/
question/ကိုယ်၀န်ဆောင်အပြီး-ဗိုက်ပူလာတာကို-မည်သို-့-ကာကွယ်နိုင်-ပါ-သလဲ။

ကိုယ်၀န်ဆောင်အပြီး ဗိုက်ပူလာတာကို မည်သို ့ ကာကွယ်နိုင် ပါ သလဲ။

user

သင့်တော်သောစားသောက်နေထိုင်နည်းများနှင့်တကွဖော်ပြပေးပါ။

Answer

doctor's picture
doctor
A.
ကိုယ်၀န်ဆောင်အပြီးမှာ ခါးပတ်လည်မှာ အဆီတွေစုလာတာ ဗိုက်ပူလာတာဟာ အမိျုးသမီးတွေအဖို့ မလိုလားပေမယ့် အဖြစ်များနေတဲ့ ပြဿ နာတစ်ရပ်ဖြစ်ပါတယ်။

ရေခဲသေတ္တာထဲမှာ သိုလှောင်ထားတာတွေထက် လတ်ဆတ်တဲ့ အစားအစာတွေကို စားသုံးပေးဖို့ သုတေသီတွေက အကြံပြုထားပါတယ်။ ဒီသုတေသနမှာတော့ အိန္ဒိယနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ Fertility စင်တာမှ သားဖွားမီးယပ်အထူးကု ဆရာ၀န် Dr. Rita Bakshi က ကလေးမွေးဖွားပြီးတဲ့ အမျိုးသမီးတွေကို ပေးထားတဲ့ နည်းလမ်းတွေ ကို ဖော်ပြပေးလိုပါတယ်။
လတ်ဆတ်သော သစ်သီးများ ကို စားသုံးပေးပါ။ ကလေးနို့ဖြတ်ခါနီးအထိ ရေခဲသေတ္တာထဲမှာ အေးခဲ ထားတဲ့ အစားအစာတွကို ရှောင်ကျဉ်သင့်ပါတယ်။
လတ်လတ်ဆတ်ဆတ် ချက်ပြုတ်စားသုံးပါ။ အစားအစာတွေကို ကြာရှည်အောင် ပြုလုပ်ထားတဲ့ ကျပ်တိုက်စာ၊ အကင်များနဲ့ ဆိုးဆေးတွေပါ၀င်တဲ့ အသား၊ ငါးတွေ၊ စည် သွတ်အစားအစာတွေအစားဈေးက လတ်လတ်ဆတ်ဆတ် ၀ယ်ယူလာတဲ့ သားငါးတွေကို ချက်ပြုတ်စားသောက်သင့်ပါတယ်။
ရာသီစာ ဟင်းသီးဟင်းရွက်တွေဟာမီးဖွားပြီးစ ကိုယ်ခန္ဓာတွေအတွက် သင့်တော်ပါတယ်။ ဒါပေမယ့်တစ်မျိုးတည်းကို နေ့စဉ်စားသောက်တာမျိုးအလွန်အကျွံ စားသုံးတာမျိုးကတော့ မသင့်တော်ပါဘူး။
ကလေးေ၀ယျာ၀စ္စလုပ်ငန်းတွေကနေ အားလပ်တဲ့အချိန်မျိုးမှာ ပင်ပန်းတကြီး မလုပ်ရတဲ့ ယောဂလို၊ အေရိုးဗစ်လို လေ့ကျင့်ခန်းတွေကို ပြုလုပ်ပေးသင့်ပါတယ်။
ယောဂထဲမှာမှ asanas နဲ့ pranayama ကတော့ မီးဖွားပြီးတဲ့ ကိုယ်ခန္ဓာအတွက် အထူးသင့်တော်ပြီး ကိုယ်အလေးချိန် ကျဆင်းစေပါတယ်။ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို ဖြစ်ပေါ်စေပါတယ်။

Credit to ငြိမ်းအေး

Ref : #သစ်ထူးလွင်(ကျန်းမာရေး)
Ref : #health.thithtoolwin.com
Ref: IANS
Health Updates Journal