အာရှတော်၀င်ဆေးရုံ
အာရှတော်၀င်ဆေးရုံကို 2000 ခုနှစ်၊ မတ်လ (18)ရက်နေ့တွင် 10 ထပ် အဆောက်အဦအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး 2007 ခုနှစ်တွင် အထပ် (11)ထပ်ရှိသော အဆောက်အဦသစ်တစ်ခုကိုပါ တိုးချဲ့ဆောက်လုပ်၍ ခုတင် 200 ကျော်ဆံ့ ဆေးရုံအဖြစ် ကျန်းမာရေးဆိုင်ရာ၀န်ဆောင်မှုများ ပြုလုပ်ပေးလျက် ရှိပါသည်။ ပြည်သူ့ကျန်းမာရေးအတွက် အရည်အချင်းပြည့်မီသော ဝါရင့်ဆရာ၀န်ကြီးများနှင့် ဆေးကုသမှု ခံယူရခြင်းကြောင့် မိမိကျန်းမာရေးအတွက် စိတ်ချယုံကြည်ရသလို ခေတ်မီဆန်းသစ်သော ဆေးကုသမှုဆိုင်ရာ စက်ကိရိယာများဖြင့် ကျန်းမာရေး၀န်ဆောင်မှုများပေးနိုင်ခြင်း၊ သက်ဆိုင်ရာဌာနအလိုက် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်၀န်ထမ်းများ၏ လူနာများအပေါ် ဂရုတစိုက်ပြုစုစောင့်ရှောက်မှုပေးနိုင်ခြင်းတို့ကြောင့် နာမည်ဂုဏ်သတင်းမွှေးစွာ ခိုင်ခိုင်မာမာရပ်တည်နေလျက်ရှိသောဆေးရုံဖြစ်ပါသည်။ အမှတ် (14)၊ ဗဟိုလမ်း၊ စမ်းချောင်းမြို့နယ်တွင်တည်ရှိပြီး လူနာများအတွက် ဖြည့်ဆည်းပေးရန် လိုအပ်သည်များကို လည်း ဆောင်ရွက်ပေးနိုင်ရန် အစဉ်အမြဲကြိုးစားလျက်ရှိပြီး လူနာများအနေနှင့် အာရှတော်၀င်ဆေးရုံတွင် လာရောက်ဆေးကုသမှုအပေါ် ကျေနပ်အားရမှုရှိသည်ကို ပဓာနထားကာ၀န်ဆောင်မှုများတွင် လိုအပ်ချက်များရှိလျှင်လည်း ထပ်မံဖြည့်ဆည်းသလို လက်ရှိ၀န်ဆောင်မှုများထက် ပိုမိုသာလွန်အောင် စဉ်ဆက်မပြတ်ကြိုးပမ်းလျက် အကောင်းဆုံးကျန်းမာရေး၀န်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်ချက်ထားရှိသော ဆေးရုံဖြစ်ပါသည်။
အနာဂတ်မျှော်မှန်းချက် (Vision)
နိုင်ငံတကာအဆင့်မီ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သော ပုဂ္ဂလိကဆေးရုံတစ်ရုံဖြစ်လာစေရန်။
ရပ်တည်ချက် (Mission)
ဆေးဝါးဆိုင်ရာအဆင့်မြင့် နည်းပညာများ၊ ခေတ်မီဆန်းသစ်သောဆေးကုသမှုဆိုင်ရာ စက်ကိရိယာများ၊ အဆင့်မြင့်သောခွဲစိတ်မှုလုပ်ထုံးလုပ်နည်းတွေနဲ့အတူ လူနာများအတွက်ထိရောက်သော ကုသမှုပေး၍ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ယုံကြည်စိတ်ချရသော၀န်ဆောင်မှုများကို တစ်နေရာတည်းတွင် ရရှိနိုင်သောဆေးရုံတစ်ရုံအဖြစ် ရပ်တည်လျက်ရှိပါသည်။
ပြင်ပလူနာဌာနတွင် ကုသမှုပေးလျက်ရှိသော အထူးကုဆရာ၀န်ကြီးများ
- နှလုံးအထူးကုဆရာ၀န်ကြီးများ
- နှလုံးခွဲစိတ်အထူးကုဆရာ၀န်ကြီးများ
- အထွေထွေရောဂါအထူးကုဆရာ၀န်ကြီးများ
- ခွဲစိတ်အထူးကုဆရာ၀န်ကြီးများ
- စိတ်ရောဂါအထူးကုနှင့်အထွေထွေအတိုင်ပင်ခံဆရာ၀န်ကြီးများ
- အသည်း၊အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာဆရာ၀န်ကြီးများ
- သားဖွား/မီးယပ်အထူးကုဆရာ၀န်ကြီးများ
- နား၊နှာခေါင်း၊လည်ချောင်းအထူးကုဆရာ၀န်ကြီးများ
- ကလေးအထူးကုဆရာ၀န်ကြီးများ
- ကလေးခွဲစိတ်ဆရာ၀န်ကြီးများ
- ထိခိုက်ဒဏ်ရာနှင့်အရိုး၊အကြော၊အဆစ်ဆိုင်ရာခွဲစိတ်အထူးကုဆရာ၀န်ကြီးများ
- အကြောအဆစ်နှင့်ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးအထူးကုဆရာ၀န်ကြီးများ
- ဆီးနှင့်ကျောက်ကပ်အထူးကုဆရာ၀န်ကြီးများ
- ဆီးနှင့်ကျောက်ကပ်ခွဲစိတ်အထူးကုဆရာ၀န်ကြီးများ
- အရေပြားအထူးကုဆရာ၀န်ကြီးများ
- ဦးနှောက်နှင့်အာရုံကြောဆိုင်ရာအထူးကုဆရာ၀န်ကြီးများ
- အထွေထွေနှင့်ကိုယ်ခန္ဓာအသားအစားထိုးပြုပြင်ခွဲစိတ်ဆရာ၀န်ကြီး
- ဦးနှောက်နှင့်အာရုံကြောဆိုင်ရာခွဲစိတ်အထူးကုဆရာ၀န်ကြီးများ
- အဆုတ်နှင့်ရင်ခေါင်းရောဂါအထူးကုဆရာ၀န်ကြီးများ
- အဆုတ်နှင့်ရင်ခေါင်းခွဲစိတ်အထူးကုဆရာ၀န်ကြီးများ
- သွေးရောဂါဗေဒဆိုင်ရာဆရာ၀န်ကြီး
- ဓာတ်မှန်ဘက်ဆိုင်ရာဆရာ၀န်ကြီးများ
- ဓာတ်ခွဲခန်းဆိုင်ရာဆရာ၀န်ကြီး
- သွားနှင့်ခံတွင်းဆိုင်ရာဆရာ၀န်ကြီးများ
24 နာရီ၀န်ဆောင်မှုများ
1. နှလုံးစမ်းသပ်စက်ဖြင့်ရိုက်ကူးစမ်းသပ်မ (ECG Service)
နှလုံးအခြေအနေကောင်း/မကောင်း၊ နှလုံးသွေးကြောကျဉ်းရောဂါရှိ/မရှိကို သိရှိနိုင်ရန်စစ်ဆေးနိုင်သော စမ်းသပ်မှုဖြစ်ပြီး နှလုံးစမး်သပ်ခြင်း၀န်ဆောင်မှုကို 24 နာရီအပြည့်ဆောင်ရွက်ပေးလျက်ရှိပါသည်။
2. ဓာတ်မှန်ဌာန (Radiology Service)
ဓာတ်မှန်ပိုင်းဆိုင်ရာကျွမ်းကျင်ပညာရှင်များကိုယ်တိုင် 24 နာရီအချိန်ပြည့်ဆောင်ရွက်ပေးနေပြီး ပြင်သစ်၊ ဂျာမဏီ၊ ဂျပန်မှ ခေတ်မီဓာတ်မှန်စက်ကြီးများကို အသုံးပြုကာ၀န်ဆောင်မှုပေးလျက်ရှိပါသည်။
3. ကွန်ပျူတာဓာတ်မှန် (CT-Scan & C-arm)
CT-Scan ရိုက်ကြည့်ခြင်းဖြင့် ရောဂါအခြေအနေအား အသေးစိတ်သိရှိနိုင်ပြီး ဓာတ်ရောင်ခြည်အနည်းဆုံးထိတွေ့မှုဖြင့် ကြည်လင်ပြတ်သားသောပုံရိပ်များကို စက္ကန့်ပိုင်းအတွင်းရရှိနိုင်ပါသည်။ အတွေ့အကြုံရင့်ကျွမ်းကျင် ဓာတ်မှန်ဆရာ၀န်ကြီးများနှင့် တိကျမှန်ကန်သောအဖြေများကို ဖတ်ကြားပေးလျက်ရှိပါသည်။
4. ဆေးဝါး၀န်ဆောင်မှု (Pharmacy Service)
အရည်အသွေးပြည့်မီသော ဆေးဝါးမျိုးစုံနှင့် ဆေးကုသမှုဆိုင်ရာ ပစ္စည်းကိရိယာများကို သင့်တော်သောနှုန်းထားဖြင့် ရောင်းချပေးလျက်ရှိပါသည်။
5. အရေးပေါ်ပြုစုကုသမှု (Emergency Care Service)
အရေးပေါ်ကုသမှုခံယူရမည့်လူနာများအား ထိရောက်သောကုသမှုနည်းစနစ်များဖြင့် ဆေးပညာအတွေ့အကြုံရင့် ဆရာ၀န်များနှင့် ကျွမ်းကျင်သူနာပြုများကိုယ်တိုင် အချိန်နှင့်တပြေးညီ 24 နာရီအပြည့်ကုသမှုပေးလျက်ရှိပါသည်။
6. အထူးကြပ်မတ်ကုသဆောင် (Intensive Care Service)
အထူးဂရုပြုစောင့်ရှောက်ရမည့်လူနာများကို အရည်အချင်းပြည့်၀သောဆရာ၀န်များနှင့် ကျွမ်းကျင်သောသူနာပြုများကိုယ်တိုင် အထူးကြပ်မတ်ကုသဆောင်တွင်ထားပြီး အချိန်ပြည့်ပြုစုကုသပေးလျက်ရှိပါသည်။
7. နှလုံးအထူးကြပ်မတ်ကုသဆောင် (Coronary Care Service)
နှလုံးရောဂါနှင့်ပတ်သက်သည့် အရေးကြီးလူနာများကို နှလုံးအထူးကြပ်မတ်ကုသဆောင်တွင် ထားပြီး ပြုစုကုသမှုဆောင်ရွက်ပေးလျက်ရှိပါသည်။ ပစ္စည်းကိရိယာအစုံအလင်ရှိသည့်အတွက် အရေးပေါ်ဆောင်ရွက်မည့် အခြေအနေမျိုးမှာဆိုလျှင်လည်း နှောင်းနှေးကြန့်ကြာမှုမရှိဘဲ ၀န်ဆောင်မှုပေးနိုင်ပါသည်။
8. လူနာတင်ယာဉ်ဖြင့်အရေးပေါ်သယ်ယူပို့ဆောင်မှု (Ambulance Service)
အသက်ကယ်ပစ္စည်းကိရိအစုံအလင်ပါရှိသည့် အရေးပေါ်လူနာတင်ယာဉ်ဖြင့် 24 နာရီအပြည့် ၀န်ဆောင်မှုပေးလျက်ရှိပြီး လိုအပ်ပါကလေဆိပ်အထိလာရောက်ခေါ်ဆောင်ပေးလျက်ရှိပါသည်။
9. အဆင့်မြင့်အတွင်းလူနာခန်းများတွင်စောင့်ကြပ်ကြည့်ရှုမှု (Observation Service)
Hall Type မှစ၍ Single Room၊ Double Room၊ Suite Room၊ Royal Suite Room နှင့် Royal Suite Special Room ဟူ၍ အခန်းအမျိုးအစားအမျိုးမျိုးခွဲခြားပေးထားပြီး မိမိနှစ်သက်သည့် အခန်းအမျိုးအစားကို ရွေးချယ်နိုင်ပါသည်။
10. ခေတ်မီအဆင့်မြင့်ကွန်ပျူတာဓာတ်ခွဲစစ်ဆေးမှု (Laboratory Collection Service)
ရောဂါဗေဒပညာရှင်ကြီးများကိုယ်တိုင် ဓာတ်ခွဲစစ်ဆေးမှုများကို 24 နာရီအပြည့် ဆောင်ရွက်ပေးလျက်ရှိပါသည်။
11. အရေးပေါ်ခွဲစိတ်ကုသမှု (Operation Theatre Service)
အရေးပေါ်ခွဲစိတ်ကုသမှု အခန်းပေါင်း 6 ခန်းထားရှိပြီး အရေးပေါ်ခွဲစိတ်ရန်လိုအပ်သည့်လူနာများကို အချိန်မရွေးခွဲစိတ်နိုင်ရန်အတွက် 24 နာရီအပြည့် ဆောင်ရွက်ပေးလျက်ရှိပါသည်။
နေ့ပိုင်း၀န်ဆောင်မှုများ
1. နေ့ချင်းပြီးကုသစောင့်ရှောက်မှု (Day Care Service)
ထိရောက်သောကုသမှုများဖြင့် အရည်အချင်းပြည့်မီသော ဆရာ၀န်များကိုယ်တိုင် နေ့ချင်းပြီး ကုသပေးမှုကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
2. ပြင်ပလူနာဌာနတွင်အချိန်ပိုင်းစမ်းသပ်ကုသမှု (Specialist OPD Service)
ပြင်ပလူနာဌာနတွင် အထူးကုဆရာ၀န်ကြီးများက တာ၀န်ချိန်အလိုက်လာရောက် စမ်းသပ်ကုသပေးလျက်ရှိပြီး မနက် 8 နာရီမှ ည 8 နာရီအတွင်း ကုသမှုခံယူနိုင်ပါသည်။ Booking ဌာနသို့ ဖုန်းဖြင့်ဆက်သွယ်ပြီး မိမိပြလိုသည့်ဆရာ၀န်ကြီးနှင့် ကုသနိုင်ရန် ရက်ချိန်းရယူနိုင်ပါသည်။
3. သွားရောဂါအမျိုးမျိုးကုသစောင့်ရှောက်မှု (Dental Care Service)
အရည်အချင်းပြည့်မီ၍ အတွေ့အကြုံရင့်သန်သော သွားဆရာ၀န်များကိုယ်တိုင် သွားနှင့်ခံတွင်းဆိုင်ရာ ရောဂါအမျိုးမျိုးကို ကုသပေးလျက်ရှိပါသည်။
4. တယ်လီဗေးရှင်းဓာတ်မှန်ရိုက်ကူးမှု (Ultrasound Service)
တယ်လီဗေးရှင်းဓာတ်မှန်ရိုက်ကူးမှုတွင် ကျွမ်းကျင်ပိုင်နိုင်စွာဆောင်ရွက်နိုင်သူများကိုယ်တိုင် ၀န်ဆောင်မှုပေးလျက်ရှိပါသည်။
5. လေးဖက်မြင်ရုပ်လုံးကြွတယ်လီဗေးရှင်းဓာတ်မှန် (4D Ultrasound)
ကိုယ်၀န်ဆောင်မိခင်လောင်းများအနေဖြင့် ကိုယ်၀န်ပတ် 24 ပတ်မှ 32 ပတ်အကြား 4D Ultrasound ရိုက်ကူးခြင်းဖြင့် ရင်သွေးငယ်၏ ခန္ဓာကိုယ်အစိတ်အပိုင်းများပုံမှန်ဟုတ်/မဟုတ်နှင့် ကိုယ်၀န်ဆောင်ခြင်းနှင့် ပတ်သက်သောအခြားမူမမှန်မှုများရှိ/မရှိကို ကြိုတင်သိရှိနိုင်မည် ဖြစ်ပါသည်။
6. နှလုံးရောဂါကုသခြင်းဆိုင်ရာ သွေးကြောချဲ့ကုသမှု (Invasive Cardiac Laboratory)
နှလုံးသွေးကြောဓာတ်မှန်ရိုက်ခြင်း(Coronary Angiography) ဆိုသည်မှာ လူနာ၏လက်ကောက်၀တ် (သို့မဟုတ်) ပေါင်ရှိသွေးကြောမှတဆင့် နှလုံးသွေးကြော အတွင်းသို့ သေးငယ်သော ပိုက်တစ်ခုထည့်သွင်းပြီး ဆေးရည်တစ်မျိုးထိုးသွင်းကြည့်ခြင်းအားဖြင့် မည်သည့်သွေးကြော မည်မျှကျဉ်းနေသည်ကို ပုံရိပ်ဖော်ကွန်ပျူတာမှတဆင့် ကြည့်ရှုခြင်းဖြစ်ပါသည်။ ၄င်းသွေးကြောဓာတ်မှန်ရိုက်ခြင်းကို Invasive Cardiac Laboratory တွင်ကြည့်ရှုနိုင်ပါသည်။
7. လေ့ကျင့်ခန်းပြုလုပ်၍ နှလုံးစမ်းသပ်စစ်ဆေးမှု (Stress Test Service)
နှလုံးသွေးကြောကျဉ်းရောဂါရှိနေသောလူနာများတွင် ရောဂါလက္ခဏာခံစားနေရသော်လည်း (ဥပမာ-ရင်ဘတ်အောင့်ခြင်း၊ ရင်ဘတ်တင်းကြပ်ကြပ်ဖြစ်ခြင်းအသက်ရှူမ၀ခြင်း) Resting ECG/EKG ၌ ပုံမှန်အတိုင်းရှိနေတတ်ကြသည်ကို တွေ့မြင်နိုင်ပါသည်။ ထိုသို့သောေ၀ဒနာရှင် များတွင် နှလုံးသွေးကြောကျဉ်းရောဂါ ရှိ/မရှိကို လေ့ကျင့်ခန်းပြုလုပ်စေ၍ နှလုံးစမ်းသပ် စစ်ဆေးမှုပြုလုပ်ရပါသည်။
8. နှလုံးအထူးတယ်လီဗေးရှင်းဓာတ်မှန်ရိုက်ကူးမှု (Cardiac Echo Service)
နှလုံးအထူးကုဆရာ၀န်များမှ နှလုံးတယ်လီးဗေးရှင်းဓာတ်မှန်ရိုက်ခြင်းကို ဆောင်ရွက်ပေးလျက်ရှိပြီး တိကျမှန်ကန်သောအဖြေများကို ထုတ်ပေးလျက်ရှိပါသည်။
9. နှလုံးစမ်းသပ်စက်ခန်း (HolterECG)
Holter ECG ဖြင့် နှလုံးခုန်နှုန်းနှင့် နှလုံးစီးချက်မှန်မမှန် တိုင်းတာနိုင်ပါသည်။ နှလုံးနှင့် ပတ်သက်၍ ေ၀ဒနာခံစားနေရသူများအတွက် 24နာရီ Holter ECG တပ်ဆင်ပေးထားပြီး နှလုံး စမ်းသပ်မှုများကို ပြုလုပ်ပေးပါသည်။ Holter ECG တပ်ထားစဉ်အတွင်းလူနာအနေဖြင့် အချိန်တစ်ချိန်ချိန်တွင် ခံစားခဲ့ရသောရောဂါလက္ခဏာများ (ဥပမာ - ရင်ဘတ်အောင့်ခြင်း၊ မောကျပ်ခြင်း၊ ရင်တုန်ခြင်း)နှင့် မိမိသွားလာလှုပ်ရှားခဲ့မှုများကို ဒိုင်ယာရီမှတ်တမ်းတင်ထားရန် အလွန်အရေးကြီးပါသည်။
10. ကျောက်ကပ်ကုသွေးသန့်စင်စက်များဖြင့် ကျောက်ကပ်ရောဂါေ၀ဒနာရှင်များအားကုသမှု (Haemodialysis Service)
သာမန်ကျောက်ကပ်သွေးသန့်စင်မည့် လူနာများအတွက် နေ့စဉ်၀န်ဆောင်မှုပေးလျက်ရှိပါသည်။ ကူစက်ပိုးရှိသူလူနာများအတွက် သီးသန့်အခန်းစီစဉ်ပေးထားပြီး သီးသန့်စီမံထားသောစက်ဖြင့် ကုသမှုပေးနေပါသည်။
11. အတွင်းကြည့်မှန်ပြောင်းအမျိုးမျိုးဖြင့် အစာအိမ်အူလမ်းကြောင်းဆိုင်ရာရောဂါများ ရှာဖွေစမ်းသပ်ကုသမှု (Endoscopy Service)
အစာအိမ်အူလမး်ကြောင်းဆိုင်ရာရောဂါများကို ရှာဖွေဖော်ထုတ်နိုင်ရန်အတွက် အတွင်းကြည့်မှန်ပြောင်းသုံးကာ ရောဂါရှာပေးသည့်အတွက် မိမိရောဂါ၏အမျိုးအမည်ကို မှန်ကန်တိကျစွာသိရှိနိုင်ပါသည်။
12. နှလုံးသွေးကြောနှင့် နှလုံးကြွက်သားများ၏ လုပ်ငန်းဆောင်ရွက်မှုများကိုတိုင်းတာနိုင်သော (Myocardial Perfussion Scan)
Exercise ECG ၌ရလဒ်အဖြေမထင်ရှားသူများအတွက် Myocardial Perfussion Scan လုပ်ခြင်းဖြင့် နှလုံးကြွက်သားနှင့် သွေးကြောများ၏ အခြေအနေကိုတိကျစွာသိရှိနိုင်ပါသည်။
Member ၀င်ခြင်းဖြင့် ရရှိနိုင်သောအခွင့်အရေးများ
Member Card အမျိုးအစားသုံးမျိုးရှိပြီး
Jade Member - 50,000 ကျပ်
Sapphire Member - 100,000 ကျပ်
Ruby Member - 200,000 ကျပ်ဟူ၍သတ်မှတ်ထားပါသည်။
အာရှတော်၀င်ဆေးရုံတွင် Member ၀င်ခြင်းအားဖြင့် အောက်ပါအခွင့်အရေးများရရှိနိုင်ပါသည်။
အသင်း၀င်ကတ်တစ်ခုတည်းနှင့် (6) ဦး အသုံးပြုနိုင်ပြီး ဆေးရုံတက်ရောက်သောသူများ၏ ကုန်ကျစရိတ်များကိုလည်း Member Card ဖြင့် ခုနှိမ်အသုံးပြုနိုင်ပါသည်။
No | အခွင့်အရေးများ | Jade Member | Sapphire Member | Ruby Member |
1 | ရောဂါရှာဖွေစစ်ဆေးမှု ကုန်ကျစရိတ် | 5% | 10% | 15% |
2 | ဆေးဝါးကုန်ကျစရိတ် | 1% | 2% | 3% |
3 | အထူးရောဂါရှာဖွေစစ်ဆေးမှု ကုန်ကျစရိတ် | 3% | 5% | 8% |
4 | ငွေပေးချေမှု | ကဒ်ထဲရှိငွေတန်ဖိုး အတိုင်းခုနှိမ် အသုံးပြုနိုင်ပါသည်။ | ကဒ်ထဲရှိငွေတန်ဖိုး အတိုင်းခုနှိမ် အသုံးပြုနိုင်ပါသည်။ | ကဒ်ထဲရှိငွေတန်ဖိုး အတိုင်းခုနှိမ် အသုံးပြုနိုင်ပါသည်။ |
မှတ်ချက်
- Package price ပေးထားသော Item များနှင့် အခြားသောအရောင်းမြှင့်တင်မှုများအတွက် ထပ်မံ၍ Discount ခံစားခွင့်မပြုပါ။
- ဆေးရုံမှအခါအားလျော်စွာ အထူးခံစားခွင့်များ ထပ်မံတိုးချဲ့ပြောင်းလဲသွားမည်ဖြစ်ပါသည်။
Health Care Program Card ၀ယ်ခြင်းဖြင့် ရရှိနိုင်သောအခွင့်အရေးများ
မိမိ၏ချစ်ခင်မြတ်နိုးရသောမိဘ၊ ဆွေမျိုး၊ သူငယ်ချင်း၊ အပေါင်းအဖော်မိတ်ဆွေများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် လက်ဆောင်ပေးလိုပါက အဆင်ပြေစေရန်အတွက် Health Care Program Card အစီအစဉ်ကိုလည်း ပြုလုပ်ပေးထားပါသည်။
ကဒ်အမျိုးအစားနှင့်တန်ဖိုးများမှာ
Jasmine - 10,000 ကျပ်
Orchid - 20,000 ကျပ်
Royal Orchid - 30,000 ကျပ်
Royal Rose - 50,000 ကျပ်
Royal Rose Special - 100,000 ကျပ် ဟူ၍(5)မျိုးရှိပါသည်။
- အဆိုပါကဒ်များကို အာရှတော်၀င်၏ မည်သည့်၀န်ဆောင်မှုမဆိုအသုံးပြုနိုင်ပါသည်။
- ကဒ်တန်ဖိုး 10,000 ကျပ်၊ 20,000 ကျပ်၊ 30,000 ကျပ်များအတွက် စတင်၀ယ်ကယူသည့်နေ့မှ (3) လအတွင်း အသုံးပြုနိုင်ပြီး ကဒ်တန်ဖိုး 50,000 ကျပ်နှင့် 100,000 ကျပ်တို့အတွက် အသုံးပြုခွင့်ကို (6) လ သတ်မှတ်ပေးထားပါသည်။
ကျန်းမာရေးစစ်ဆေးမှုများ (Medical Checkup)
- အပြည်ပြည်ဆိုင်ရာသငေ်္ဘာများပေါ်တွင် တာ၀န်ထမ်းဆောင်မည့်သူများအတွက် သတ်မှတ်ထားသော စမ်းသပ်စစ်ဆေးမှုများပြုလုပ်ပေးခြင်း။
- နိုင်ငံခြားသို့သွားရောက်အလုပ်လုပ်ကိုင်မည့်သူများအတွက် အထူးကျန်းမာရေးစစ်ဆေးပေးခြင်း။
- အဖွဲ့လိုက် (သို့) တစ်ဦးတစ်ယောက်ခြင်းစစ်ဆေးခြင်း။
- ကုမ္ပဏီအစုအဖွဲ့လိုက်ကျန်းမာရေးစစ်ဆေးမှုများကို အထူးနှုန်းဖြင့်ဆောင်ရွက်ပေးခြင်း။
- ကျန််းမာရေးစစ်ဆေးမှုနှင့်ပတ်သက်၍ စစ်ဆေးမှုပုံစံ (12) မျိုးဖြင့် စစ်ဆေးပေးခြင်း။
- စစ်ဆေးမှုများအားနံနက် (8) နာရီမှညနေ (6) နာရီထိ၀န်ဆောင်မှုပေးနေပါသည်။
PROGRAMS | Under 40 Premium | Under 40 Executive | Over 40 Premium | Over 40 Executive |
ရောဂါရာဇ၀င်နှင့် ကိုယ်ခန္ဓာစမ်းသပ်မှု | √ | √ | √ | √ |
သွေးစစ်ဆေးမှု | √ | √ | √ | √ |
ကိုယ်တွင်းရောင်ရမ်းနာဓာတ်စစ်ဆေးမှု | √ | √ | √ | √ |
ကိုယ်တွင်းရောင်ရမ်းနာဓာတ်စစ်ဆေးမှု |
|
|
| √ |
သွေးအုပ်စုစစ်ဆေးမှု | √ | √ | √ | √ |
သွေးချိုစစ်ဆေးမှု | √ | √ | √ | √ |
သွေးနီဥတွင်းအချိုဓာတ်စစ်ဆေးမှု |
|
|
| √ |
သွေးတွင်းအဆီဓာတ်များစစ်ဆေးမှု |
| √ | √ | √ |
သွေးတွင်းအဆိပ်ဓာတ် စစ်ဆေးမှု |
| √ | √ | √ |
သွေးတွင်းအငန်၊ အဖန်ဓာတ်စစ်ဆေးမှု |
|
| √ | √ |
သွေးတွင်းဆီးဆိပ်စစ်ဆေးမှု | √ | √ | √ | √ |
သွေးတွင်းယူရစ်အက်စစ်ဓာတ်စစ်ဆေးမှု |
| √ | √ | √ |
အသည်းရောင်အသားဝါဘီပိုး စစ်ဆေးမှု | √ | √ | √ | √ |
အသည်းရောင်အသားဝါစီပိုး စစ်ဆေးမှု | √ | √ | √ | √ |
အသည်းလုပ်ဆောင်ချက်စစ်ဆေးမှု |
| √ | √ | √ |
အသည်းလုပ်ဆောင်ချက်စစ်ဆေးမှု |
| √ | √ | √ |
အသည်းလုပ်ဆောင်ချက်စစ်ဆေးမှု | √ | √ | √ | √ |
အသည်းလုပ်ဆောင်ချက်စစ်ဆေးမှု |
| √ |
| √ |
အသည်းလုပ်ဆောင်ချက်စစ်ဆေးမှု |
|
|
| √ |
လည်ပင်းကြီးဟော်မုန်းစစ်ဆေးမှု |
| √ |
| √ |
လည်ပင်းကြီးဟော်မုန်းစစ်ဆေးမှု |
| √ |
| √ |
လည်ပင်းကြီးဟော်မုန်းစစ်ဆေးမှု |
| √ | √ | √ |
ဆီးဓာတ်ခွဲစစ်ဆေးမှု |
| √ |
| √ |
ဆီးဓာတ်ခွဲစစ်ဆေးမှု | √ |
| √ |
|
ဆီးတွင်းအသားဓာတ်စစ်ဆေးမှု |
|
|
| √ |
ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း | √ | √ | √ | √ |
တယ်လီဗေးရှင်းဓာတ်မှန်ရိုက်ခြင်း (၀မ်းဗိုက်) | √ | √ | √ | √ |
နှလုံးစစ်ဆေးခြင်း | √ | √ | √ | √ |
နားအကြားအာရုံစစ်ဆေးခြင်း |
|
|
| √ |
အဆုတ်စစ်ဆေးခြင်း |
|
|
| √ |
PROGRAMS | Exclusive Cardiac Screening | Premarital | Pre-employment |
ရောဂါရာဇ၀င်နှင့် ကိုယ်ခန္ဓာစမ်းသပ်မှု | √ | √ | √ |
အထူးကုနှင့် တိုင်ပင်ဆွေးနွေးခြင်း | √ |
|
|
သွေးစစ်ဆေးမှု | √ | √ | √ |
ကိုယ်တွင်းရောင်ရမ်းနာဓာတ်စစ်ဆေးမှု | √ |
|
|
သွေးအုပ်စုစစ်ဆေးမှု |
| √ |
|
သွေးချိုစစ်ဆေးမှု | √ |
|
|
သွေးတွင်းအဆီဓာတ်များစစ်ဆေးမှု | √ |
|
|
သွေးတွင်းအဆိပ်ဓာတ် စစ်ဆေးမှု | √ |
|
|
သွေးတွင်းအငန်၊ အဖန်ဓာတ်စစ်ဆေးမှု | √ |
|
|
သွေးတွင်းဆီးဆိပ်စစ်ဆေးမှု | √ |
|
|
သွေးတွင်းယူရစ်အက်စစ်ဓာတ်စစ်ဆေးမှု | √ |
|
|
ကာလသားရောဂါပိုးစစ်ဆေးမှု |
| √ |
|
ခုခံအားကျဆင်းရောဂါပိုးစစ်ဆေးမှု |
| √ |
|
အသည်းရောင်အသားဝါဘီပိုး စစ်ဆေးမှု |
| √ | √ |
အသည်းရောင်အသားဝါစီပိုး စစ်ဆေးမှု |
| √ | √ |
အသည်းလုပ်ဆောင်ချက်စစ်ဆေးမှု | √ |
|
|
အသည်းလုပ်ဆောင်ချက်စစ်ဆေးမှု | √ |
|
|
အသည်းလုပ်ဆောင်ချက်စစ်ဆေးမှု | √ |
|
|
အသည်းလုပ်ဆောင်ချက်စစ်ဆေးမှု | √ |
|
|
လည်ပင်းကြီးဟော်မုန်းစစ်ဆေးမှု | √ |
|
|
ဆီးဓာတ်ခွဲစစ်ဆေးမှု |
| √ | √ |
ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း | √ | √ | √ |
တယ်လီဗေးရှင်းဓာတ်မှန်ရိုက်ခြင်း (၀မ်းဗိုက်) | √ | √ |
|
နှလုံးစစ်ဆေးခြင်း | √ | √ | √ |
လမ်းလျှောက်စက်ဖြင့် နှလုံးစစ်ဆေးခြင်း | √ |
|
|
နှလုံးတယ်လီဗေးရှင်းဓာတ်မှန်ရိုက်ခြင်း | √ |
|
|
- 16.79827600422596596.1311858021545
- Asia Royal HospitalAsia Royal Hospital