ရင်သား ကင်ဆာ ဖြစ်ပွားနိုင်နှုန်းကို လျော့ကျစေနိုင်သောနည်းလမ်းများဖော်ပြပေးပါ။

ဖြစ်ပွားနှုန်းကိုမည်ကဲ့သို့လျော ့ချနိုင်သနည်း။
Answer

ဒါဟာ အသက်အရွယ်နဲ့လည်းဆိုင်ပါတယ်။ သွေးဆုံးခါနီး အမျိုးသမီးတွေ အနေနဲ့ ရင်သားကင်ဆာ အန္တရာယ်ဖြစ်ပွားနိုင်နှုန်းကို လျှော့ချပြီး အခြား အမျိုးသမီးတွေလို ကျန်းမာစွာနေနိုင်ဖို့အတွက် လေ့ကျင့်ခန်းတွေ ပိုလုပ်ပေးသင့်ပါတယ်။ သိပ္ပံပညာရှင်တွေကတော့ ရင်သား ကင်ဆာရောဂါ ကို ထိန်းချုပ်နိုင်ဖို့အတွက် အသက် ၅၀ ကျော်နေပြီဖြစ်တဲ့ အမျိုးသမီးတွေအနေနဲ့ တစ်ပတ်ကို လေ့ကျင့်ခန်း ၅ နာရီ ပြုလုပ်ပေးသင့်တယ်လို့ တိုက်တွန်းထားကြပါတယ်။ ဒါဟာ အစိုးရ က ချမှတ်ပေးထားတဲ့ လမ်းညွှန်ချက်ထက် ၂ ဆ ပိုမိုနေပါတယ်။
ရင်သားကင်ဆာရောဂွဖြစ်ပွားနိုင်မယ့် ဟော်မုန်းတွေကို အဓိက ကြွယ်၀စွာ ထုတ်လုပ်ပေးနေတာကတော့ Fat ဆဲလ်တွေ ပဲဖြစ်ပါတယ်။ ထို ဆဲလ်တွေကတော့ အသက်ကြီးတဲ့ အမျိုးသမီး တွေ သွေးဆုံးပြီးချိန်မှာ ဖြစ်ပေါ်လာတတ်ပါတယ်။ ဒါကြောင့် Fat တွေကို ပျောက်ကင်းသွားစေဖို့အတွက်ကတော့ လေ့ကျင့်ခန်း လုပ်တာပဲဖြစ်ပြီး လေ့ကျင့်ခန်း လုပ်ပေးခြင်းအားဖြင့် ရင်သားကင်ဆာရောဂါ ဖြစ်ပွားနိုင်နှုန်းလည်း လျော့ကျသွားမှာ ဖြစ်ပါတယ်။
ထို လေ့လာမှုအတွက် ကနေဒါနိုင်ငံက သုတေသီ တွေဟာ အသက် ၅၀ ကျော်နေပြီဖြစ်ပြီး လေ့ကျင့်ခန်း ပုံမှန်လုပ်တဲ့ အမျိုးသမီး အယောက် ၄၀၀ ကျော်ကို စမ်းသပ်ကာ စစ်တမ်းကောက်ယူခဲ့ကြပါတယ်။ အမျိုးသမီး အယောက် ၂၀၀ ကိုတော့ အစိုးရ ချမှတ်ပေးထားတဲ့ လမ်းညွှန်ချက်အတိုင်း တစ်နေ့ကို နာရီ၀က်နှုန်းနဲ့ တစ်ပတ်မှာ ၅ ရက် အားကစားလုပ်စေခဲ့ပါတယ်။ ကျန် အယောက် ၂၀၀ ကိုတော့ အားကစားချန်းမမှာ သွားရောက်ပြီး တစ်ပတ်ကို ၅ နာရီ လေ့ကျင့်ခန်း လုပ်စေခဲ့ပါတယ်။
ထိုအခါမှာ ထို အမျိုးသမီး အယောက် ၄၀၀ လုံးဟာ တစ်နှစ်အတွင်း အန္တရာယ်ရှိတဲ့ Fat တွေအပါအ၀င် အခြား ခန္ဒာကိုယ် အစိတ်အပိုင်းတွေမှာ ရှိတဲ့ Fat တွေကိုပါ လျော့ကျသွားစေခဲ့ပါတယ်။ အဲဒီလို Fat တွေ လျော့ကျသွားခြင်းဟာ ရင်သားကင်ဆာ ဖြစ်စေနိုင်တဲ့ ဟော်မုန်း ပမာဏ ကိုလည်း လျော့နည်းသွားစေနိုင်ခဲ့ပါတယ်။
အစိုးရ ချမှတ်ထားတဲ့ လမ်းညွှန်ချက် အတိုင်းလေ့ကျင့်ခန်းလုပ်ဆောင်ခဲ့သူတွေဟာ ရင်သားကင်ဆာရောဂါ ဖြစ်ပွားနိုင်ချေကို ၄.၆ ရာခိုင်နှုန်းအထိ လျှော့ချပေးခဲ့ပြီး လမ်းညွှန်ချက်ထက် ၂ဆ လေ့ကျင့်ခန်းပိုမို လုပ်ခဲ့တဲ့ အမျိုးသမီးတွေကတော့ ရင်သားကင်ဆာရောဂါ ဖြစ်ပွားနိုင်ချေကို ၆.၉ ရာခိုင်နှုန်းအထိ လျော့နည်းသွားစေခဲ့ပါတယ်။
ထို လေ့လာတွေ့ရှိမှုကိုတော့ JAMA Oncology ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပြီး ဒေါက်တာ Jessica Friedenreich က ဦးဆောင်ပြီး သုတေသနပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။
Credit to ( Mario )
Ref : #သစ်ထူးလွင်(ကျန်းမာရေး)
Ref : #health.thithtoolwin.com
Ref : Dailymail