ကျားဟော်မုန်းများခြင်းက အသက်တိုခြင်းနှင့် ဆက်စပ်နေပါသလား။

မည်သို့ထိန်းညှိုရမည်နည်း။
Answer

အရိုး ကျန်းမာရေး၊ စွမ်းအင်ပမာဏ၊ အာရုံစူးစိုက်ခြင်းနှင့် ကြွက်သားထု ထည်တို့တွင် တစ်စိတ်တစ်ပိုင်း ပါဝင် ဆောင်ရွက်ပါတယ်။
အမျိုးသား အများစုဟာ အသက် ကြီးလာတာနဲ့ အမျှ သဘာဝအရ ထိုဟော်မုန်းပမာဏ လျော့နည်းလာ ခြင်းကို ကြုံတွေ့ရ ပါတယ်။ ဟော်မုန်း ပမာဏကို ထိန်းညှိရန် ဆေးဝါးများ သောက်သုံးကြရပါတယ်။ သုတေသီများက တက်စတို စတီရုန်းပမာဏ အလွန်နည်းခြင်းက မကောင်းသော အရာတစ်ခုဖြစ်သလို အလွန်များခြင်းကလည်း မကောင်း နိုင်ပါဘူးလို့ ဆိုတယ်။
တက်စတို စတီရုန်း ပမာဏ သင့်တင့်မျှတသော အဘိုးအို များဟာ အသက်ရှည်နိုင်ဖွယ်ရာရှိကြောင်း တွေ့ရှိခဲ့ကြ ပါတယ်။ ခန္ဓာကိုယ်မှ ထိုဟော်မုန်းကို ချေဖျက်တဲ့ အခါ Dihydrotesto sterone (DHT) လို့ခေါ်တဲ့ နှလုံး သွေးကြော ရောဂါဖြစ်နိုင်ခြေနှင့် ဆက်စပ်နေတဲ့ ဓာတု ပစ္စည်းထုတ် လုပ်ပါတယ်။ ကျားဟော်မုန်း ပမာဏ သင့်တင့်စွာရှိခြင်းနှင့် DHT ပမာဏ မြင့်မားခြင်းဟာ အမျိုးသား များတွင် အသက်ကြီး လာတာနဲ့အမျှ ကျန်းမာ ရေး ကောင်းစေနိုင်ကြောင်း တွေ့ရှိ ခဲ့ကြပါတယ်။
Ref : #သစ်ထူးလွင်(ကျန်းမာရေး)
Ref : #health.thithtoolwin.com
By Health Digest