အိပ်ရာထထချင်း ဝေေ၀ဝါးဝါး ထိုင်းမှိုင်းနေတတ်သလား
အိပ်ရာက နိုးလာလာချင်း လန်းဆန်းမနေဘဲ ဝေဝါးနေတဲ့အခြေအနေကို ဆိုလိုပါတယ်။ လူက ပြည့်ပြည့်ဝဝမနိုးဘဲ အူကြောင်ကြောင်ဖြစ်နေပြီး အကြာကြီးနေမှ ပြန်လည်သတိဝင်လာတာ ဖြစ်ပါတယ်။
● နှိုးစက်တွေ၊ အတင်းအကြပ် နှိုးတာတွေ မကြာခဏခံရသူတွေမှာ နိုးပြီးပြီးချင်း ထုံထိုင်းမှိုင်းနေတဲ့ အခြေအနေကို ကြုံရလေ့ရှိပါတယ်။
● ဒီလိုအခြေအနေဟာ ငါးမိနစ်ကနေ ၁၅ မိနစ်အတွင်း ကြုံနိုင်သလို တချို့တွေလည်း ဒီထက်ကြာနိုင်ပါတယ်။
● တစ်ပတ်ကို သုံးလေးခါထက် ပိုဖြစ်နေပြီဆိုရင်တော့ ဆရာဝန် ပြသဆွေးနွေးဖို့လိုပါပြီ။
● အဲဒါဖြစ်တာ ကြာလာတဲ့အခါ လူက စိတ်မရှည်တော့ဘူး၊ ဒေါသထွက်မယ်၊ ပေါက်ကွဲမယ်။
● အိပ်ရေးမဝတာ၊ အိပ်ရေးပျက်တာ ကြာသွားသူတွေမှာလည်း များများဖြစ်တတ်ပါတယ်။
>> ဒီလိုတွေ မလန်းမဆန်း နိုးထတဲ့အခါ လုပ်သင့်တာက -
● အိပ်ချိန်ကို တိုးလိုက်ပါ။
● စောစောအိပ်ပါ။
● အိပ်ခါနီး ဖုန်းမကြည့်ပါနဲ့။
● ညသန်းခေါင် နိုးတဲ့အခါ သတိကပ်ပြီး ပြန်အိပ်စက်ဖို့ ကြိုးစားပါ။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























