သွေးဆုံးကိုင်ဝေဒနာအတွက် အိမ်တွင်းကုထုံးများပြောပြပေးပါ။

အချက်အလက်နှင့်တကွဖော်ပြပေးစေလိုပါသည်။
Answer

မိခင်သွေးဆုံးခဲ့သော အသက်အရွယ်ကိုကြည့်၍လည်း မိမိသွေးဆုံးနိုင်မည့်အချိန်ကို ကြိုတင်မှန်းဆလို့ရပါတယ်။ အောက်ပါ ရိုးရှင်းလွယ်ကူတဲ့ အိမ်တွင်းကုထုံးလေးများက သွေးဆုံးကိုင်ဝေဒနာကို ဘေးဥပါဒ်ကင်းစွာဖြင့် သက်သာ
ပျောက်ကင်းစေနိုင်ပါလိမ့်မယ်။
(၁) 'မိန်းမတို ့အသက် ကရမက် ' ဟု ဆိုးရိုးစကားရှိ ပါတယ်။ သွေးဆုံးကိုင်ခြင်းအတွက် ကရမက်ကို လိမ်းပေးသင့်သလို၊ သွေး၍ သောက်သုံးပေးပါ။
(၂) မိုးဥတုတွင် ပေါ်တတ်သော ဂုံမင်းပင်ကို ဟင်းခါး ချက်၍သောက်ပါ။
(၃) စွယ်တော်ပင်(ခရမ်းရောင်ပန်းပွင့်) ၏ အရွက်
ညွန့်ကို ဟင်းချိုချက်သောက်ပါ (သို့မဟုတ်) ရွက် ပြုတ်ရည်သောက်ပါ။
(၄) အနက်ရောင်စပျစ်သီးမှည့်ကို အခွံရော အစေ့ပါ ဝါးစားပါ။
(၅) ဆီးဖြူသီး စားပါ။
(၆) ထန်းရည်ချိုစစ်စစ်ကို တဝကြီးသောက်ပေးပါ။
(၇) ကြိတ်မှန်ရွက်စားပါ (သို့မဟုတ်) ကြိတ်မှန်ရွက် ယိုထိုးစားပါ။ (ကြိတ်မှန်ရွက် ၂၅ ကျပ်သားကို
ရေစင်စင်ဆေး နုတ်နုတ်စဉ်းပြီး၊ ထန်းလျက်သန့် သန့် ၁ဝ ကျပ်သား၊ အရည်ညှစ်ပြီး ရှောက်သီး
အဖတ် ၁ဝ ကျပ်သား၊ ပါးပါးလှီးထားသော ကြက်
သွန်နီ ၁ဝ ကျပ်သား၊ စမုံငါးပါးအမှုန် ့ ၂ ပဲသားစီ
တို့ကို မြေအိုးအသစ်ထဲရော၍ ဆားနှင့် ရေသင့်ရုံ ထည့်ပြီး ယိုထိုးသလို ကျိုချက်ပါ။ ယိုဖြစ်ပါက ပုလင်းသန့်သန့်ထဲထည့်၍ အစာနှင့်ဝေးချိန် နံနက်၊ နေ့၊ ည သုံးကြိမ်စီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းမျှ ခပ်၍စားပါ။)
(၈) အဝါရောင် ကန်စွန်းဥကို များများပြုတ်စားပါ။
(၉) သငေ်္ဘာသီးမှည့် နေ့စဉ်စားပေးပါ။
(၁ဝ) တရုတ်စကားပွင့်ကို ကြော်ချက်၍ စားပါ။
(၁၁) ပဲနောက်ကို ကြက်သွန်ဖြူနှင့် ဟင်းချိုချက်သောက်
ပါ။
(၁၂) ဝါစေ့ပင်ပေါက်ကို ဟင်းခါးချက်သောက်ပါ။
(၁၃) ကင်ပွန်းချဉ်ရွက်ကို အမျိုးမျိုးလုပ်၍ ဟင်းချက် စားပေးပါ။
(၁၄) ကြက်သွန်ဖြူစားပါ။
(၁၅) ရဲယိုသီးမှည့်မှည့်ကို ထန်းလျက်ခဲ (သဘာဝ
အမည်းရောင် ထန်းလျက်ခဲ) ဖြင့် ခေါက်၍ စား
ပါ။
(၁၆) အဆီများတဲ့အသား၊ ဖြူဆွတ်ဆွတ်သကြားမှုန့်
များ၊ ဆီကြော်မုန့်များ၊ ကဖိန်းဓာတ်များသော ကော်ဖီနှင့် ကိုလာအချိုရည်များ၊ ငရုတ်သီးအပူ အစပ်များ၊ ပူပူလောင်လောင် ဟင်းရည်များ စသည်တို့ကို လွန်ကဲစွာစားသောက်ခြင်းမှရှောင် ပါ။
(၁၇) အဆီများတဲ့ငါး (သို့မဟုတ်) ငါးကြီးဆီစားပါ။ Spirulina ခေါ် စိမ်းပြာရေညှိ(သို ့မဟုတ်) EPO
(ခေါ်)ရွှေဝါရောင် Evening Primrose ပန်း အဆီ(သို့မဟုတ်) Silica စီလီကာ ဆေးတို့ကို
ဖြည့်စွက်စာအဖြစ် မှီဝဲသောက်သုံးပါ။
(၁၈) Barley Grass (ခေါ်) ဘာလီမြက်နုထဲမှာ ဓာတ် တိုးဆန့်ကျင်ပစ္စည်းတွေက များစွာကောင်းကျိုး
ပြုပါတယ်။ (နိုင်ငံခြားဖြစ် ဘာလီမြက်နု အချို
ရည်တို့ကို City Mart ဆိုင်တွေမှာ ဝယ်ယူရရှိ နိုင်ပါတယ်။)
(၁၉) နေ့စဉ်မှန်မှန်လမ်းလျှောက်ခြင်း (သို့မဟုတ်) ကိုယ်လက်လှုပ်ရှားအားကစားလုပ်ပါ။
(၂ဝ) တစ်ကိုယ်ရေသန့်ရှင်းမှုဂရုစိုက်ပါ။ သို့သော် အချိန်
လွန်၍ ရေချိုးခြင်းမပြုရ။
Credit to-ပေါက်ပေါက်
Ref : #သစ်ထူးလွင်(ကျန်းမာရေး)
Ref : #health.thithtoolwin.com
Ref: The Mirror Daily