/
node/9689

Johnson & Johnson Company ကြီးက စက်တင်ဘာလတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို စတင်စမ်းသပ်ဖို့ ကြိုးစား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကမ္ဘာတွင် အောင်မြင်ကျော်ကြားလျက်ရှိသော ဆေးဝါးထုတ်လုပ်တဲ့ Company ကြီးတစ်ခုဖြစ်တဲ့ Johnson & Johnson ဟာ Covid-19 အတွက် ကာကွယ်ဆေး ပထမအသုတ်ကို ၂၀၂၁ အစောပိုင်းကာလမှာ အရေးပေါ်အခြေအနေများအတွက် အသုံးပြုနိုင်ဖို့ စတင်ထုတ်လုပ်တော့မှာဖြစ်ပြီး လာမယ့် စက်တင်ဘာလမှာ လူသားတွေနဲ့ စတင်စမ်းသပ်တော့မှာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့တနင်္လၤၤာနေ့က ကြေညာလိုက်ပါတယ်။
JNJ ဟာဆိုရင် ဇန်နဝါရီလမှာကတည်းက ကာကွယ်ဆေးထုတ်ဖော်ဖို့ ကြိုးစားနေခဲ့တာဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးနဲ့ လူသားအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Biomedical Advance Research and Development Authority (BARDA) နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။
JNJ နဲ့ BARDA တို့အနေနဲ့ ကာကွယ်ဆေး ထုတ်ဖော်ဖို့ သုတေသနပြုလုပ်ခြင်း၊ ထုတ်ဖော်ခြင်း၊ စမ်းသပ်ခြင်းတို့အတွက် ဒေါ်လာတစ်သန်းခန့် အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။
ကမ္ဘာကြီးဟာ အရေးပေါ်ကျန်းမာရေးအခြေအနေဆိုးကြီးနဲ့ ကြုံတွေ့နေရပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီ Covid-19 အတွက် ကာကွယ်ဆေးကို တစ်ကမ္ဘာလုံးနဲ့ချီပြီး သင့်တော်တဲ့ဈေးနှုန်းနဲ့ အမြန်ဆုံးရရှိနိုင်ဖို့ ကြိုးစားမယ်လို့ ကတိပေးပါတယ် လို့ JNJ ရဲ့ CEO ဖြစ်တဲ့ Alex Gorskyက ပြောပါတယ်။
ကျန်းမာရေးအဖွဲ့အစည်းများရဲ့ ခွင့်ပြုချက်ရရှိပါက တစ်ကမ္ဘာလုံး အတိုင်းအတာအတွက် ထုတ်ဝေနိုင်ဖို့အတွက် အမြန်ဆုံးကြိုးစားသွားမှာ ဖြစ်ကြောင်းလည်း သိရှိရပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)