/
node/9708

ဖုန်းတွေကို ဘယ်လိုသန့်ရှင်းရေးလုပ်ကြမလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

သင့်ကိုသင် corona virus ကူးစက်ခြင်းကနေ ကာကွယ်ဖို့ အရေးကြီးဆုံး လုပ်သင့်တာက လက်ဆေးတာပါပဲ။ ဒီလိုပဲ နောက်အရေးကြီးတာတစ်ခုက သင့်ရဲ့ဖုန်းကို သန့်ရှင်းရေးလုပ်ဖို့ပါ။ ကူးစက်ရောဂါအထူးကုဆရာဝန် Dr.Edward ကတော့ အနည်းဆုံး တစ်နေ့ကိုတစ်ခေါက် သန့်ရှင်းရေးလုပ်သင့်တယ်လို့ ပြောပါတယ်။
သင့်ရဲ့ဖုန်းက သင့်အတွက် တတိယလက်လိုပါပဲ။ ဘာလို့လဲဆို ဖုန်းကို တစ်ချိန်လုံး ထိကိုင်နေလို့ပါ။ အစားစားနေရင်း၊ ကားစီးနေရင်း နောက်ဆုံးအိမ်သာထဲမှာတောင် ဖုန်းသုံးကြတယ်မလား။ 2007 ခုနှစ်က လုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ ဖုန်းတစ်လုံးမှာ ပိုးမွှားပေါင်း 17000 ကပ်ပါနေနိုင်ပြီး ပိုးမွှားဖြန့်ဖြူးပေးတဲ့အရာတစ်ခုပါ ဖြစ်နေတယ်လို့ ဆိုပါတယ်။

>>  ဖုန်းတွေကို ဘယ်လိုသန့်ရှင်းရေးလုပ်ကြမလဲ?
Lysol တွေ၊ ပိုးသတ်ဆေးတွေနဲ့ သုတ်တာဟာ ဖုန်းရဲ့အပြင်ပိုင်း cover တွေကို ခွာချလိုက်သလို ဖြစ်တာကြောင့် မသုံးသင့်ဘူးလို့ ဆိုပါတယ်။ ဒီ chemical တွေဟာ လျှပ်စစ်ပစ္စည်းတွေအတွက် ထုတ်ထားတာ မဟုတ်လို့ပါ။
မကြာသေးခင်ကအထိ Apple က ဒီလိုနည်းတွေနဲ့ သန့်ရှင်းရေးမလုပ်ခိုင်းပေမယ့် ဒီလအစပိုင်းမှာပဲ 70% alcohol ပါတဲ့ ပိုးသတ်ဆေးနဲ့ သန့်ရှင်းမယ်ဆိုရင် ဖြည်းဖြည်းသုတ်ပါ။ အားသွင်းတဲ့အပေါက်တွေကို မဝင်အောင် ဂရုစိုက်ပါလို့ အသစ်ထုတ်ပြန်ထားပါတယ်။
နောက်တစ်ခုက ဖုန်းတွေ၊ လျှပ်စစ်ပစ္စည်းတွေအတွက် သက်သက်ထုတ်ထားတဲ့ သန့်ရှင်းရေးအဝတ်တွေဆိုရင်တော့ သုံးလို့ရပါတယ်။
နောက်တစ်နည်းကတော့ အဝတ်ပါ။ သေးငယ်တဲ့အမျှင်လေးတွေနဲ့ ပြုလုပ်ထားတဲ့အဝတ် (ဥပမာ - မျက်မှန်သုတ်တဲ့အဝတ်) တွေဟာ ပိုးမွှားတွေကို စုပ်ယူနိုင်စွမ်းရှိပြီး ပြန်လျှော်လို့လည်း ရပါတယ်။
အဲ့လိုအဝတ်ကို ရေစွတ်ပြီး သုံးတာက ပိုးမွှား တော်တော်များများကို သန့်စင်ပေးပြီး ပိုးသတ်ထားတဲ့အဝတ်တွေကို သုံးသလိုမျိုး ဖုန်းကို ထိခိုက်မှာလည်း ကြောက်စရာမလိုပါဘူး။
နောက်ဆုံးနည်းကတော့ ကိုယ့်ဘာကိုလည်း လုပ်လို့ရပါတယ်။ 70% alcohol ကို ရေနဲ့ ဆတူရောပါ။ ပြီးရင် အဝတ်ကိုစိမ်၊ အရမ်းလည်း မစိုစေနဲ့၊ စိုစွတ်စွတ်အခြေအနေမှာပဲ ဖုန်းကို သုတ်လို့ရပါတယ်။

Dr. Htar (www.drmyanmar.com)