ကလေးကင်ဆာ လက္ခဏာများ
နုနယ်တဲ့ ကလေးငယ်လေးတွေမှာ ကြောက်မက်ဖွယ် ကင်ဆာရောဂါဆိုးကြီး ဖြစ်လာခဲ့ရင် မိဘရော ကလေးပါ အလူးအလဲ ခံစားရတတ်ပါတယ်။ ဒါကြောင့် ဒီရောဂါဆိုးကြီးကို မဖြစ်ခင် ကြိုတင်ကာကွယ်ဖို့ အရေးကြီးသလို ဖြစ်လာခဲ့ရင်လည်း ရောဂါနုစဉ်စောစောသိ စောစောကုသနိုင်ဖို့ အရေးကြီးပါတယ်။
အောက်မှာ ဖော်ပြထားတဲ့ လက္ခဏာရပ်တွေဟာ ကင်ဆာရောဂါလက္ခဏာတွေ ဖြစ်နေနိုင်တာကြောင့် (ဖြစ်ဖို့ နည်းပေမယ့်) ဆရာဝန်နဲ့ ပြသတိုင်ပင်ဖို့ လိုအပ်ပါတယ်။
♦ ဆီး မသွားနိုင်ခြင်း၊ ဆီးထဲတွင် သွေးပါနေခြင်း
(အယောက် 1000 မှာ 3 ယောက်ခန့် ကင်ဆာ ဖြစ်နေနိုင်ပါတယ်။)
♦ ခန္ဓာကိုယ်မှာ အဖုအကြိတ်တွေ စမ်းမိခြင်း
(အယောက် 1000 မှာ 2 ယောက်ခန့် ကင်ဆာ ဖြစ်နေနိုင်ပါတယ်။)
♦ လည်ပင်း တစ်ဖက်တစ်ချက်မှာ အကျိတ်တွေ ရောင်နေခြင်း
(အယောက် 1000 မှာ 1 ယောက်ခန့် ကင်ဆာ ဖြစ်နေနိုင်ပါတယ်။)
♦ ဆက်တိုက် ခါးနာနေခြင်း
(အယောက် 1000 မှာ 1 ယောက်ခန့် ကင်ဆာ ဖြစ်နေနိုင်ပါတယ်။)
♦ ဆက်တိုက် ပင်ပန်းနွမ်းနယ်နေခြင်း
(အယောက် 1000 မှာ 1 ယောက်ခန့် ကင်ဆာ ဖြစ်နေနိုင်ပါတယ်။)
♦ ဘာကြောင့်မှန်းမသိဘဲ တက်ခြင်း၊ အပြုအမူ၊ အကျင့်စရိုက်များ ပြောင်းလဲခြင်း၊ အမြင်အာရုံ ပြောင်းလဲခြင်း
(အယောက် 1000 မှာ 1 ယောက်ခန့် ကင်ဆာ ဖြစ်နေနိုင်ပါတယ်။)
♦ မကြာခဏ သွေးခြေဥတတ်ခြင်း
(အယောက် 1000 မှာ 1 ယောက်ခန့် ကင်ဆာ ဖြစ်နေနိုင်ပါတယ်။)
♦ ဆက်တိုက် ခေါင်းကိုက်နေခြင်း
(အယောက် 1000 မှာ 1 ယောက်ခန့် ကင်ဆာ ဖြစ်နေနိုင်ပါတယ်။)
ဒါ့အပြင် -
● ဆက်တိုက် ဗိုက်နာနေခြင်း၊ ဗိုက်မှာ အလုံးတွေ စမ်းမိခြင်း
● အစားအသောက် ပျက်ခြင်း၊ အလိုလိုနေရင်း ကိုယ်အလေးချိန် ကျဆင်းခြင်း
● အလိုလိုနေရင်း ချွေးထွက်ခြင်း၊ ဖျားခြင်း
● မကြာခဏ ပိုးဝင်ခြင်း၊ တုပ်ကွေးမိခြင်း
● မကြာခဏ အကြောင်းမဲ့အန်ခြင်း
● မျက်လုံးမှာ တစ်ခုခုဖြစ်ခြင်း၊ ဓာတ်ပုံမှာ ပုံမမှန် မျက်လုံးရောင်ပြန်နေခြင်း။
ဒီရောဂါလက္ခဏာတွေ တွေ့တိုင်း ကင်ဆာတော့ မဟုတ်ပါဘူး။ အခြားရောဂါတွေလည်း ဖြစ်နိုင်ပါသေးတယ်။ ဒါပေမဲ့လည်း သေချာအောင် ဆရာဝန်နဲ့ ပြသစစ်ဆေးကြည့်ရင်တော့ ပိုစိတ်ချရပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)