/
node/7051

အထာကျကျ လက်ဆေးကြမယ််

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ခေါင်းအစ ခြေအဆုံး ဟိုကိုင်ဒီကိုင် ကိုင်နေတဲ့ လက်တွေမှာ ပိုးမွှားပေါင်းများစွာ ရှင်သန်ပေါက်ဖွားနိုင်ပါတယ်။

          လက်တွေကို ဘယ်အချိန်မှာ စင်စင်ကြယ်ကြယ် ဆေးဖို့လိုမလဲ။

 

>>    ဒါတွေ မလုပ်ခင် လက်ဆေးပါ။

●        အစာ မပြင်ဆင်ခင်

●        အစာ မစားခင်

●        အနာ ဆေးမထည့်ခင်

●        မျက်ကပ်မှန်တွေ မတပ်ခင်၊ မဖြုတ်ခင်

 

>>    ဒါတွေလုပ်ပြီး လက်ဆေးပါ/

●        အသားစိမ်း၊ ငါးစိမ်း ကိုင်အပြီး

●        အိမ်သာ သုံးအပြီး၊ ကလေးဒိုက်ပါ လဲအပြီး

●        တိရစၧာန်တွေနဲ့ ဆော့ကစားအပြီး

●        နှာခေါင်းကိုင်အပြီး

●        ချောင်းဆိုး၊ နှာချေအပြီး

●        အမှိုက်ပစ်ပြီးတဲ့အခါ

●        အခြားသူတွေနဲ့ လက်ဆွဲနှုတ်ဆက်ပြီးတဲ့အခါ

 

>>    လက်ကို သေသေချာချာ ဘယ်လိုဆေးမလဲ?

●        စီးကျနေတဲ့ ရေပန်းအောက်မှာ လက်ကို ထားပါ။

●        ဆပ်ပြာထည့်ပါ။

●        စက္ကန့် ၂၀ ခန့် ပွတ်တိုက်ပါ။

●        လက်ဖမိုး၊ လက်ဖဝါး၊ လက်ချောင်းအကြား၊ လက်သည်းတွေအောက် အပါအ၀င် ပွတ်တိုက် ရေဆေးချပါ။

●        လက်ကို သန့်ရှင်းတဲ့ပဝါနဲ့ ပွတ်သပ်ခြောက်သွေ့ပါစေ။

●        သာမန်ဆပ်ပြာဆိုရင် လုံလောက်ပါပြီ။ ဘက်တီးရီးယား သေစေတယ်လို့ ယူဆတဲ့ ဆပ်ပြာတွေ မလိုပါဘူးနော်။

●        လက်သန့်စင်ဂျယ်လ်တွေ သုံးတဲ့အခါ လက်ဝါးနှစ်ဖက်လုံး ပွတ်တိုက် ခြောက်သွေ့ပါစေ။

●        ကလေးတွေကိုလည်း မကြာခဏ လက်ဆေးခိုင်းပါ။

●        သူတို့လေးတွေဟာ အမြဲဆော့ကစားတာကြောင့် လက်ဆေးဖို့ ပိုမိုလိုအပ်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)