ဓာတုပစ္စည်းလောင်ကျွမ်းခြင်း
ဓာတုပစ္စည်းကြောင့်ဖြစ်သော လောင်ကျွမ်းမှုအတွက်ရှေးဦးကုသမှု
၁။ လောင်ကျွမ်းခံရတဲ့နေရာကို ရေအေးနဲ့ဆေးပေးပါ။
- မိနစ် ၂၀ လောက်ရေအေးနဲ့ဆေးပေးပါ။ ဒဏ်ရာကို ဆေးကြောထားတဲ့ရေများကို ခန္ဓာကိုယ်အခြား အစိတ််အပိုင်းများသို့ ဖိတ်စင်ခြင်းမရှိအောင် ဂရုစိုက်ပါ။ သန့်ရှင်းသောရေဖြင့်သာ ဆေးကြောပါ။
- ဓာတုပစ္စည်းများနှင့် ထိတွေ့ထားသောအ၀တ်အစား၊ လက်၀တ်လက်စားစတာတွေကို ချွတ်ပစ်ပါ။
- ဓာတုပစ္စည်းမှာဖော်ပြထားတဲ့ အန္တရာယ်ကြုံရပါက လုပ်ဆောင်ရမည့်ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ပါ။



























