/
question/hess-test-သွေးလွန်တုပ်ကွေးစမ်းသပ်နည်း-ကိုဖော်ပြပေးပါ။

Hess test သွေးလွန်တုပ်ကွေးစမ်းသပ်နည်း ကိုဖော်ပြပေးပါ။

user

စမး်သပ်နည်းများကိုရာခိုင်နှုန်းနှင့်တကွ ဖော်ပြပေးစေလိုပါသည်။

Answer

doctor's picture
doctor
A.
Hess test (Rumpel-Leede test) ဆိုတာ သွေးကြောမျှဉ်လေးတွေက စိမ့်ထွက်နိုင်စွမ်းကို တိုင်းတာနည်းဖြစ်တယ်။

သွေးဖိအား အပေါ်ဂဏန်းနဲ့ အောက်ဂဏန်းကြားမှာ သွေးဖိအားတိုင်းကိရိယာကို လက်မောင်းပတ်မှာ ၁ဝ မိနစ်ကြာ ပတ်ထားမယ်။ လက်ဖျံမှာပေးလာတဲ့ သွေးခြည်ဥအရေအတွက်ကို ရေတွက်တယ်။ ၅ စင်တီမီတာအချင်းရှိ စက်ဝိုင်းထဲမှာ ရေတွက်ရတယ်။ ပုံမှန်အားဖြင့် ၁၅ ခုထက်နည်းတယ်။ ၁၅ ကနေအထက်ကို အပေါင်းလို့သတ်မှတ်တယ်။ Hess test မျက်စိစမ်းနည်းလည်း ရှိသေးတယ်။ သွေးလွန်တုပ်ကွေးအတွက်စမ်းတာကို Tourniquet test လို့ ခေါ်တာ များတယ်။

လူနာ ၂၃၄ ယောက်ကို လာအိုနိုင်ငံမှာ စမ်းသပ်ခဲ့တယ်။ ၇၃ ယောက်က သွေးစစ်ထားလို့ သွေးလွန်တုပ်ကွေး သေချာတယ်။ ၆၄ ယောက်က သွေးစစ်တာ မတွေ့ပါ။
• Scrub typhus ရောဂါ (၃၉%)၊
• Murine typhus (၁၁%)၊
• Undetermined typhus (၁၂%)၊
• Japanese encephalitis (၅%)၊
• Undetermined flavivirus (၅%) နဲ့
• Typhoid fever (၃%) ဖြစ်ကြတယ်။
• ၂၅% မှာ ဘယ်လို့ရှာမရဖူး။

• All patients လူနာအားလုံးရ့ဲ = ၂၉့၁% အပေါင်းပြတယ်။
• Dengue-seropositive patients ဒင်ဂေး သွေးအဖြေအပေါင်းပြသူပေါင်း = ၃၄့၁% အပေါင်းပြတယ်။
• Dengue fever ဒင်ဂေးအဖျားရှိသူပေါင်း = ၃၂့၇% အပေါင်းပြတယ်။
• Dengue haemorrhagic fever သွေးလွန်တုပ်ကွေးအဖျား = ၃၆့၄% အပေါင်းပြတယ်။

ကောက်ချက် = Tourniquet test ဟာ သွေးလွန်တုပ်ကွေးစမ်းရာမှာ ထိရောက်မှုနည်းတယ်။ အပေါင်းပြနေရင်သာ သံသယရှိတယ်လို့ ဆိုနိုင်တယ်။ အနုတ်ပြတိုင်းတော့ သွေးလွန်တုပ်ကွေးမရှိလို့ မပြောနိုင်ပါ။

Ref : #သစ်ထူးလွင်(ကျန်းမာရေး)

Ref : #health.thithtoolwin.com

ဒေါက်တာတင့်ဆွေ
၁၉-၇-၂ဝ၁၅
https://www.facebook.com/pages/Dr-Tint-Swe