/
node/7526

အိုမီဂါ 3 အက်ဆစ်က ဘာကြောင့် မရှိမဖြစ် အရေးကြီးတာလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အိုမီဂါ 3 ဆိုတာ မပြည့်ဝအဆီတစ်မျိုးပါ။ မရှိမဖြစ်ဆိုတာက ခန္ဓာကိုယ်ကနေ မထုတ်လုပ်နိုင်တာကြောင့် အစားအသောက်ကနေပဲ ရနိုင်တာကို ပြောတာပါ။ ခန္ဓာကိုယ်အတွက် ကောင်းတဲ့အဆီတွေဟာ ဟော်မုန်းတွေ တည်ဆောက်ဖို့၊ စွမ်းအင်ထုတ်လုပ်ဖို့၊ ကိုလက်စထရော တည်ဆောက်ဖို့၊ ခုခံအားစနစ် တည်ဆောက်ဖို့၊ ရောင်ရမ်းမှုတွေ၊ စိတ်ခံစားချက်တွေကို ထိန်းညှိဖို့ အရေးပါတယ်။ ဒီလိုအဆီမျိုးဟာ ကျန်းမာရေးအတွက် လိုအပ်တယ်နော်။

          ဒါ့အပြင် လေ့လာမှုတွေအရဆိုရင် အိုမီဂါ 3 အဆီဓာတ်ဟာ ပန်းနာရင်ကြပ်၊ နှလုံးရောဂါ စတဲ့ရောဂါတွေ၊ ခုခံအားစနစ် ကမောက်ကမရောဂါတွေ၊ ဆုတ်ယုတ်စေတဲ့ရောဂါတွေကို တားဆီးပေးနိုင်တဲ့အပြင် ဦးနှောက်ဖွံ့ဖြိုးမှုတွေ၊ စိတ်ခံစားချက်တွေကိုလည်း ထိန်းချုပ်ပေးထားသေးတယ်။ ကောင်းတဲ့အဆီတွေဟာ အရေပြား၊ မျက်လုံး၊ အဆစ်အမြစ်၊ ကြွက်သားတွေနဲ့ တခြားတစ်သျှူးတွေကို အစိုဓာတ် ထိန်းပေးထားတယ်။ ဒါ့အပြင် အမျိုးသမီး ဓမ္မတာကျန်းမာရေးအတွက်လည်း ကောင်းတယ်။

 

>>    ငါးကြီးဆီ ဖြည့်စွက်စာစားနေသူတွေမှာ ငါး ထည့်စားပေးဖို့ လိုလား?

          ငါးကြီးဆီ သောက်နေသူတွေမှာလည်း တစ်ပတ်ကို ငါး ၂ ကြိမ်၊ ၃ ကြိမ်လောက် စားပေးဖို့ လိုတယ်။ ငါးမှာ ပရိုတင်း အသားဓာတ်တွေ၊ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ ပါတာကြောင့်ပါနော်။

          ကိုယ်ဝန်ဆောင်ချိန်မှာတော့ ငါးစားတာနဲ့ ပတ်သက်ပြီး ကန့်သတ်ချက်လေး နည်းနည်းရှိတယ်။ ဒါကြောင့် ငါးကြီးဆီသန့်သန့်လေး သောက်ပေးဖို့ လိုတယ်။

Maxx Omega 3 1

>>    အိုမီဂါ 3 ပါဝင်တဲ့ အဓိက အစားအသောက်တွေကတော့ -

●        အဆီများတဲ့ငါးတွေ (ဆာဒင်း၊ ဆယ်လ်မွန်၊ ထရောက်ငါး၊ တူနာ၊ မက်ကရယ်)

●        အစေ့အဆံတွေ (နှမ်းကြတ်စေ့၊ သစ်ချစေ့)

●        အသီးအရွက် (ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်၊ ပန်းပွင့်)

 

>>    အိုမီဂါ 3 ဘာလို့ နည်းလာရတာလဲ?

          နောက်ပိုင်း အိုမီဂါ 3 ဓာတ် နည်းလာတာဟာ ခေတ်ပေါ်အစားအသောက်တွေကြောင့်ရယ်၊ ငါး မကြိုက်ကြတာတွေကြောင့်ရယ်ပါ။

          အခုခေတ်မှာရောင်းတဲ့ ဟင်းသိိးဟင်းရွက်ဆီတွေမှာလည် မပြည့်ဝဆီတွေ အများကြီးနဲ့ အိုမီဂါ 6 အက်ဆစ် အများကြီးပါပြီး အိုမီဂါ 3 အက်ဆစ်တွေ နည်းနေတယ်။ ဒီလို အိုမီဂါ 6 အလွန်အမင်း များနေခြင်းကြောင့် ကမောက်ကမတွေ ဖြစ်လာပြီး ခုခံအားစနစ်နဲ့ အမျိုးသမီး ကျန်းမာရေးတွေအတွက် အရေးပါတဲ့ ပရိုစတာဂလန်ဒင်ဓာတ် ထုတ်လုပ်တာကိုပါ ကမောက်ကမ ဖြစ်စေနိုင်တယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)

Maxx Omega 3 2

(Unicode)





Dr. Mya Phoo Ngon (www.drmyanmar.com)