/
services/raffles-hospital-singapore

Raffles Hospital (Singapore)

Vision

        Your Trusted Partner for Health

 

Mission

        To enhance health and well being by providing the best total healthcare

 

Raffles Hospital

        Raffles ဆေးရုံကြီးသည် ၁၉၇၆ ခုနှစ်က စတင်တည်ထောင်ခဲ့သော၊ အရှေ့တောင်အာရှနှင့် စင်ကာပူတွင် ကျန်းမာရေးစောင့်ရှောက်မှု အဓိကပေးနေသော အဖွဲ့အစည်းတစ်ခုဖြစ်သည့် Raffles Medical Group ၏ အထူးကုဆေးရုံကြီးဖြစ်ပါသည်။ Raffles ဆေးရုံကြီးသည် လေဆိပ်မှကားဖြင့်သွားလျှင် (၁၅) မိနစ် အတွင်း ရောက်နိုင်သော မြို့လယ်အချက်အချာကျသောနေရာတွင်တည်ရှိသောကြောင့် လူနာများအတွက် သွားရေးလာရေးအဆင်ပြေစေပါသည်။ ဆေးရုံပတ်၀န်းကျင်တွင် ဈေး၀ယ်ရှော့ပင်းမောကြီးများ၊ စားသောက်ဆိုင်ကြီးများ ရှိခြင်းတို့ကြောင့် လူနာများအတွက် အဆင်ပြေမှုဖြစ်စေပါသည်။

        နှစ်ပေါင်း (၄၀) စံချိန်မှီRaffles အမည်နှင့် လိုက်ဖက်ညီစွာဖြင့် လူနာလိုအပ်ချက်များကို အဓိကထားသည့် ကျန်းမာရေးစောင့်ရှောက်မှုကို Group Practice Model ဖြင့် သက်ဆိုင်ရာ အထူးကု ဆရာ၀န်ကြီးများ၊ သူနာပြုများ၊ ၀န်ထမ်းများပူးပေါင်း၍ လိုအပ်ချက်မရှိအောင် ၀န်ဆောင်မှု ပေးလျက်ရှိပါသည်။

        Raffles ဆေးရုံသည် အဆင့်မြင့်ပုံရိပ်ရိုက်ကူးရေး ပစ္စည်းကိရိယာ နည်းပညာအပြည့်အစုံရှိသော ပုဂ္ဂလိကအထူးကုဆေးရုံကြီးဖြစ်ပါသည်။ ရရှိနိုင်သော အဆင့်မြင့်ပုံရိပ်ရိုက်ကူးရေး ၀န်ဆောင်မှုများတွင်

   -   Computer Tomography Scanning (CT)

   -   Magnetic Resonance Scanning (MRI)

   -   Positron Emission Tomography (PET) တို့ပါ၀င်သည်။

        ကျန်းမာရေးစစ်ဆေးခြင်း packages များအတွက် Raffles ဆေးရုံ ၁၂ ထပ်ရှိ Raffles HealthScreeners အပြင် Raffles Medical ဆေးခန်းများတွင်လည်း ကျန်းမာရေးစစ်ဆေးမှုများကို လုပ်ဆောင်နိုင်ပါသည်။ ကြိုတင်ရက်ချိန်းရယူလိုပါကဖုန်း (၆၅) ၆၃၁၁ ၁၂၂၂ သို့ ဆက်သွယ်နိုင်ပါသည်။ မြန်မာနိုင်ငံရှိ ဆေးရုံ ကိုယ်စားလှယ်များထံမှတစ်ဆင့်လည်း ဆက်သွယ်နိုင်ပါသည်။

Raffles အထူးကုဌာနများ

 

 

        Raffles ဆေးရုံကြီးတွင် အထူးကုဌာနပေါင်း (၂၀) ကျော်ရှိပါသည်။ လူနာမှတ်ပုံတင်ခြင်း၊ အထူးကု ဆရာ၀န်ကြီးများနှင့် ပြသခြင်း၊ ဆေးဝါးထုတ်ပေးခြင်း၊ ငွေပေးချေခြင်း စသည်တို့ကို တစ်နေရာတည်း ဆောင်ရွက်နိုင်ရန် အထူးကုဌာနတိုင်းတွင်စီစဉ်ထားပါသည်။

 

Raffles ကင်ဆာအထူးကုဌာန

-  မျိုးရိုးဗီဇကင်ဆာစစ်ဆေးခြင်း။

-  ကင်ဆာရောဂါအမျိုးမျိုးကုသပေးခြင်း။

-  ဇီ၀ကုထုံးဖြင့်ကုသခြင်း။

-  ခွဲစိတ်ကုသခြင်း။

-  ဟော်မုန်းဖြင့်ကုသခြင်း။

-  ကင်ဆာအကျိတ်ကိုမခွဲစိတ်ရဘဲထုတ်ပေးခြင်း။

-  ဆေးရုံမတက်ရဘဲဆေးသွင်းကုသပေးခြင်း။

 

Raffles နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဌာန

-  အထွေထွေ နား၊ နှာခေါင်း၊ လည်ချောင်းဆိုင်ရာ ရောဂါများ ကုသပေးခြင်း။

-  ဓာတ်မတည့်ခြင်းကို စစ်ဆေးပေးခြင်း။

-  ဦးခေါင်း နှင့် လည်ပင်းပိုင်းဆိုင်ရာ စစ်ဆေးပေးခြင်း။

-  ကလေး နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုပေးခြင်း။

-  အိပ်နေစဉ်ဟောက်တတ်သောရောဂါများ ရှာဖွေစစ်ဆေး ကုသပေးခြင်း။

 

Raffles နှလုံးအထူးကုဌာန

-  နှလုံးရောဂါအမျိုးမျိုး ရှာဖွေ၊ စစ်ဆေး၊ ကုသပေးခြင်း။

-  နှလုံးသွေးကြောချဲ့ပေးပြီး သွေးကြောပြွန်ထောက် ထည့်ပေးခြင်း။

-  နှလုံးခွဲစိတ်ကုသခြင်း။

-  နှလုံးနှိုးစက် တပ်ဆင်ပေးခြင်း။

-  နှလုံးလုပ်ဆောင်ချက် ချို့ယွင်းချက်အမျိုးမျိုးအား မခွဲစိတ်ရဘဲကုသပေးခြင်း။

 

Raffles သားဖွားမီးယပ်အထူးကုဌာန

-  ကိုယ်၀န်ဆောင်လူနာ၊ မွေးလူနာ ပြုစုစောင့်ရှောက်ခြင်း။

-  သနေ္ဓသားကျန်းမာရေးစစ်ဆေးခြင်း။

-  ဖန်ပြွန်သနေ္ဓသားဆောင်ရွက်ပေးခြင်း။

-  အမျိုးသမီးရောဂါအမျိုးမျိုး ခွဲစိတ်ကုသပေးခြင်း။

 

Raffles ကလေးအထူးကုဌာန

-  ကလေးရောဂါအမျိုးမျိုးစမ်းသပ်ရှာဖွေကုသပေးခြင်း။

-  ကြီးထွားဖွံ့ဖြိုးမှုပြဿနာဖြေရှင်းပေးခြင်း။

-  မွေးကင်းစကလေးရောဂါရှာဖွေစစ်ဆေးပေးခြင်း။

-  ကလေးပန်းနာရင်ကြပ်အထူးကြပ်မတ်ကုသပေးခြင်း။

-  အဆုတ်ရင်ခေါင်းဆိုင်ရာရောဂါအမျိုးမျိုးကုသပေးခြင်း။

-  ဖျားနာမှုအမျိုးမျိုးကုသပေးခြင်း။

-  ကာကွယ်ဆေးအမျိုးမျိုးထိုးနှံပေးခြင်း။

 

Raffles မျက်စိအထူးကုဌာန

-  အတွင်းတိမ်ခွဲစိတ်ကုသခြင်း။

-  မျက်ကပ်မှန်နှင့်ပတ်သက်သော နောက်ဆက်တွဲရောဂါများ ကုသပေးခြင်း၊ ပြန်လည်ချိန်ညှိခြင်း။

-  မျက်ကြည်လွှာရောဂါကုသခြင်း။

-  ဆီးချိုကြောင့့့်ဖြစ်တတ်သော မျက်စိပြဿနာများစစ်ဆေးခြင်း။

-  မျက်စိရောဂါအမျိုးမျိုးစစ်ဆေးပေးခြင်း။

-  မျက်စိရေတိမ်ရောဂါ ခွဲစိတ်ကုသပေးခြင်း။

 

Raffles အရိုးအထူးကုဌာန

-  ဒူးခေါင်းအရွတ်ပြုပြင်ပေးခြင်း နှင့် ဒူးခေါင်းအဆစ်အစားထိုး ကုသခြင်း။

-  တင်ပဆုံအဆစ်ပြုပြင်ပေးခြင်း နှင့် တင်ပဆုံအဆစ်အစားထိုး ကုသခြင်း။

-  ပခုံးနှင့်တတောင်ဆစ် ခွဲစိတ်ကုသပေးခြင်း။

-  လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသခြင်း။

-  အာရုံကြောမကြီး ခွဲစိတ်ကုသခြင်း။

 

Raffles ခွဲစိတ်အထူးကုဌာန

-  အ၀မလွန်အောင် အစာအိမ်ခွဲစိတ်ကုသခြင်း။

-  ရင်သားခွဲစိတ်ကုသခြင်း။

-  အထွေထွေခွဲစိတ်ကုသခြင်း။

-  အစာအိမ်၊ အူမကြီး မှန်ပြောင်းကြည့်ရှုခြင်း။

 

တစ်ခြားအထူးကုဌာနများမှာ - 24 hour Emergency | Raffles Chinese Medicine | Raffles Counselling Centre | Raffles Dental | Raffles Diabetes & Endocrine Centre | Raffles Dialysis Centre | Raffles Health Screener | Raffles Internal Medicine | Raffles Japanese Clinic | Raffles Neuroscience Centre | Raffles Nuclear Medicine Centre |Raffles Pain Management Centre |Raffles Radiology Centre | Raffles Rehabilitation Centre | Raffles Skin & Aesthetics Centre |Raffles Urology Centre |

 

Raffles ဆေးရုံကြီးတွင် မြန်မာလူနာများအား ဆေးကုသမှု အဆင်ပြေစေရန်အတွက်

 -   သက်ဆိုင်ရာအထူးကုဆရာ၀န်ကြီးများနှင့် ရက်ချိန်းယူပေးခြင်း။

 -   E-visa လျှောက်ပေးခြင်း။

-    ခရီးသွားလာရန် စီစဉ်ဆောင်ရွက်ပေးခြင်း။

 -   လေဆိပ်အကြိုအပို့ စီစဉ်ပေးခြင်း။

 -   အရေးပေါ်လူနာပြုစုပြီး ဆေးရုံသို့ပို့ဆောင်ရန် ဆက်သွယ်ဆောင်ရွက်ပေးခြင်း။

 -   ဆေးရုံတက်ရန်လိုအပ်ပါက အစစအရာရာ စီစဉ်ပေးခြင်း။

 -   စကားပြန်စီစဉ်ပေးခြင်း။

 -   ပြန်ယူသွားမည့် ဆေးဖိုးအတွက်ပေးထားရသော အခွန်ငွေပြန်ထုတ်နိုင်ရန် စီစဉ်ပေးခြင်း။

 -   ဧည့်ကြို၀န်ဆောင်မှုများပေးခြင်း စသည်ဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

 

တိုင်ပင်ဆွေးနွေးလိုသူများအောက်ပါအတိုင်းဆက်သွယ်စုံစမ်းနိုင်ပါသည်။

1. Raffles Hospital Patient Liaison Office Myanmar

၅၅ (ခ) ၊ သာယာ၀တီလမ်း၊ ဆရာစံရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - (၀၁) ၈၆၀၄၀၅၇ | (၀၉) ၅၁၂၇၆၂၅ | အီးမေးလ်- [email protected] |                                      

 

2. ဒေါက်တာထိန်လင်း | ဖုန်း - (၆၅) ၆၃၁၁ ၁၃၃၇ | ဖက်စ် (၆၅) ၆၃၁၁ ၂၂၁၉ | [email protected] |

 

3. ကိုသန့်ဟိန်းစိုး | ဖုန်း - (၆၅) ၆၃၁၁ ၁၆၅၇ | ဖက်စ် (၆၅) ၆၃၁၁ ၂၂၁၉ | [email protected] |

 

4. မဝါဝါလင်း | ဖုန်း - (၆၅) ၆၃၁၁ ၁၆၇၂ | ဖက်စ် (၆၅) ၆၃၁၁ ၂၂၁၉ | [email protected] |

 

5. ၂၄ နာရီဆက်သွယ်ရန် | ဖုန်း - (၆၅) ၆၃၁၁ ၁၂၂၂ | [email protected] |

  • 1.301263898103647
    103.85730496280667
  • Raffles Hospital
    Raffles Hospital
18
Connection Error to Google Map