ကလေးကိုချစ်ရင် နှုတ်ခမ်းကို မနမ်းပါနှင့်
ပါးမို့မို့ဖောင်းဖောင်း၊ မျက်လုံးဝိုင်းစက်စက်၊ နှုတ်ခမ်းစူဖူးဖူးလေးတွေနဲ့ မွေးခါစ ကလေးငယ်ငယ်လေးတွေဟာ ဘယ်လိုနေနေ ချစ်စရာကောင်းနေတတ်ကြပါတယ်။ဒါကြောင့် လူကြားထဲကိုရောက်ကြပြီဆိုရင် လူတကာဟာ ကလေးလေးတွေကို ပွေ့ချင်ချီချင်နမ်းချင် တတ်ကြပါတယ်။
ဒါကြောင့်မိဘတွေဟာ ကလေးကို လူတကာ ပွေ့ချီနမ်းရှုံ့ပြီးပါက ဘတ်တီရီးယားပိုးမွှားတွေ တွယ်ကပ်မှုရှိမနေစေဖို့ ပိုးသတ်ပုဝါနဲ့ သေချာသုတ်သင် ပေးသင့်ပါတယ်။
ဒါပေမယ့် ဘယ်လိုပဲသန့်ရှင်းအောင်သုတ်သုတ် ခေါင်းမာတတ်တဲ့ ပိုးတစ်မျိုးရှိနေပါတယ်။ နမ်းရှု့ံရာမှ ကူးစက်တတ်ပြီး သေစေလောက်တဲ့အထိ ဖြစ်တတ်ပါတယ်။
Ceelin Plus 1

နမ်းရှုံ့ခြင်းရဲ့ အန္တရာယ်သားကောင် ကလေးငယ်များ
ကလဲရ် ဟင်ဒါဆင် ရဲ့သမီးကလေး ဘရွတ်ခ်ကို မွေးဖွားစဉ်က ဆွေမျုးိအပေါင်းအသင်း အတော်များများဟာ ဆေးရုံကို သတင်းမေး ကလေးလာကြည့်ကြပါတယ်။ ဒီလိုလာကြည့်ကြသူထဲမှာ ရေယုန်ရောဂါပိုး (Herpes simplex virus 1) သယ်ဆောင်ထားသူတစ်ဦးပါလာခဲ့တာကိုတော့ တစ်ဦးတစ်ယောက်မျှ မသိခဲ့ကြပါဘူး။
ဒီရောဂါဟာ မထင်မှတ်လောက်အောင်ကို အဖြစ်များပါတယ်။ တစ်ကမ်ဘာလုံးရဲ့ လူဦးရေ ၆၇%ဟာ ရောဂါပိုးရှိနေနိုင်ပြီး အတော်များများဟာ ဘရွတ်ခ်ကလေးကို လာကြည့်သူလိုပဲ ပိုးရှိမှန်းမသိ ရှိနေတတ်ကြပါတယ်။
လူကြီးတစ်ယောက်ရဲ့ ကိုယ်ခံစွမ်းအားဟာ ရောဂါပိုးကို ခံနိုင်ရည်ရှိတဲ့အတွက် နမ်းရှု့ံရုံလောက်မျှနဲ့ ရောဂါကြီးကြီးမားမား မဖြစ်တတ်ကြပါဘူး။ အဆိုးဆုံး ပါးစပ်ရေယုံအနာပေါက်ရုံလောက်သာ ဖြစ်တတ်ပါတယ်။
ဒါပေမယ့် မွေးခါစကလေးတစ်ယောက်ရဲ့ ကိုယ်ခံစွမ်းအားအရတော့ သေစေနိုင်တဲ့အထိ ဖြစ်တတ်ပါတယ်။
Ceelin Plus 2

တစ်ရက်မှာ ကလဲရ်ဟာ ကလေးထမင်းခွ့ံရင်း ဘရွတ်ခ်ရဲ့ ပါးစပ်နားတစ်ဝိုက်မှာ အနာဖုလေးတွေ ပေါက်လုဆဲဆဲဖြစ်နေတာကို တွေ့ရပါတယ်။ ဆေးရုံရောက်တဲ့အခါ ဆရာဝန်တွေက ကလေးတွေဟာ မွေးခါစ၃လအတွင်းမှာ ဒီရေယုန်ဗိုင်းရပ်စ်ပိုး(HSV1) ကို ထိတွေ့မိပါက ပိုးဟာ ကလေးခန္ဓာကိုယ်တစ်ခုလုံးကို ပျ့ံနှံ့ပြီး ဦးနှောက်နဲ့ အသည်းပျက်စီး ဆုံးရှုံးသွားနိုင်တယ်လို့ ဆိုပါတယ်။
ကံကောင်းထောက်မတာကတော့ ဘရွတ်ခ်လေးရဲ့ ရောဂါအခြေအနေဟာ ကုသလို့နိုင်သေးတာပဲ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီလိုရောဂါပိုးဝင်သူ ကလေးမိဘအချို့ကတော့ ဒီလို ကံမကောင်းကြပါဘူး။
၂၀၀၈ခုနှစ်မှာ ချားလော့နဲ့မိုဟာမက် ဇနီးမောင်နှံဟာ ၁၁လသမီးကလေး မိုင်ရာကို ဆုံးရှုံးခဲ့ကြပါတယ်။ မိုင်ရာကလေးရဲ့ ခန္ဓာကိုယ်ဟာ HSV1 ဗိုင်းရပ်စ်ကို ပြန်တိုက်ဖို့ ခုခံစွမ်းအား မတိုးတက်သေးတဲ့အတွက် ဖြစ်ပါတယ်။
ထို့အတူပဲ ၂၀၁၃မှာ ၂လအရွယ် ကိုင်ဒန် မက်ကောမစ်ခ် လေးဟာ သူအဖေရဲ့ နမ်းရှုံ့မှုကနေ HSV1 ဗိုင်းရပ်စ်ပိုး ကူးစက်ရာမှ အသီးအကင်းဘဝမှာတင် စောကြွေခဲ့ရပါတယ်။
ကလေးတွေမှာ HSV1 ဗိုင်းရပ်စ်ပိုးမဖြစ်အောင် ဘယ်လို ကာကွယ်ကြမလဲ။
လူအများစုဟာ ကလေးကို နမ်းရှုံ့လိုက်ခြင်းက ဘယ်လောက်အထိ အန္တရာယ်ရှိတယ်ဆိုတာ မသိကြပါဘူး။ ဒါကြောင့် အခုသိပြီးတဲ့အခါ နောက်ပိုင်းမှာ ရောဂါပိုးရဲ့ ရောဂါလက္ခဏာတွေ မရှိခဲ့ရင်တောင် ကလေးလေးတွေကို အလွယ်တကူ အမှတ်တမဲ့ မျက်နှာကို နမ်းခြင်း မလုပ်သင့်ပါဘူး။
ကလေးတွေမှာလည်း အောက်ပါရောဂါလက္ခဏာတွေ ရှိမရှိကို အမြဲတစေ မျက်ခြေမပျက် ကြည့်သင့်ပါတယ်။
- ဖျားနာခြင်း
- ဂျီအလွန်ကျနေခြင်း
- ပါးစပ် နှုတ်ခမ်းတစ်ဝိုက် ပူစပ်ပူလောင်ဖြစ်နေခြင်း
- မျက်နှာမှာ ရေယုန်အနာများ ပေါက်နေခြင်း
ဒီလက္ခဏာတွေရှိနေပါက ကလေးကို နီးစပ်ရာဆေးရုံကို အမြန်ခေါ်သွားသင့်ပါတယ်။ အချိန်မီဆေးရုံရောက်မှသာလျှင် ဆရာဝန်များက ရောဂါကို ပျောက်ကင်းအောင် ကုသ အသက်ကယ်နိုင်မှာ ဖြစ်ပါတယ်။
Dr. Emerald (www.drmyanmar.com)






























