ကလေးကိုအန္တရာယ်ကင်းအောင် ဘယ်လိုစောင့်ရှောက်ကြမလဲ
1. ကားထဲမှာ ကလေးကိုအန္တရာယ်ကင်းအောင် ဘယ်လိုစောင့်ရှောက်ကြမလဲ
• အန္တရာယ်ကင်းစေဖို့အတွက် ကလေးနဲ့ ကိုက်ညီတဲ့ ထိုင်ခုံက ကားထိုင်ခုံမှာသေချာတပ်ဆင်ထားပြီးတော့ မျက်နှာလှည့်တဲ့လားရာ မှန်ဖို့အရေးကြီးပါတယ်။ ကလေးအတွက် အန္တရာယ်အကင်းဆုံးခုံကတော့ ကားနောက်ခန်းခုံရဲ့အလယ်ခုံပါ။
• ကလေးကို ကားဂိုဒေါင်တွေ၊ ကားသွားတဲ့လမ်းတွေနဲ့ ကားအနီးအနားတွေမှာ မကစားပါစေနဲ့။ မိဘတွေအနေနဲ့ ကားမောင်းမထွက်ခင်မှာ ကားနောက်တွေနဲ့ အောက်တွေကို သေချာစစ်ဆေးပြီးမှသွားတဲ့အကျင့်လုပ်ထားသင့်ပါတယ်။
• ကားထဲကနေထွက်ပြီဆိုရင် ကားတံခါးတွေကို လော့ချဖို့နဲ့ ကားသော့ကိုကလေးလက်လှန်းမမှီတဲ့နေရာ၊ မမြင်သာတဲ့နေရာတွေမှာထားဖို့ မမေ့ပါနဲ့။
• ကလေးကို တစ်စက္ကန့်လောက်ပဲဖြစ်ဖြစ် ကားပေါ်မှာတစ်ယောက်တည်းမထားခဲ့ပါနဲ့။
Nutroplex 1
2. လူကြားထဲတွေကိုသွားမယ်ဆိုရင် ကလေးကိုဘယ်လိုစောင့်ရှောက်ကြမလဲ
• ကလေးကို လူကြီးမပါဘဲနဲ့ တစ်ယောက်တည်း ခဏလေးတောင်မထားခဲ့ပါနဲ့။ စတိုးဆိုင်တွေမှာဆိုရင် ကလေးကို ဈေးဝယ်တွန်းလှည်းတွေထဲမှာထည့်ခေါ်သွားပါ။
• ရေတွေနားကိုသွားပြီဆိုရင်လည်း အမြဲကြည့်ပေးနေတဲ့လူကြီးမရှိဘဲနဲ့ ကလေးကိုလေမှုတ်တဲ့ ရေကစားပစ္စည်း ဥပမာ ဘောကွင်းတွေနဲ့ မဆော့ပါစေနဲ့။ ဒါတွေက အချိန်မရွေးလေလျော့သွားတာ၊ ကလေးဒီထဲကချော်ထွက်သွားတာမျိုးတွေဖြစ်နိုင်ပါတယ်။
• မိဘတွေအနေနဲ့ ရေမကူးတတ်ဘူးဆိုရင် ရေကူးသင်ထားသင့်ပါတယ်။
• ကလေးကို ကိုယ်မသိတဲ့တိရိစၦာန်တွေနားကို ဘယ်တော့မှမကပ်ဖို့နဲ့ အိမ်မွေးတိရိစၧာန်တွေကို အတင်းဆွဲဖမ်းတာ၊ ကိုင်တာတွေမလုပ်ဖို့ သင်ပေးထားပါ။
• နေလောင်တာကလည်း ကလေးရဲ့အရေပြားကိုထာဝရပျက်စီးမှုတွေဖြစ်စေနိုင်တဲ့အတွက်ကြောင့် အသက် ၁၂ လအောက်ကလေးငယ်တွေကိုဖြစ်နိုင်ရင် နေရောင်နဲ့မထိတွေ့ပါစေနဲ့။ နေမထိအောင်မရှောင်နိုင်ဘူးဆိုရင်တော့ နေကာမျက်မှန်၊ ဂုတ်တွေပါလုံတဲ့ဦးထုပ်အဝိုင်းကြီးတွေ၊ နေကာတဲ့အဝတ်အစားတွေဝတ်ပေးပါ။ အပြင်မထွက်ခင်မှာ ကလေးကို SPF 30 နဲ့အထက်ပါဝင်တဲ့ နေကာခရင်နဲ့ နှုတ်ခမ်းလိမ်းဆေးတွေလိမ်းပေးပါ။ အသက် ၆လအောက် ကလေးတွေကိုတော့ နေကာခရင်လိမ်းပေးလို့မရပါဘူး။
• ကလေးကို ရေမြောင်းထဲမှာနဲ့ အနီးအနားမှာဘယ်တော့မှမဆော့ပါစေနဲ့။
• ကလေးတွေကို လူစိမ်းတွေရဲ့အန္တရာယ်ကိုသိအောင်ရှင်းပြထားပါ။ ကလေးအများစုက ကိုယ်သိတဲ့ မိသားစု၊ မိတ်ဆွေတွေကလွဲ၇င် သူစိမ်းတွေနောက်ကို တော်ရုံတန်ရုံမလိုက်တတ်ပေမယ့်လည်း ကလေးကိုသူစိမ်းတစ်ယောက်ယောက်တွေ့ရင်၊ ကြောက်ရင်ဘယ်လိုလုပ်ရမယ်ဆိုတာကို သင်ထားပေးါပ။
• ကလေးကိုမရင်းနှီးတဲ့အိမ်ကို အိမ်လည်ခေါ်မသွားခင်မှာ အဲဒီမှာ ကလေးအတွက်အန္တရာယ်ဖြစ်စေမယ့်အရာတွေရှိမရှိ အိမ်ရှင်ကိုမေးထားပါ။ ဖြစ်နိုင်ရင် ကိုယ်အရင်သွားပြီးစစ်ကြည့်တာအကောင်းဆုံးပါပဲ။
Dr. Mya Myo Myo Swe(www.drmyanmar.com)
Nutroplex 2
(Unicode)
• ကလေးကို တဈစက်ကန့ျလောကျပဲဖွဈဖွဈ ကားပေါျမှာတဈယောကျတညျးမထားခဲ့ပါနဲ့။
Dr. Mya Myo Myo Swe(www.drmyanmar.com)






























