/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးကို-ခြင်ကိုက်မခံရအောင်-ဘယ်လိုကာကွယ်မလဲ

ကလေးကို ခြင်ကိုက်မခံရအောင် ဘယ်လိုကာကွယ်မလဲ

Category
ကလေးများနှင့်ကျန်းမာရေး

အားလုံးသိထားကြတဲ့အတိုင်း ခြင်မှတဆင့်ကူးစက်တတ်တဲ့ ရောဂါတွေ အများကြီးရှိပါတယ်။ ဒီထဲမှာက လူတိုင်းကြောက်ကြတဲ့ သွေးလွန်တုပ်ကွေး၊ Zika ၊ ငှှက်ဖျား စတဲ့ ရောဂါတွေ ပါ၀င်ပါတယ်။

ကိုယ့်ရဲ့ ကလေးမှာ ဒီရောဂါတွေ ကူးစက်မခံရဖို့ အကောင်းဆုံးနည်းလမ်းကတော့ ကလေးငယ်ကို ခြင်နင့်ထိတွေ့မှုမရှိအောင် ကြိုတင်ကာကွယ်ထားဖို့ပါပဲ။

1.ရောင်နီပျိုးချိန်နှင့် နေ၀င်ရီတရောအချိန်တွေဟာ ခြင်အကိုက်ဆုံးအချိန်တွေဖြစ်တာကြောင့် ဒီအချိန်တွေ၌ ကလေးငယ်ကို အပြင်သို့ခေါ်မသွားပါနှင့်။

2.အပြင်သွားရမယ်ဆိုရင်လည်း ချောင်ချိတဲ့ အကျႌရှည်၊ ဘောင်းဘီရှည်၊ ခြေစွပ်၊ ဦးထုပ် စတာတွေ ၀တ်ဆင်ထားပေးပါ။

3.ကလေးက သိပ်ငယ်လွန်းသေးရင် ကလေးငယ်နှင့်အတူ အပြင်ထွက်မည်ဆိုပါက ခြင်လုံဇကာပါတဲ့ တွန်းလှည်းဖြင့်သာ ခေါ်ဆောင်သွားပါ။

4.အိမ်မှာရှိတဲ့ တံခါးတွေ၊ ပြတင်းပေါက်တွေမှာ ခြင်လုံစကာ တပ်ထားပါ။

5.တောက်ပပြီး ပွင့်ရိုက်ထားတဲ့ စားပွဲခင်း၊ အိပ်ရာခင်းတွေမှာ ခြင်တွေ ခိုအောင်းနိုင်တာကြောင့် အသုံးပြုပါနဲ့။

6.ကလေးကို ဘယ်အချိန်သိပ်သိပ် ခြင်ထောင်ဖြင့် သိပ်ပါ။

7.အိမ်မှာ ခြင်ခိုအောင်းနေနိုင်တဲ့ နေရာတွေမှာ ရေမ၀ပ်အောင် ဂရုစိုက်ပါ။

8.ခြင်တွေခိုအောင်းနေနိုင်တဲ့ ပန်းချုံ၊ ချုံပုတ်၊ အမှိုက်ပုံး စတာတွေကို ရှင်းလင်းပါ။

9.ဘုရားပန်းအိုးကို နေ့စဉ်ရေလဲလှယ်ပေးပါ။ ပန်းအိုးအဟောင်း၊ တာယာအဟောင်း စတာတွေရှိပါက ရေ၀ပ်နေနိုင်တာကြောင့် မလိုအပ်တော့ရင် စွန့်ပစ်ပါ။

10.အမွှေးနံ့က ခြင်တွေကို စွဲဆောင်နိုင်တဲ့အတွက် ကလေးကို မွှေးရနံ့မပြင်းတဲ့ ထုတ်ကုန်တွေကိုသာ အသုံးပြုပေးပါ။

11.ခွေးစာ၊ ကြောင်စာခွက်ထဲက ရေကို ပုံမှန် လဲလှယ်ပေးပါ။

www.drmyanmar.com

(Unicode)














www.drmyanmar.com