မျက်စိမှုန် ရောဂါသည် မည်သည့်အရွယ်တွင် အဖြစ်များလာ ပါသလဲ။

မည်ကဲ့သို့ကုသကာကွယ်ရမည်နည်း။
Answer

ယခင်က မျက်စိမှုန်ခြင်းသည် လူကြီးပိုင်းတွင်သာ အဖြစ်များလေ့ ရှိပြီး အများစုမှာ အသက် ၄ဝ ကျော်မှသာ မျက်စိမှုန်ရောဂါကို ခံစားရခြင်း ဖြစ်ကာ တချို့မှာသာ မွေးရာပါ မျက်စိမှုန်ခြင်းကို ခံစားရခြင်း ဖြစ်သည်။ မျက်စိမှုန်သော သူများ အနေဖြင့် မျက်မှန် တပ်ခြင်း၊ မျက်ကပ်မှန် တပ်ခြင်းအားဖြင့် အကူယူလေ့ ရှိသလို မျက်စိ အားဆေး သောက်ပြီး မျက်စိမှုန်ခြင်းကို ကာကွယ်ခြင်းမျိုးလည်း ရှိကြသည်။ မျက်စိ အားဆေးသည် အထောက်အပံ့ တစ်ခုသာ ဖြစ်ပြီး အပြည့်အဝ အမြင်အာရုံ ရနိုင်မှု အားနည်းကြောင်း၊ ထို့အပြင် မျက်ကပ်မှန် တပ်ခြင်းသည်လည်း အခန့်မသင့်ပါက မျက်စိကို ပိုမိုထိခိုက်စေနိုင်သည့် အတွက် မျက်ကပ်မှန် သုံးစွဲရာတွင် သေသေချာချာရွေးချယ် သုံးစွဲသင့်သည်။
''လက်ရှိ ဈေးကွက်ထဲမှာ ရှိနေတဲ့ ဈေးပေါတဲ့ မျက်ကပ်မှန်တွေက မျက်စိကို ထိခိုက်စေနိုင်တဲ့ အတွက် သတိ ထားသင့်ပါတယ်။ မျက်ကပ်မှန် ဆိုတာ မျက်လုံးမှာ ကပ်ထားတဲ့ အတွက် အခန့်မသင့်ရင် အနာဖြစ်တာ မျိုးတွေပါ ဖြစ်တတ်တယ်။ ဖြစ်နိုင်မယ် ဆိုရင်တော့ FDA အသိအမှတ် ပြုပြီးသား Brand မျိုးကို ရွေးချယ် တပ်ဆင် သင့်ပါတယ်'' ဟု မျက်စိ ဆရာဝန် တစ်ဦးက ပြောသည်။
မျက်စိမှုန်ခြင်း ဝေဒနာ ခံစားရသူများ အနေဖြင့် စနစ်တကျ ကုသရန် လိုအပ်ပြီး မျက်စိမှုန်ရာမှ တစ်ဆင့် မျက်စိ အတွင်းတိမ် ဖြစ်ပွားနိုင်သည့် အတွက် စနစ်တကျ ကုသသင့်ကြောင်း၊ မျက်စိဝေဒနာ ခံစားရပြီး ခွဲစိတ် ကုသမှု ပြုလုပ်ရပါက အနည်းဆုံး ငွေကျပ် ခြောက်သောင်းမှ တစ်သိန်းကျော်အထိ ကုန်ကျနိုင်ကြောင်း သိသည်။
Ref : #သစ်ထူးလွင်(ကျန်းမာရေး)
Ref : #health.thithtoolwin.com
Ref : မြ၀တီ