/
services/parkway-hospitals-singapore

Parkway Hospitals (Singapore)

        Parkway Hospitals Singapore သည်  Parkway Pantai Limited မှ ပိုင်ဆိုင်သော  အာရှတိုက်တွင်ရှိသည့်  ထိပ်တန်းပုဂ္ဂလိကကျန်းမာရေး ၀န်ဆောင်မှုအဖွဲ့အစည်းများအနက်  တစ်ခုအပါအ၀င်ဖြစ်ပါသည်။ ဘက်စုံကုသပေးမှုဖြင့်  ဆေးကုသမှုရလဒ်ကောင်းများရှိခြင်း ၊ အဘက်ဘက်မှ ပြည့်စုံသောဆေးရုံများ ရှိခြင်း ၊   အဆင့်မြင့်စမ်းသပ်မှုနှင့် ကုသမှု စက်ပစ္စည်းများရှိခြင်းတို့ကြောင့်   Parkway Hospitals Singapore ဟု နာမည်ဂုဏ်သတင်းကြီးမားနေခြင်း ဖြစ်ပါသည်။  Parkway Hospitals Singapore သည် အဓိကဆေးရုံကြီးလေးရုံဖြစ်သည့် Mount Elizabeth Hospital (Orchard)၊ Mount Elizabeth Hospital (Novena)၊ Gleneagles Hospital နှင့်  Parkway East Hospital  တို့အပြင် Medical Centre များကို  စင်္ကာပူနိုင်ငံတွင်ထားရှိပြီး ဆေးရုံကုတင်ပေါင်း (၁၀၀၀)ကျော်နှင့်အထူးကုဆရာ၀န်ပေါင်း (၁၃၀၀) ကျော်ဖြင့် ကျန်းမာရေး၀န်ဆောင်မှု ပေးနေပါသည်။ 

 

အကောင်းဆုံးများအနက်မှ ထူးခြားချက်

          အရည်အသွေး စစ်ဆေးမှုများကို  အမြဲမပြတ်ဆောင်ရွက်လျက်ရှိခြင်း၏ အကျိုးရလဒ်အနေဖြင့် Parkway Hospitals Singapore လက်အောက်ရှိ  ဖော်ပြပါဆေးရုံကြီးလေးရုံတို့သည်  အမေရိကန်ပြည်ထောင်စု၏  ကျန်းမာရေးစောင့်ရှောက်မှု “ စံ ”  အရ JCI (Joint Commission International) အသိအမှတ်ပြုလက်မှတ်ကို ရရှိထားသည်။   ကမ ်ဘာတ၀ှမ်း မှ  လူနာ များ  အဆင့်မြင့်သော ကျန်းမာရေးစောင့်ရှောက်မှုများကို အခက်အခဲမရှိဘဲ   ရရှိစေနိုင်ရန်အတွက် Parkway Hospitals Singapore မှ   လူနာကူညီရေး စင်တာ (၃၅)ခုကို  နိုင်ငံအသီးသီးတွင် ဖွင့်လှစ်ထား ရှိ ပါသည်။  အာရှပစိဖိတ်ဒေသတွင် ပထမဦးဆုံး အနေဖြင့်  ခန္ဓာကိုယ်တစ်ခုလုံးကို ရိုက်ကူးနိုင်သော MRI နှင့်PET Diagnostics ကိုတပ်ဆင်နို်င်ခြင်း ၊ အာရှတွင်  ပထမဦးဆုံးအဖြစ်  Single-Handed Canted လူနာခန်းများ ဖွဲ့စည်းပေးထားခြင်း ၊ စင်္ကာပူနိုင်ငံရှိ  ပုဂ္ဂလိကဆေးရုံ များထဲတွင်  ပထမဦးဆုံး အဖြစ်  Hybrid ခွဲစိတ်ခန်း အသုံးပြုနိုင်ခြင်း စသည့် အားသာချက်များ ရှိသည်။

 

ဆေးကုသမှုနည်းပညာများ

          အသည်းအစားထိုးကုသမှု ၊  သွေးရောဂါများကုသမှု ၊  နှလုံးနှင့်သွေးကြောဆိုင်ရာခွဲစိတ်ကုသမှုများ ၊ ကင်ဆာရောဂါ ကုသမှုများ  ၊  ဖန်ပြွန်သနေ္ဓသားနည်းပညာများ စသည့်  ကုသမှုများတွင် အကောင်းဆုံး ရလဒ်များရနိုင်ရန်  Parkway Hospitals Singapore သည် နောက်ဆုံးပေါ်နည်းပညာများကို အဆက်မပြတ် အသုံးပြုလျက် ရှိပါသည်။ 

 

အထူးကုဌာနများ

 

          Parkway Hospitals Singapore ၏ အထူးကုဌာနများမှ လူနာများကို   ပြည့်စုံသော အထူးစောင့်ရှောက်မှုပေးရန် အတွက် ရောဂါနှင့် သက်ဆိုင်ရာ အထူးကုဆရာ၀န်များစွာမှ ပြုစုကုသပေးနေပါသည်။  အထူးကုဌာနပေါင်း  ၄၀ကျော်တွင် အထူး ကုဆရာ၀န်ပေါင်း ၁၃၀၀ ကျော် တာ၀န်ထမ်းဆောင်လျက်ရှိသည့်အတွက် လူနာများ အနေဖြင့် ကောင်းမွန်သော ကုသမှု ရလဒ်များ  ရရှိနို်င်ပါသည်။  

  • နှလုံး နှင့်သွေးကြောဌာန 
  • အရိုး အကြော နှင့်ကြွက်သား ဌာန 
  • ဦးနှောက်နှင့် အာရုံကြော ဌာန 
  • ကိုယ်အင်္ဂါများနှင့် ရိုးတွင်းခြင်ဆီ အစားထိုးဌာန
  • အမျိုးသမီးနှင့်ကလေးဌာန  
  • ခွဲစိတ်ဌာနများ 
  • ကင်ဆာရောဂါဌာန

 

အခြားအထူးကုဌာနများ

 

          အမျိုးမျိုးသောရောဂါများကို တစ်နေရာတည်းတွင် ကုသမှုပေးနိုင်ရန် စီစဉ်ထား သဖြင့်  Parkway Hospitals Singapore သည် ရောဂါရှာဖွေခြင်း ၊ ဆေးပညာဖြင့်ကုသပေးခြင်းနှင့်  ခွဲစိတ်ကုသပေးခြင်းတို့တွင်  အကောင်းဆုံး အနေ ဖြင့် ရပ်တည်နေပါသည်။  အထက်တွင် ဖော်ပြပြီးသော  အထူးကုဌာနများအပြင်  အခြားသော အထူးကုဌာနများစွာရှိသည့် အတွက်  မည်သည့်ရောဂါကိုမဆို ကုသပေးနေပါသည်။ 

ဆေးပညာနှင့်ခွဲစိတ်ကုဌာနများ

 

  • အရေပြားရောဂါ ကုဌာန
  • ရောဂါရှာဖွေရေး ဓါတ်မှန်ဌာန
  • အန်ဒို ခရိုင်းဌာန(Endocrinology)
  • အစာအိမ်နှင့် အူလမ်းကြောင်းဌာန
  • သက်ကြီး ရွယ်အိုစောင့်ရှောက်ရေးဌာန 
  • ကူးစက်ရောဂါကုဌာန
  • အထွေထွေရောဂါကုဌာန
  • အဏုမြူရောင်ခြည်ဌာန
  • လုပ်ငန်းခွင်ဆိုင်ရာကျန်းမာရေးဌာန
  • ဓါတ်ရောင်ခြည်ကုသဌာန
  • အလှအပခွဲစိတ်ပြုပြင်ရာဌာန
  • စိတ်ရောဂါပညာဌာန
  • လူထုကျန်းမာရေးဌာ န 
  • ကျောက်ကပ်ရောဂါကုသရေးဌာန
  • နလန်ထလူနာစောင့်ရှောက်ရေးဌာန
  • အဆုတ်နှင့်ရင်ခေါင်းဌာန
  • လေးဘက်နာကုသရေး ဌာန
  • ရောဂါဗေဒ ဌာန
  • အရေးပေါ် ဌာန
  • မေ့ဆေးဌာန

 

သွားနှင့်ခံတွင်းအထူးကုဌာနများ

 

  • သွားအကြောနှင့် သွားအတွင်းသားရောဂါများကုသခြင်း
  • ခံတွင်းနှင့် မျက်နှာမေးရိုးခွဲစိတ်ခြင်း
  • သွားညီညာအောင် ညှိခြင်း
  • သွားတုစိုက်ပေးခြင်း
  • သွားဖုံးရောဂါများကုသခြင်း
  • ကလေးသွားအထူးကုသခြင်း

 

♦ အကောင်းဆုံးနှင့်ရှေ့ဆောင်လမ်းပြဆေးပညာဆိုင်ရာအောင်မြင်မှုများ

  • အာရှတွင် ပထမဆုံး PET-MRI စက်ကို အသုံးပြုကာ ရောဂါရှာဖွေခြင်း
  • အာရှတွင် ပထမဆုံး  ခြေထောက်ရှည်ရန် အရိုးဆက် ခွဲစိတ်ကုသမှုနည်းပညာကို  အသုံး ပြုနိုင်ခြင်း
  • အာရှတွင် ပထမဆုံး   နှလုံးနှင့်  အသည်းပူးတွဲ အစားထိုးနိုင်ခြင်း
  • နှလုံးအစားထိုးစက်  (LVAD) တပ်ဆင်ခြင်းအတွက် အကောင်းဆုံး ဆရာ၀န်အဖွဲ့များ  ရှိနေခြင်း နှင့်  ၄င်း  စက်တပ်ဆင်ခြင်းအား   အာရှတွင် အများဆုံးဆောင်ရွက်ပေးနိုင်ခြင်း
  • အရှေ့တောင်အာရှတွင်  ပထမဆုံး အနေဖြင့် ကင်ဆာရောဂါများ ဓါတ်ကင်ကုသခြင်း အတွက် Tomotherapy Hi-art System  အား အသုံး ပြုခြင်း ၊ မီးယပ်ကင်ဆာရောဂါများအတွက်  Robotic Surgery ဖြင့် ကုသခြင်း ၊ Titanium Rib  ကို အသုံးပြုကာ ခွဲစိတ်ကုသနိုင်ခြင်း၊ ကျောရိုးဆစ်လွဲခြင်းများအတွက်  အဆင့်မြင့်နည်းပညာဖြင့် ကုသခြင်း 
  • Da Vinci Robotic Surgical System အား  အရှေ့တောင်အာရှနှင့်စင်္ကာပူတွင် ပထမဆုံး အသုံးပြုနိုင်ခြင်း 
  • အားကစားသမားများတွင် ဖြစ်တတ်သော ပုခုံးရောဂါများအတွက်  “ Triple  Endobutton Technique”  ကိုသုံးပြီး  ရှေ့ဆောင်ခွဲစိတ်နိုင်ခဲ့ခြင်း 

 

♦ ကျန်းမာရေးစစ်ဆေးခြင်း (Medical Check Up)

 

          ကျန်းမာရေး စစ်ဆေးခြင်းကို  လူသားတိုင်း ဆောင်ရွက်ရန် လိုအပ်သည်ဟု  လှုံ့ဆော်ပေးရန်မလိုအပ် လောက်အောင်ကိုပင် အမြဲသတိရှိနေကာ ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်းကို လုပ်ဆောင်သင့်ပေသည်။   ပိုမိုပြီး  ပြည့်စုံသော ကျန်းမာရေး ၀န်ဆောင်မှုများ ကိုဆောင်ရွက်ပေးနေသည့် ပုဂ္ဂလိကဆေးရုံကြီးများအနက်မှ စင်္ကာပူနိုင်ငံ ရှိ Parkway ဆေး ရုံ ကြီးများသည် လူသားတို့ကျန်းမာရေးအတွက် သာလွန်ကောင်းမွန်သော  ကျန်းမာရေး ၀န်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

          ဆေးစစ်ပြီး၍ နှစ်ပတ်ခန့် ကြာသောအခါ ဆေးစစ်မှုမှတ်တမ်းစာအုပ်ကို   ကိုယ်တိုင်လာယူ၍သော် လည်းကောင်း  ၊  စာတိုက်မှတဆင့်သော်လည်းကောင်း ပို့ဆောင်ပေးမည် ဖြစ်ပါသည်။  ဆေးစစ်ပြီး နောက်တစ်နေ့တွင်  အဖြေ များ ကို   ဆရာ၀န်ကိုယ်တိုင်ကြည့်ရှုပေးပြီး လိုအပ်သည်များကို ဆက်လက်လုပ်ဆောင်နိုင်ရန် လမ်းညွှန်ပေးလျက် ရှိပါသည်။

 

General Screening

Health Screening Package

 

General Screening

 

Medical Consultation

Detailed Medical History

Clinical Examination

Examination of Heart, Lungs & Abdomen, Neurological & Musculoskeletal Examination, Rectal Examination-Optional, Pelvic Examinaton-Female,

Measurement

Height, Weight & Body Mass Index, Waist Circumference, Blood Pressure

Body Compositon Analysis

Muscle Mass/Percentage, Body Fat Mass/Percentage, Total Body Water

Vision (မျက်လုံးစစ်ဆေးခြင်း)

Visual Acuity, Colour Vision

Tonometry (မျက်လုံးဖိအားတိုင်းခြင်း)

Eye Pressure (Glaucoma) (ရေတိမ်)

Full Blood Count

(သွေးဆဲလ်ပမာဏများစစ်ဆေးခြင်း)

Haemoglobin, White Blood Cell Count, Differential Count, Red Blood Cell Count, Haematocrit, Red Cell Indices (MCV, MCH, MCHC) Red Cell Distribution Width, Platelet Count

Haematology Study

(သွေးအုပ်စုနှင့် သွေးရောဂါစစ်ဆေးခြင်း)

Peripheral Blood Film, Erythrocyte Sedimentation Rate (ESR), Blood Group (ABO & Rh)

Lipid Study

(သွေးတွင်းရှိ အဆီဓါတ်စစ်ဆေးခြင်း)

Total Cholesterol, HDL Cholesterol, LDL Cholesterol, Triglycerides, Cholesterol/HDL Ratio

Diabetes Study

(သွေးချို ဆီးချိုစစ်ဆေးခြင်း)

Glucose, Glycated Haemoglobin (HbA1c)

Kidney Study

(ကျောက်ကပ်စစ်ဆေးခြင်း)

Sodium, Potassium, Chloride, Bicarbonate, Urea, Creatinine, eGFR

Liver Study (အသည်းစစ်ဆေးခြင်း)

Total Bilirubin, Total Protein, Albumin, Globulin, A/G Ratio, Alkaline Phosphatase, Aspartate Aminotransferase (AST/SGOT), Alanine Aminotransferase (ALT/SGPT), Gamma-Glutamyltransfera -se (GGT,SGGT)

Bone & Joint Study

(အရိုးအဆစ် စစ်ဆေးခြင်း)

Calcium, Phosphate, Uric Acid

Thyroid Study

(သိုင်းရွိုက်ဟော်မုန်းစစ်ဆေးခြင်း)

Thyroxine, Free (T4, T3), Thyroid Stimulating Hormone (TSH)

Serology Study

(ကူးစက်ရောဂါစစ်ဆေးခြင်း)

Syphilis TP Antibody

Tumour Marker Studies

(သွေးတွင်းရှိကင်ဆာဓာတ်စစ်ဆေးခြင်း)

AFP (အသည်းကင်ဆာ), CEA (အစာအိမ်၊ အူမကြီး၊ အဆုတ်၊ ရင်သား ကင်ဆာ)

Hepatitis Study

(အသည်းရောင် အသားဝါပိုး စစ်ဆေးခြင်း)

Hepatitis A Antibodies, Hepatitis B Antigen & Antibodies, Hepatitis C Antibodies

Autoimmune Diseases Study

Anti-Nuclear Antibody

Urine Analysis (ဆီးစစ်ဆေးခြင်း)

Urine FEME

Stool Analysis (၀မ်းစစ်ဆေးခြင်း)

Faecal Occult Blood

Cardiac Study (နှလုံးစစ်ဆေးခြင်း)

Electrocardiogram (ECG)

Radiology

Chest X-ray (ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း)

ကျသင့်ငွေပေါင်း

S$600

 

Premier Scan

        General Screening တွင် ပါ၀င်သော စစ်ဆေးမှုများအပြင် အောက်ပါစစ်ဆေးမှုများ ပါ၀င်သည်။

Health Screening Package

Premier Scan

Male

Female

Fundus Photography

(မြင်လွှာစစ်ဆေးခြင်း)

Rentinal Photography

Spirometry

(အဆုတ်အားကောင်းမကောင်းစစ်ဆေးခြင်း)

Lung Function Test (Restrictive/Obstructive)

Serology Study

Anti-HIV (HIV ပိုးစစ်ဆေးခြင်း)

Tumour Marker Studies

(သွေးတွင်းရှိကင်ဆာဓာတ်စစ်ဆေးခြင်း)

PSA (ဆီးကျိတ်ကင်ဆာ)

 

CA 125 (သားဥအိမ်ကင်ဆာ)

 

CA 19-9 (ပန်ကရိယာ၊ အစာအိမ်၊ အူမကြီးကင်ဆာ)

EBV-EA+ EBNA-1 lg A (နှာခေါင်းကင်ဆာ)

Cardiac Risk Study

(နှလုံးရောဂါနှင့်ဆိုင်သောသွေးစစ်ဆေးခြင်း)

High Sensitive CRP

Urine Analysis (ဆီးစစ်ခြင်း)

Urine Microalbumin Creatinine Ratio

Cardiac Study (နှလုံးစစ်ဆေးခြင်း)

Tradmill Exercise Stress ECG Test (ပြေးစက်ပေါ်တွင် ပြေးပြီး နှလုံးစစ်ဆေးခြင်း)

Radiology

Ultrasound of the Abdomen (အသည်း၊ သည်းခြေအိတ်၊ ကျောက်ကပ်၊ ပန်ကရိယ၊ ဘေလုံးအာထရာဆောင်ရိုက်ခြင်း)

Ultrasound of the Pelvic (သားအိမ်၊သားဥအိမ် အာထရာဆောင်းရိုက်ခြင်း)

 

Mammogram or Ultrasound of Breasts (ရင်သားဓာတ်မှန် သို့ ရင်သားအာထရာဆောင်းရိုက်ခြင်း)

 

Uroflowmetry with Bladder Scan

(ဆီးအရှိန်တိုင်းခြင်း နှင့် ဆီးအိတ်အာထရာဆောင်း ရိုက်ခြင်း)

 

 

ကျသင့်ငွေပေါင်း

S$ 1,395

S$ 1,500

 

Executive Premier Scan

          Premier Screening တွင် ပါ၀င်သော စစ်ဆေးမှုများအပြင် အောက်ပါစစ်ဆေးမှုများ ပါ၀င်သည်။

Health Screening Package

Executive Premier Scan

Male

Female

Tumour Marker Studies

(သွေးတွင်းရှိ ကင်ဆာဓာတ် စစ်ဆေးခြင်း)

THCG (ေ၀ှးစေ့ ကင်ဆာ)

 

CA 15-3 (ရင်သားကင်ဆာ)

 

Ageing Biomarkers

(အသက်အရွယ်အလိုက်ထွက်သော ဟော် မုန်းများစစ်ဆေးခြင်း)

DHEA (S)

FSH

ICSH

 

LH

 

Estradiol

Testosterone

Prolactin

Vitamins & Minerals Status (ခန္ဓာကိုယ် ထဲရှိ သက်စောင့်ဓာတ်နှင့် သတၳုဓာတ်များ စစ်ဆေးခြင်း)

25-Hydroxy Vitamin D

Vitamin B12

Folic Acid

Ferritin

Iron, Serum

Total Iron Binding Capacity

Iron Saturation Percentage

Radiology

Bone Mineral Densitometry (အရိုးသိပ်သည်းဆ တိုင်း တာခြင်း)

Mammogram with Ultrasound of Breasts (ရင်သားဓာတ်မှန်နှင့် ရင်သားအာထရာဆောင်းရိုက်ခြင်း)

 

စစ်ဆေးမှု (2) မျိုးမှ (1) မျိုး ရွေးချယ်နိုင်ပါ သည်။

Flexible Nasolaryngoscopy (နှာခေါင်းနှင့် လည်ချောင်း အတွင်းသို့ မှန်ပြောင်းဖြင့်စစ်ဆေးခြင်း)

Ultrasound Carotid Intima-Media Thickness (လည်ပင်းသွေးကြော မကြီးကို အာထရာဆောင်းရိုက်ခြင်း)

ကျသင့်ငွေပေါင်း

S$ 2,250

S$ 2,460

 

Presidential Scan

    Executive Premier Scan တွင် ပါ၀င်သော စစ်ဆေးမှုများအပြင် အောက်ပါစစ်ဆေးမှုများ ပါ၀င်သည်။

Health Screening Package

Presidential Scan

Male

Female

Audiometry (အကြားအာရုံစစ်ဆေးခြင်း)

Hearing Test

Lipid Study (သွေးတွင်းရှိအဆီဓာတ်စစ်ဆေးခြင်း)

Apolipoprotein A

Apolipoprotein B

Apo A/B Ratio

Lipoprotein (a)

Homocysteine

စစ်ဆေးမှု (5)မျိုးမှ (1)မျိုးရွေးချယ်နိုင်ပါသည်။

CT Coronary Angiogram (နှလုံးသွေးကြော CT ရိုက်ခြင်း)

MRI Lumbar Spine (ခါးရိုးဆစ် MRI ရိုက်ခြင်း)

MRI Cervical Spine (လည်ပင်းရိုးဆစ် MRI ရိုက်ခြင်း)

MRI Stroke Screen (ဦးခေါင်း MRI ရိုက်ခြင်း)

Sleep Study (အသက်ရှူမှုဆိုင်ရာရောဂါများကို အိပ်ပျော်နေစဉ် စစ်ဆေးခြင်း)

ကျသင့်ငွေပေါင်း

S$ 3,850

S$ 4,070

 

♦ ဆေးမစစ်ခင်လိုက်နာရန်အချက်များ

 

  • ဆေးစစ်ရန်လာချိန်တွင် မိမိ၏ Passport တပါတည်း ယူဆောင်လာရမည်။
  • ဆေး စစ်မည့်နေ့ မတိုင်မီ ည (၁၀) နာရီနောက်ပိုင်း  အစာ မစား ပါနှင့်။ အချို ရည်  မသောက်ပါနှင့် ။ ရိုးရိုးရေတစ်ခွက်မျှသောက်နိုင်သည်။ 
  • သွေး ချိုရောဂါရှိသူများ မနက်သွေးချိုကျဆေး မသောက်ဘဲ   ဆေးစစ်ရမည်။ သွေးတိုး ရောဂါ အတွက်ဆေး ဝါး များ  ၊  နှလုံးရောဂါ အတွက်ဆေး ဝါး များသောက်နေ ရပါက ပုံမှန် အတိုင်းသောက်နိုင်သည်။ 
  • (၆) လမှ တစ်နှစ် အတွင်းဆေး မှတ်တမ်း များ  ၊ ဓါတ်မှန်များ ရှိ ပါ က ယူ လာရန်လို အပ်ပါ သည်။ 
  • မျက်စိစမ်း သပ်မည်ဖြစ်ပါသဖြင့်  မျက်မှန်တပ်သူဖြစ်ပါက  မျက်မှန်ကို တပါတည်း ယူဆောင်လာရန်လိုအပ်ပါသည်။
  • မျက်ကပ်မှန်တပ်သူဖြစ်ပါက   စမ်း သပ်မည့်နေ့တွင်  မျက်ကပ်မှန်တပ်ဆင်မလာရပါ။  
  • ဆေးစစ်ရာတွင် အဆင်ပြေစေရန်အတွက်  သက်တောင့် သက်သာရှိစေမည့် အက်ျီ နှင့် ဘောင်းဘီ  ၀တ်လာရန်လိုအပ်ပါသည်။ 
  • ပြေးစက်ပေါ်တွင် ပြေး၍ နှလုံးစမ်းသပ်ခြင်းအတွက် အဆင်ပြေစေရန် သက်တောင့်သက်သာ ရှိ မည့် အ၀တ် အစား များ  ယူလာနိုင် ပါသည်။  ကျွန်ုပ်တို့ဌာန မှလည်း  လူနာများအဆင်ပြေစေရန် အတွက်  အားကစား၀တ်စုံ နှင့် ဖိနပ် များ  အဆင်သင့်ထား ရှိပါသည်။ 
  • ဆီး နှင့် ၀မ်းစစ်ဆေးရန် အတွက်  သီး သန့်ခွက်များ ကို ဆေး စစ်ရန်လာသောနေ့တွင် ပေး မည်ဖြစ်ပါသည်။ ဆေးစစ်မည့်နေ့ မတိုင်မီ ဆီးနှင့်၀မ်းစစ်ဆေးရန် သီး သန့် ခွက်များ ကို  ကြိုတင်လာယူလိုပါက ကျွနု်ပ်တို့ ၏ Health Screening Centre တွင်လာယူနိုင်ပါသည်။
  • အမျုးိ သမီး များတွင် ဆီး စစ်ခြင်းနှင့်   သားအိမ်ခေါင်း အသား စစစ်ဆေး ခြင်း တို့ အတွက်  ရာသီ မပေါ်ခင် (၅) ရက် (သို့ မဟုတ်)  ရာသီပေါ်ပြီး (၅) ရက်နောက်ပိုင်း  စစ်ဆေးသင့်ပါသည်။
  • ဆေး စစ်မှု အား လုံး သည်နေ့တ၀က်ခန့် ကြာမြင့် ပါသည်။ 
  • ရရှိ ထားသောရက်ချိန်း အတိုင်း လာရ ပါမည်။  

 

♦ Parkway Hospitals Singapore ၏ မြန်မာပြည်ရုံးခွဲများ

 

          Parkway Hospitals Singapore ၏  မြန်မာပြည်ရုံးခွဲများမှာ

  • ရန်ကုန်ရုံးခွဲ

 

အမှတ်-24 ၊  န၀ရတ်ကွန်ဒို ၊ စမုံလမ်း ၊ အမျိုးသားကဇာတ်ရုံအနီး ၊ဒဂုံ မြို့နယ်။

ဖုန်း - 01-377 878 ၊ 01-376 532 ၊ 09-430 66664 ၊ 09-430 66666

 

  • မန္တလေးရုံးခွဲ

 

Swan Hotel  ၊ အမှတ် 44/ B ၊ 26 လမ်း ၊ 66 လမ်း နှင့်  68 လမ်း ကြား

ဖုန်း - 09-430 66667 ၊ 09-793 066667 တို့ဖြစ်ပါသည်။ တတ်ကျွမ်းနားလည်ပြီး  အတွေ့ အကြုံရင့် ပညာရှင်များနှင့်သာ  ဖွဲ့စည်းထားပြီး လူနာများအတွက် လိုအပ်ချက်မှန်သမျှကို ဖြည့် ဆည်းဆောင်ရွက်ပေး လျက်ရှိပါသည်။  

 

♦ မြန်မာပြည်ရုံးခွဲမှ  ၀န်ဆောင်မှုများ

 

  • စင်္ကာပူသို့ မသွားခင် လူနာ၏ မှတ်တမ်းများကို   သက်ဆိုင်ရာဆရာ၀န်ကြီးများထံသို့ ပို့ဆောင်၍ မှတ်ချက်တောင်းပေးခြင်း     
  • လူနာသွားလိုသောရက်တွင်  ဆရာ၀န်  ရက်ချိန်းယူပေးခြင်း / ခွဲခန်းရက်ချိန်းယူပေးခြင်း
  • ဆေးကုသမှု ကုန်ကျစရိတ်နှင့် အခြားကုန်ကျစရိတ်များ ခန့်မှန်းတွက်ချက်ပေးခြင်း
  • ကျန်းမာရေးဆေးစစ်လိုသူများအတွက် ရက်ချိန်းယူပေးခြင်း
  • Passport ၊ ဗီဇာ ၊ လေယာဉ်လက်မှတ် ၊ တည်း ခိုရန်နေရာနှင့် မြန်မာစကားပြန်ဆရာ၀န် စီစဉ်ပေးခြင်း 
  • နာမကျန်းလူနာများအတွက် ဆေးရုံ တိုက်ရိုက်တက်နိုင်ရန် စီစဉ်ပေးခြင်း
  • လေယာဉ်စင်းလုံးဌားရန် လိုအပ်သော လူနာများအတွက် စီစဉ်ပေးခြင်း  
  • လူနာဟောင်းများ၏ ဆေးစစ်ချက်အဖြေများကို သက်ဆိုင်ရာဆရာ၀န်ကြီးများထံ ပို့ဆောင်ပြီး update လုပ်ပေးခြင်း
  • စင်္ကာပူမှ အရေးကြီးသောဆေးများမှာပေးခြင်း
  • သွေးနှင့်အသားစနမူနာများကို စင်္ကာပူသို့ ပို့ဆောင်စစ်ဆေးပေးခြင်းတို့ကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။
  • 16.783141057056902
    96.14691427581784
  • Parkway Representative Office
    Parkway Representative Office in Yangon
16
Connection Error to Google Map