/
taxonomy/term/359

နှာခေါင်းသွေးလျှံခြင်း

နှာခေါင်းသွေးလျှံခြင်းအတွက် ရှေးဦးကုသမှု

၁။      သွေးတိတ်အောင်ပြုလုပ်ပါ။

-        နှာခေါင်းသွေးလျှံနေသူအားတစ်နေရာရာကိုမှီခိုင်းပြီးတည့်တည့်မတ်မတ်ထိုင်ခိုင်းပါ။

-        လဲလျောင်းခြင်း၊ ခေါင်းကိုယမ်းခါခြင်းမပြုလုပ်ရပါ။

-        ခန္ဓာကိုယ်ကိုရှေ့သို့အနည်းငယ်ကိုင်းခိုင်းပြီး နှာခေါင်းကိုလက်မ၊ လက်ညှိုးနှင့်တစ်မိနစ်(သို့) နှစ်မိနစ် ခန့် တင်းကြပ်စွာ ညှစ်ထားပေးပါ။

-        ထို့နောက် နှာခေါင်းကိုလွှတ်ပေးပြီးခေါင်းမော့ကာအသက်ရှူခိုင်းပါ။

-        အထက်ပါအတိုင်း ၅ မိနစ်၊ ၁၀ မိနစ်ခန့်အကြိမ်ကြိမ်ပြုလုပ်ပေးပါ။