွေပြနိုင်သလဲ
ဗီတာမင် C ချို့တဲ့တဲ့ လက္ခဏာတွေကတော့
- စိတ်မပျော်ရွှင်ခြင်း / စိတ်မကြည်ခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း
- ကိုယ်ခံအားနည်းခြင်း
- သံဓာတ်အားနည်းခြင်း
- သွားဖုံးသွေးယိုခြင်း ၊ နှာခေါင်းသွေးလျှံခြင်း
- အရေပြား ကြမ်းတမ်းခြောက်သွေ့ခြင်း၊ သွေးခြေဥလွယ်ခြင်း
- ဆံပင် ခြောက်သွေ့ပြီးနှစ်ခွကွဲခြင်း
- အနာကျက်နှေးခြင်း
- ကိုယ်အလေးချိန်တက်လွယ်ခြင်း
- အဆစ်များရောင်ရမ်းနာကျင်ခြင်း တို့ ဖြစ်ကြပါတယ်။
Dr. Zero (www.drmyanmar.com)
(Unicode)
ဗီတာမငျ C ခြို့တဲ့တဲ့ လက်ခဏာတှကေတော့
Dr. Zero (www.drmyanmar.com)






























