/
question/ဆေးမင်ကြောင့်-အရေပြားရောဂါ-ဖြစ်နိုင်ပါသလား။

ဆေးမင်ကြောင့် အရေပြားရောဂါ ဖြစ်နိုင်ပါသလား။

user

သုတေသန ကိုးကား ချက်ဖြင့်ဖော်ပြပေးပါ။

Answer

doctor's picture
doctor
A.
ခန္ဓာကိုယ်ပေါ် tattoo ဆေးမင်ထိုးသူတွေထဲမှာ အရေပြားရောဂါ ဖြစ်သူ များလာတယ်လို့ အမေရိကန် သုတေသန စစ်တမ်းတွေက ဆိုပါတယ်။

အမေရိကန်ရှိ သုတေသီတွေက ဆေးမင်ထိုးတားသူူ ၃၀၀ လောက်ကို တွေ့ဆုံမေးမြန်းခဲ့ရာမှာ အဲဒီထဲက ၁၀ ရာခိုင်နှုန်းလောက်က အရေပြား ယားယံတာ၊ နာကျင်တာနဲ့ အနာဖြစ်တာ စတဲ့လက္ခဏာတွေ ဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သိပ္ပံပညာရှင်တွေ မေးမြန်းထားတဲ့အထဲက ၁၈ ယောက် ကလည်း အဲဒီလို လက္ခဏာတွေကို ၄ လကျော်လောက်ထိ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဆေးမင်ထိုးသူတိုင်း ဒီလို လက္ခဏာတွေ မဖြစ်ကြပါဘူး။ ဒါတွေ ဖြစ်နိုင်တယ်ဆိုတာတော့ သတိထားဖို့ အရေးကြီးပါတယ်။ ဆေးမင်ရည်မှာ ပါတဲ့ ပါ၀င်ပစ္စည်းကြောင့် လူ့ခန္ဓာကိုယ်တွင်းရှိ ကိုယ်ခံအားပေါ်မူတည်ပြီး ဒီလက္ခဏာတွေ ဖြစ်နိုင်တာပါလို့ နယူးယောက် တက္ကသိုလ်က သုတေသန ပါမောက္ခ Marie Leger က ပြောဆိုပါတယ်။

ဆေးမင်ထိုးသူတွေမှာ အခုလို လက္ခဏာတွေ ဘာကြောင့်ဖြစ်တယ်ဆိုတာကိုတော့ သုတေသီတွေက ဆက်လက် လေ့လာသွားဖို့ ရှိပါတယ်။

Ref : #သစ်ထူးလွင်(ကျန်းမာရေး)

Ref : #health.thithtoolwin.com

Ref : BBC Burmese

https://www.facebook.com/bbcburmese