/
node/9448

ဆောင်းရာသီမှာ နွေးထွေးစေမယ့် အစားအသောက်များ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

    အပူချိန်ကျဆင်းပြီး အအေးဓာတ် ဝင်လာတဲ့အချိန်မှာ နွေးထွေးစေဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားရမှာပါပဲ။ ဒါပေမဲ့ အစားအသောက်တစ်ချို့က အပြင်မှာ ဘယ်လောက်အေးအေး ကိုယ်ခန္ဓာလေး နွေးနေစေဖို့ တာဝန်ယူနိုင်ပါတယ်။ ကဲ ... ဘယ်လိုအစားအသောက်လေးတွေလဲဆိုတာ ကြည့်ကြည့်ကြရအောင်ပါ။

●    ပျားရည်
    ပျားရည်ဆိုတာ အအေးမိ တုပ်ကွေးကို ခုခံတားဆီးနိုင်တဲ့ ဆေးဖက်ဝင် အစားအစာတစ်မျိုးပေါ့။

●    ချင်း
    ချင်းဖျော်ရည်ဆိုတာ ဆောင်းရာသီရောဂါအမျိုးမျိုးကို ကာကွယ်နိုင်တဲ့ ဆေးစွမ်းကောင်းတစ်လက်ပါ။

●    ထောပတ်
    ထောပတ်ဆိုတာနဲ့ ကယ်လိုရီ အတုံးအခဲကြီးလို့ ပြေးမမြင်ကြပါနဲ့။ နည်းနည်းလေးပဲ စားပေးရင် မကောင်းတဲ့အဆီတွေကို နည်းစေပြီး ကိုယ်ခန္ဓာကိုလည်း နွေးထွေးစေနိုင်ပါတယ်။

●    သစ်သီးခြောက်
    ဆောင်းရာသီအတွက် အကောင်းဆုံး အစားအစာတစ်မျိုးကတော့ သစ်သီးခြောက်ပါ။ စွန်ပလွန်ခြောက်၊ စပျစ်ခြောက်တို့ဟာ သဘာဝအနွေးဓာတ်ကို ပေးနိုင်ပါတယ်။

●    အရောင်မချွတ်နှံပြောင်း
    မပြုမပြင် အရောင်မချွတ်ထားတဲ့ နှံပြောင်းတွေဟာ ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့အပြင် ဆောင်းရာသီမှာလည်း နွေးထွေးစေနိုင်ပါတယ်။

●    ထန်းလျက်
    ထန်းလျက်ဟာ အစာခြေစနစ်ကို အာ‌းပေးရုံတင်မက အနွေးဓာတ်ကိုလည်း ပေးစွမ်းနိုင်ပါတယ်။

●    သစ်ကြံပိုး
    သစ်ကြံပိုးဟာ ကိုယ်ခန္ဓာရဲ့ ဇီဝကမ္မဖြစ်စဉ်ကို အားပေးလို့ ချမ်းအေးတဲ့ဆောင်းညတွေမှာ အပူဓာတ်ကို ပေးစွမ်းနိုင်ပါတယ်။

●    ကုကုမံခြောက်
    ကုကုမံခြောက်ကို နို့နဲ့ပြုတ်ပြီး စပျစ်ခြောက်လေးပါ ပစ်ထည့်စားလိုက်ရင် ရင်ထဲနွေးထွေးသွားမှာပါ။

●    နှမ်း
    နှမ်းဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအတော်များများကို သက်သာစေနိုင်ပါတယ်။

●    စွပ်ပြုတ်နွေးနွေး
    ဆောင်းဥတု အေးချမ်းချမ်းလေးမှာ စွပ်ပြုတ်နွေးနွေးလေး သောက်လိုက်ရရင် ချက်ချင်း နွေးထွေးသွားမှာပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)