/
node/7845

ECG ရိုက်တယ်ဆိုတာ ဘာလဲ ... ဘယ်ချိန်မှာ ECG ရိုက်ဖို့ လိုအပ်လဲ ... နှလုံးရောဂါမဖြစ်အောင် ဘယ်လို ကာကွယ်သင့်လဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ECG (Electrocardiogram) ဆိုတာ သင် ငြိမ်သက်စွာ အနားယူနေစဉ် သင့်နှလုံးရဲ့ လျှပ်စစ်နိုးကြားမှုကို တိုင်းတာခြင်း ဖြစ်ပါတယ်။

          နှလုံးခုန်သည့် အရေအတွက်၊ နှလုံးခုန်နှုန်း ပုံမှန် ရှိ/မရှိ၊ သွေးတိုးခြင်းကြောင့် နှလုံးကြီးခြင်း၊ နှလုံးကြွက်သားပုပ်ခြင်း စသော နှလုံးဆိုင်ရာပြဿနာများကို ECG ရိုက်ခြင်းဖြင့် အဖြေရှာနိုင်ပါတယ်။

          ရင်တုန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ သွေးတိုးရောဂါရှှိသူများနှင့် အဝလွန်နေသူများအနေဖြင့် မဖြစ်မနေ ECG ဖြင့် စမ်းသပ်ဖို့ လိုအပ်ပါတယ်။

 

>>    ဘယ်လိုအနေအထားတွင် ECG ရိုက်သင့်လဲ?

●        နှလုံးရောဂါမျိုးရိုးရှိသူများ

●        သွေးတိုးရောဂါရှိသူများ

●        ဆီးချိုရောဂါရှိသူများ

●        ရင်တုန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူကြပ်ခြင်း စသည့်လက္ခဏာရှိသူများ   

 

>>    နှလုံးရောဂါ မဖြစ်ပေါ်အောင် ဘယ်လိုကာကွယ်သင့်သလဲ?

          နှလုံးရောဂါ ဖြစ်ပေါ်နိုင်သော အလားအလာများ ရှိ/မရှိ ဆန်းစစ်ပါ။ ဒါတွေကတော့ အသက်အရွယ်၊ လူမျိုး၊ ကိုလက်စထရောများခြင်း၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ဆေးလိပ်သောက်ခြင်း၊ အဝလွန်ခြင်း စသည့်အချက်များရှိပါက စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်သင့်ပါတယ်။

          အောက်ပါအချက်များကို လိုက်နာခြင်းဖြင့် နှလုံးရောဂါ ဖြစ်နိုင်ချေ နည်းပါးနိုင်ပါတယ်။

●        ဆေးလိပ်ဖြတ််ပါ။

●        ကိုယ်လက်လှုပ်ရှားမှု ရှိပါစေ။

●        သွေးတိုးရောဂါကို ပုံမှန်ကုသပါ။

●        အဆီအဆိမ့်များကို ရှောင်ပြီး အသီးအရွက် များများစားပါ။

●        အဝလွန်နေသူများ ကိုယ်အလေးချိန် လျှော့ချပါ။

●        ဆီးချိုရောဂါကို ပုံမှန်ကုသပါ။

●        အရက် လျှော့သောက်ပါ။

●        စိတ်ဖိစီးမှု လျှော့ချပါ။

●        ကိုလက်စထရော မတက်အောင် ထိန်းသိမ်းပါ။

●        ပုံမှန် ကျန်းမာရေးစစ်ဆေးမှု medical check-up ပြုလုပ်ပါ။

          တကယ်လို့ သင့် သွေးပေါင်ချိန်၊ ကိုလက်စထရော၊နှင့် သွေးတွင်းအချိုဓာတ်ဟာ မြင့်မားနေပါက ဆရာဝန်နှင့် မဖြစ်မနေ ပြသတိုင်ပင်သင့်ပါတယ်။ ဆေး ပုံမှန်သောက်ခြင်းအပြင် အထက်ပါအချက်များကို လိုက်နာခြင်းဖြင့် နှလုံးရောဂါ မဖြစ်ပေါ်အောင် အချိန်မီ ထိန်းသိမ်းဖို့ သတိပေး တင်ပြလိုက်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)