ခေါင်းကိုက်ခြင်းအတွက် နည်းလမ်းကောင်းများ
ခေါင်းကိုက်တယ်ဆိုတာ ခဏတစ်ဖြုတ်ပဲကိုက်တတ်ပြီး အိပ်ရေးမဝတာ၊ မျက်လုံးညောင်းတာ၊ စိတ်ဖိစီးမှုများတာ၊ ထိပ်ကပ်နာ၊ ခေါင်းထိခိုက်မိတာ စသဖြင့် အကြောင်းရင်းတွေအများကြီးကြောင့် ဖြစ်တတ်တယ်။ တစ်ချို့ခေါင်းကိုက်တာတွေကျတော့ ပိုကြာပြီး တစ်ခြားလက္ခဏာတွေနဲ့ပါ တွဲလာတတ်တယ်။ တစ်ခါတစ်လေ ရှားရှားပါးပါး အောက်ခံအကြောင်းရင်း ဆိုးဆိုးရွားရွား တစ်ခုခုကြောင့် ဖြစ်တတ်တယ်။
ခေါင်းကိုက်ခြင်းအမျိုးမျိုးရဲ့လက္ခဏာရပ်တွေကတော့
>> ဖိစီးမှုကြောင့်ခေါင်းကိုက်ခြင်း
♦ ခေါင်းဘေးဘီဝဲယာနဲ့အနောက်ကနေ ညှစ်ထားသလို၊ တင်းထားသလိုကြီး ဖြစ်နေခြင်း
♦ တင်းတင်းကြီးကိုက်နေခြင်း
♦ လှုပ်ရှားမှုကြောင့်ပိုကိုက်တာမျိုး မရှိတတ်ခြင်း
♦ ပျို့တာအန်တာတွေမရှိခြင်း
♦ ဦးရေပြား၊ မျက်နှာ၊ လည်ပင်း၊ ပုခုံးကြွက်သားတွေဟာ ထိလိုက်ကိုင်လိုက်ရင် နာနေခြင်း
Bio Adult 1

>> ေခါင်းတစ်ခြမ်းကိုက်ခြင်း
♦ ခေါင်းတစ်ခြမ်းမှာပဲဖြစ်ဖြစ် နှစ်ခြမ်းလုံးပဲဖြစ်ဖြစ် တစ်စစ်စစ်ကိုက်နေခြင်း
♦ မြန်မြန်လှုပ်ရှားလိုက်ရင်ပိုပိုကိုက်သွားခြင်း
♦ မူးဝေနေခြင်း၊ မောပန်းနေခြင်း
♦ ပျို့ခြင်းအန်ခြင်း၊ ဗိုက်အောင့်ခြင်း
♦ အစက်တွေ၊ အကွင်းကွင်းတွေ မြင်နေခြင်း
♦ အလင်း၊ ဆူညံသံတွေနဲ့ အနံ့တွေမခံနိုင်ခြင်း
ဒီလိုခေါင်းကိုက်လာရင် ဘာတွေလုပ်သင့်သလဲ?
♦ အေးဆေးငြိမ်သက်တဲ့အခန်းထဲမှာ လှဲနေပါ။
♦ အရည်များများသောက်ပါ။
♦ ဆရာ၀န်နဲ့တိုင်ပင်ပြီး အကိုက်အခဲပျောက်ဆေးတွေသောက်ပါ။
♦ နဖူးပေါ်မှာ မျက်လုံးပေါ်မှာ ရေပတ်ဝတ်လေး တင်ပေးပါ။
ခေါင်းကိုက်တာဟာ
♦ တစ်လတစ်ကြိမ်နဲ့အထက်ကိုက်လာရင်
♦ အလွယ်တကူနဲ့မပျောက်သွားရင်
♦ အရင်ကထက်ပိုကိုက်လာရင်
♦ နေ့စဉ်လုပ်ငန်းဆောင်တာတွေတောင်မလုပ်နိုင်တော့ရင်
♦ ခေါင်းကိုထိခိုက်မိပြီး၊ သတိမူးမေ့ပြီးနောက်မှ ခေါင်းကိုက်လာရင်
♦ ဒီလက္ခဏာတွေနဲ့လာရင်
○ ဖျားနာခြင်း၊ တောက်လျောက်အန်နေခြင်း
○ အမြင်အာရုံပြောင်းလဲခြင်း
○ အားနည်းခြင်း
○ အနီကွက်တွေပေါ်လာခြင်း
○ လည်ပင်းနာခြင်း၊ တောင့်ခြင်း….ဆရာဝန်နဲ့ပြဖို့လိုတယ်။
ကာကွယ်ဖို့စဉ်းစားပါ။
တစ်ချို့ခေါင်းကိုက်ခြင်းတွေဟာ အိပ်ရေးမဝတာတွေ၊ တစ်ချို့ဆေးတွေ၊ အရည်ပြည့်ပြည့်ဝဝမသောက်တာတွေ၊ ကွန်ပြူတာ၊တီဗီတွေကိုအကြာကြီးကြည့်နေတာတွေ စသဖြင့် တစ်ချို့အကြောင်းရင်းတွေကို ရှောင်ရှားလိုက်ရင် ခေါင်းကိုက်တာကို အထိုက်အလျောက်ကာကွယ်ပေးနိုင်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
Bio Adult 2

(Unicode)
♦ ဒီလက်ခဏာတှနေဲ့လာရငျ
Dr. Mya Phoo Ngon (www.drmyanmar.com)






























