/
node/7846

ဘာကြောင့် ဆီးချိုရောဂါ အဖြစ်များလာတာလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ဟိုလူမေးလည်း ဆီးချို၊ ဒီလူမေးလည်း ဆီးချိုနဲ့ မြန်မာနိုင်ငံသား တော်တော်များများဟာ ဆီးချိုဖြစ်နေတာကို သတိထားမိပါလိမ့်မယ်။ ဆီးချိုဟာ ဖြစ်ပြီဆို လုံး၀ပျောက်ကင်းအောင် ကုသနိုင်တဲ့ ရောဂါမဟုတ်၊ ရာသက်ပန်ရောဂါ ဖြစ်ရုံသာမက ကျန်းမာရေးပြဿနာ၊ လူမှုရေးပြဿနာတွေ ဖြစ်စေတဲ့အပြင် လူသားတွေကို အသက်ဆုံးရှုံးစေတဲ့ အဓိကရောဂါတွေထဲမှာ တစ်ခုအပါအ၀င် ဖြစ်ပါတယ်။

>>    ဘယ်လိုအချက်တွေက ဆီးချိုဖြစ်ဖို့ တွန်းပို့နေသလဲ?

• မျိုးရိုးဗီဇက ကဏ္႑တစ်ခုအနေနဲ့ ပါ၀င်နေပါတယ်။

          အဖေ (သို့) အမေ ဆီးချိုရောဂါ ဖြစ်နေပါက သင့်မှာလည်း ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ၂ ဆကနေ ၆ ဆအထိ ရှိပါတယ်။ ဘယ် Gene ကြောင့် ဖြစ်တယ်ဆိုတာကိုတော့ လေ့လာနေကြဆဲ ဖြစ်ပါတယ်။

• နေထိုင်မှုပုံစံကလည်း အရေးကြီးပါတယ်။

          မိဘမျိုးရိုးရှိသူတွေက ဆီးချိုရောဂါ ပိုဖြစ်နိုင်တယ်ဆိုပေမယ့် အဓိက,က နေထိုင်စားသောက်မှုပုံစံ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှုနဲ့သာ နေပါ။ ဆီးချိုဖြစ်ဖို့ အလားအလာ နည်းသွားပါလိမ့်မယ်။ အချို့သော နေထိုင်စားသောက်မှုပုံစံက ခန္ဓာကိုယ်ကနေ အင်ဆူလင်ဟော်မုန်း အသုံးပြုတဲ့အပေါ်မှာ အများကြီး သက်ရောက်မှု ရှိပါတယ်။

          ၀တဲ့သူတွေမှာ ဆီးချို ပိုဖြစ်တယ်။ အထူးသဖြင့် ဗိုက်ပူတဲ့သူတွေမှာ ဆီးချိုနဲ့ နှလုံးရောဂါတွေ ပိုဖြစ်တယ်လို့ ဆိုပါတယ်။ အဆီပိုတွေက အင်ဆူလင် အလုပ်လုပ်တာကို တားဆီးတာကြောင့် သကြားဓာတ်တွေကို စွမ်းအင်အဖြစ် သုံးရမယ့်အစား သွေးထဲမှာ ပိုများလာပါတယ်။ ကိုယ်အလေးချိန်ရဲ့ ၇% ခန့် ၀ိတ်ချခြင်းက ဆီးချိုဖြစ်နှုန်းကို ကျစေတယ်လို့ ဆိုပါတယ်။

          အသက်ကြီးလာတာနဲ့အမျှ အင်ဆူလင် ထုတ်လုပ်ပေးတဲ့ မုန့်ချိုအိတ်လည်း အတူတူ အိုမင်းလာတာကြောင့် ငယ်ငယ်တုန်းကလို အင်ဆူလင်ကောင်းကောင်း မထုတ်ပေးနိုင်တော့ပါဘူး။ ပိန်တဲ့လူဆိုရင်တောင် အသက်ရလာချိန်မှာ ဆီးချိုဖြစ်နိုင်ခြေ ရှိပါတယ်။ အသက်ကြီးလာလေလေ ဆီးချို ဖြစ်နိုင်ခြေ များလေလေပါပဲ။

          အလုပ်စားပွဲတွင် ထိုင်၍ အချိန်ကြာကြာ အလုပ်လုပ်ခြင်း၊ အချိန်ကြာကြာထိုင်၍ တီဗီကြည့်၊ ဂိမ်းဆော့ခြင်း စတဲ့ ကိုယ်လက်လှုပ်ရှားမှု နည်းတဲ့သူတွေမှာ ဆီးချိုဖြစ်နိုင်ခြေ များပါတယ်။ အမေရိကန် အားကစားသိပ္ပံမှာ တစ်ပတ်မှာ 150 မိနစ်လောက် လေ့ကျင့်ခန်းလုပ်ဖို့ အကြံပြုထားပါတယ်။ အခုမှ စလုပ်မယ်ဆိုရင် နေ့စဉ် 10 min ခန့်ကနေ စပြီး လုပ်ပေးပါ။

          ဘာကြောင့်မှန်း မသိပေမယ့် အချို့သောလူမျိုးတွေမှာ ဆီးချိုပိုဖြစ်တာကို တွေ့ရပါတယ်။ Center of Disease Control (CDC) မှ ထုတ်ပြန်ချက်အရ အာရှအမေရိကန် သွေးနှောတွေ၊ စပိန်နှင့် ပေါ်တူဂီလူမျိုးတွေမှာ အဖြစ်များတယ်လို့ ဆိုပါတယ်။ တချို့လေ့လာမှုတွေကလည်း အိန္ဒိယလူမျိုးနဲ့ တရုတ်လူမျိုးတွေမှာ အဖြစ်များတယ်လို့ ဖော်ပြကြပါတယ်။

          ဖြစ်မှကုသမယ့်အစား အစကတည်းက မဖြစ်အောင် ကြိုတင်ကာကွယ်ပါ။ တစ်နှစ်တစ်ခါ ဆီးချို ရှိ၊ မရှိ စစ်ဆေးစေချင်ပါတယ်။

Dr. Htet Htet Aung (www.drmyanmar.com)

(Unicode)



• မြိုးရိုးဗီဇက ကဏ်ဍတဈခုအနနေဲ့ ပါ၀ငျနပေါတယျ။









Dr. Htet Htet Aung (www.drmyanmar.com)