ကလေးကို အစားအသောက်ကျွေးနည်းအမှားများ
၁။ ဖိအားအရမ်းပေးခြင်း
ကလေးကိုအစားဖို့ ဖိအားပေးခြင်းကို ပညာရှင်တွေက ကန့်ကွက်ကြပါတယ်။ ကလေးကို အတင်းဖိအားပေးကျွေးလေလေ ကလေးဟာ အစာမစားချင်လေလေ ဖြစ်လာနိုင်ပါတယ်။
ကလေးကိုဖြည့်စွက်စာစကျွေးစဉ်ကတည်းက စကြုံရတတ်တဲ့ပြဿနာတစ်ခုပဲဖြစ်ပါတယ်။ ဒီလိုအချိန်မှာ အတင်းကျွေးတာမျိုးလုပ်တတ်ကြပါတယ်။ ကလေးဟာ အရသာ၊ အတွေ့အထိ အပြောင်းအလဲကို တော်ရုံလက်မခံတတ်ကြတဲ့အတွက် ပထမ၃၊၄ဇွန်းလောက် ကျွေးကြည့်ပြီး မစားတဲ့အခါ ဇွန်းကိုခဏချထားလိုက်ပါ။ တချို့ကလေးတွေကတော့ အိမ်မှာကိုယ်တိုင်လုပ်တဲ့ ဖြည့်စွက်စာပျော့ပျော့ကို ပိုလက်ခံတတ်ကြပါတယ်။ အစာကိုဘယ်လိုကျွေးမလဲ၊ ဘယ်လိုပြင်ဆင်မလဲဆိုတာဟာမိဘတွေမှာ တာဝန်ရှိပါတယ်။
၂။ ကလေးအတွက် ဥပမာကောင်းမဖြစ်ခြင်း
ကလေးတွေကို ကောင်းကောင်းစားစေချင်ရင် မိဘတွေကိုယ်တိုင်က ကျန်းမာရေးနဲ့ ညီမျှစွာစားသောက်ပြရပါမယ်။ အစားမစားပဲနေတာ၊ အလွန်အကျွံစားတာ၊ အသီးအရွက်မစားတာ၊ အစားရွေးတာ၊ ကလေးကို တစ်ယောက်တည်းစားစေတာ စတာမျိုးတွေမလုပ်ပြပဲ ကိုယ်ကိုယ်တိုင်က ရှေ့ဆောင်လမ်းပြကောင်းကောင်း စားပြရပါမယ်။ ကလေးကိုလက်ဆင့်ကမ်းနေတဲ့ စားသောက်ပုံစံတွေကို ပြောင်းလဲပစ်သင့်ရင် ပြောင်းလဲပစ်ရပါမယ်။
၃။ အစားအစာအသစ်တွေကို အလွယ်တကူလက်မလျော့လိုက်ပါနဲ့။
မိဘတွေဟာ ကလေးတွေချီးမများပဲ စားတတ်ကြတဲ့ ကြက်သားလုံးကြော်တွေ၊ ချိစ်တွေကိုသာ ကျွေးလေ့ရှိကြပါတယ်။ ကလေးကိုအစုံစားတတ်စေချင်ရင် အစားစုံကျွေးရပါမယ်။ ကလေးတစ်ယောက်ဟာ အစာသစ်တစ်ခုကို လက်ခံစားသုံးဖို့ အနည်းဆုံး ၁၀ကြိမ်ကနေ၁၅ကြိမ်လောက် ကြိုးစားရတယ်လို့ ဆိုပါတယ်။ မကြာခဏကျွေးဖို့ကြိုးစားတဲ့အခါ ကလေးဟာ တစ်ဆင့်ထက်တစ်ဆင့်တက်ပြီး လက်ခံလာမှာ ဖြစ်ပါတယ်။ ပထမပန်းကန်ထဲကအစားအစာကို ချောင်းကြည့်တာ၊ နောက် အမေအဖေစားတာကို စောင့်ကြည့်တာ၊ တစ်ဖြည်းဖြည်းနဲ့ ပန်းကန်ထဲထည့်တာ၊ သူ့ပါးစပ်ထဲထည့်တာကို လက်ခံလာနိုင်ပါတယ်။ ဒါ့ကြောင့် ထွေးထုတ်ပစ်လိုက်ရင်လည်း စိတ်မညစ်ပဲ ကြိုးစားကြည့်ပါ။
Ceelin 1
၄။ အမယ်အဖုံဖုံချက်ပြုတ်ပြင်ဆင်ခြင်း
မိသားစုဝင်တစ်ယောက်ချင်းစီအတွက် အကြိုက်လိုက်ချက်ပေးခြင်းဟာ အချိန်ကုန်၊ လူပန်းပြီး ကလေးရဲ့စားသောက်ပုံစံကိုလည်း မတိုးတက်စေနိုင် အရေးကြီးတာက ထမင်းစားစားပွဲမှာ ကလေးကြိုက်တဲ့ဟင်းတစ်မျိုးမျိုး ရှိသင့်ပါတယ်။ အကယ်၍ မစားချင်ဘူးငြင်းနေရင်လည်း လွှတ်ထားလိုက်ပါ။ ဒါမှသာ အစာမစားရင် ဗိုက်ဆာလာနိုင်တယ်ဆိုတာ နားလည်လာမှာ ဖြစ်ပါတယ်။
၅။ ကလေးကိုအများကြီးကျွေးခြင်း
ကလေးလေးတွေဟာ သေးငယ်တယ်ဆိုတာ မမေ့ပါနဲ့။ ဒါကြောင့် ကလေးစားနိုင်လောက်တဲ့ အရွယ်အစားလိုအပ်ပါတယ်။ ပန်းကန်ပေါ်မှာ အစားအစာတွေပြည့်နေတဲ့အခါ ကလေးဟာ စားရမှာလန့်လာသလို မိဘတွေဟာလည်း ကလေးစားတာနည်းတယ်ထင်ပြီး စိတ်မသက်သာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် နည်းနည်းစီနဲ့ မကြာခဏ ကျွေးပေးခြင်းက အကောင်းဆုံးဖြစ်ပါတယ်။
၆။ အချိုရည်တွေနဲ့ ကရေကရာမုန့်တွေ ကျွေးခြင်း
တစ်နေကုန် ကွတ်ကီးတွေ၊ ဘီစကစ်တွေနဲ့ အချိုရည်တွေ စားသောက်နေတဲ့ ကလေးဟာ ထမင်းစားချိန်ရောက်တဲ့အခါ စားနိုင်တော့မှာ မဟုတ်ပါဘူး။
မုန့်တွေနဲ့ အချိုရည်တွေကို လုံးဝဖြတ်တောက်ပစ်စရာမလိုပါဘူး။ ကြားချိန်တွေမှာ အချိုတည်းစရာ အရသာအပြောင်းအလဲအဖြစ်သာ ပြောင်းလဲကျွေးသင့်ပါတယ်။ တစ်နေ့ကို အချိုရည် ၆ အောင်စခန့်သာ သောက်သင့်တယ်လို့ ဆိုပါတယ်။
၇။ အလွန်အမင်းအသန့်လွန်ခြင်း
အစာကျွေးချိန်ဟာ ကလေးတစ်ယောက်အတွက် အရာရာတိုင်းကို လေ့လာနိုင်တဲ့အချိြန်ဖစ်ပါတယ်။ ဒါကြောင့် ကလေးကို စားစရာနဲ့ ဆော့ကစားစေပါ။ စားစရာကို ဆော့ကစားရင်း မစားသောက်ရတဲ့ကလေးဟာ ငှက်ပျောသီးတွေခြေ၊ ကရက်ကာတွေခြေခွင့် ဆော့ကစားခွင့်ရတဲ့ကလေးထက် အစားစားတာပိုနည်းတာကို တွေရပါတယ်။ ကလေးငယ်ငယ်လေးတွေမှာ ဘယ်လိုစားတယ်ဆိုတာထက် ဘာစားတယ်ဆိုတာက ပိုအရေးကြီးပါတယ်။
Ceelin 2
၈။ သဘာဝကိုမသိခြင်း
လူတိုင်းဟာ အစားအစာတိုင်းကို မကြိုက်နိုင်ပါဘူး။ ကလေးငယ်လေးတွေမှာ အသစ်အဆန်းကိုကြောက်တတ်တဲ့ Neophobia ဆိုတဲ့ အခြေအနေတစ်ရပ်ရှိတတ်ပါတယ်။ အထူးသဖြင့် ကျောင်းမနေခင်အရွယ်တွေမှာ ပိုတွေ့ရတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးကြုံတဲ့အခါ ကလေးဟာ အစားချီးများတယ်ဆိုပြီး ကောက်ချက်ချတတ်ကြပါတယ်။ တကယ်တော့ တစ်ချို့ကလေးတွေမှာ အစားအစာအသစ်ကို ချက်ချင်းစားကြည့်ဖို့ ကြောက်တတ်ကြတာမို့ အကြိမ်အတော်များမျာကျွေးကြည့်လို့ မစားမှသာလျင် သူမကြိုက်တဲ့အစားအစာလို့ သတ်မှတ်နိုင်ပါတယ်။ အကယ်၍ ကလေးရဲ့ စားသောက်မှုပုံစံကို စိုးရိမ်ပါက အာဟာရအစားအသာက်ပညာရှင်တွေနဲ့ တိုင်ပင်မေးမြန်းနိုင်ပါတယ်။
၉။ စိတ်အပူလွန်ခြင်း
အစားအသောက်ချေးများတယ်လိုထင်တဲ့ ကလေးတွေတော်တော်များများဟာ တကယ်တော့ပုံမှန်ဖြစ်နေလေ့ရှိပါတယ်။ အများစုဟာ အသက်ကြီးလာတာနဲ့အမျှ ပုံမှန်အတိုင်းစားလာကြပါတယ်။ အရေးကြီးတာက ကလေးရဲ့ကြီးထွားမှုပြဇယားရဲ့ ပုံမှန်သတ်မှတ်ချက်အတွင်းမှာ ဝင်နေဖို့ပဲဖြစ်ပါတယ်။ ပုံမှန်နှုန်းအတိုင်းကြီးထွားမှုရှိနေရင် အာဟာရဓာတ်လုံလောက်မှုရှိနေတယ်လို့ ဆိုနိုင်မှာပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)
(Zawgyi)
၁။ ဖိအားအရမ္းေပးျခင္း
ကေလးကိုအစားဖို႔ ဖိအားေပးျခင္းကို ပညာရွင္ေတြက ကန္႔ကြက္ၾကပါတယ္။ ကေလးကို အတင္းဖိအားေပးေကြၽးေလေလ ကေလးဟာ အစာမစားခ်င္ေလေလ ျဖစ္လာနိုင္ပါတယ္။
ကေလးကိုျဖည့္စြက္စာစေကြၽးစဥ္ကတည္းက စႀကံဳရတတ္တဲ့ျပႆနာတစ္ခုပဲျဖစ္ပါတယ္။ ဒီလိုအခ်ိန္မွာ အတင္းေကြၽးတာမ်ိဳးလုပ္တတ္ၾကပါတယ္။ ကေလးဟာ အရသာ၊ အေတြ႕အထိ အေျပာင္းအလဲကို ေတာ္ရံုလက္မခံတတ္ၾကတဲ့အတြက္ ပထမ၃၊၄ဇြန္းေလာက္ ေကြၽးၾကည့္ၿပီး မစားတဲ့အခါ ဇြန္းကိုခဏခ်ထားလိုက္ပါ။ တခ်ိဳ႕ကေလးေတြကေတာ့ အိမ္မွာကိုယ္တိုင္လုပ္တဲ့ ျဖည့္စြက္စာေပ်ာ့ေပ်ာ့ကို ပိုလက္ခံတတ္ၾကပါတယ္။ အစာကိုဘယ္လိုေကြၽးမလဲ၊ ဘယ္လိုျပင္ဆင္မလဲဆိုတာဟာမိဘေတြမွာ တာဝန္ရွိပါတယ္။
၂။ ကေလးအတြက္ ဥပမာေကာင္းမျဖစ္ျခင္း
ကေလးေတြကို ေကာင္းေကာင္းစားေစခ်င္ရင္ မိဘေတြကိုယ္တိုင္က က်န္းမာေရးနဲ႔ ညီမ်ွစြာစားေသာက္ျပရပါမယ္။ အစားမစားပဲေနတာ၊ အလြန္အကြၽံစားတာ၊ အသီးအရြက္မစားတာ၊ အစားေရြးတာ၊ ကေလးကို တစ္ေယာက္တည္းစားေစတာ စတာမ်ိဳးေတြမလုပ္ျပပဲ ကိုယ္ကိုယ္တိုင္က ေရွ႕ေဆာင္လမ္းျပေကာငး္ေကာင္း စားျပရပါမယ္။ ကေလးကိုလက္ဆင့္ကမ္းေနတဲ့ စားေသာက္ပံုစံေတြကို ေျပာင္းလဲပစ္သင့္ရင္ ေျပာင္းလဲပစ္ရပါမယ္။
၃။ အစားအစာအသစ္ေတြကို အလြယ္တကူလက္မေလ်ာ့လိုက္ပါနဲ႔။
မိဘေတြဟာ ကေလးေတြခ်ီးမမ်ားပဲ စားတတ္ၾကတဲ့ ၾကက္သားလံုးေၾကာ္ေတြ၊ ခ်ိစ္ေတြကိုသာ ေကြၽးေလ့ရွိၾကပါတယ္။ ကေလးကိုအစံုစားတတ္ေစခ်င္ရင္ အစားစံုေကြၽးရပါမယ္။ ကေလးတစ္ေယာက္ဟာ အစာသစ္တစ္ခုကို လက္ခံစားသံုးဖို႔ အနည္းဆံုး ၁၀ႀကိမ္ကေန၁၅ႀကိမ္ေလာက္ ႀကိဳးစားရတယ္လို႔ ဆိုပါတယ္။ မၾကာခဏေကြၽးဖို႔ႀကိဳးစားတဲ့အခါ ကေလးဟာ တစ္ဆင့္ထက္တစ္ဆင့္တက္ၿပီး လက္ခံလာမွာ ျဖစ္ပါတယ္။ ပထမပန္းကန္ထဲကအစားအစာကို ေခ်ာင္းၾကည့္တာ၊ ေနာက္ အေမအေဖစားတာကို ေစာင့္ၾကည့္တာ၊ တစ္ျဖည္းျဖည္းနဲ႔ ပန္းကန္ထဲထည့္တာ၊ သူ႔ပါးစပ္ထဲထည့္တာကို လက္ခံလာႏုိင္ပါတယ္။ ဒါ့ေၾကာင့္ ေထြးထုတ္ပစ္လိုက္ရင္လည္း စိတ္မညစ္ပဲ ႀကိဳးစားၾကည့္ပါ။
၄။ အမယ္အဖံုဖံုခ်က္ျပဳတ္ျပင္ဆင္ျခင္း
မိသားစုဝင္တစ္ေယာက္ခ်င္းစီအတြက္ အႀကိဳက္လိုက္ခ်က္ေပးျခင္းဟာ အခ်ိန္ကုန္၊ လူပန္းၿပီး ကေလးရဲ႕စားေသာက္ပံုစံကိုလည္း မတိုးတက္ေစနိုင္ အေရးႀကီးတာက ထမင္းစားစားပြဲမွာ ကေလးႀကိဳက္တဲ့ဟင္းတစ္မ်ိဳးမ်ိဳး ရွိသင့္ပါတယ္။ အကယ္၍ မစားခ်င္ဘူးျငင္းေနရင္လည္း လႊတ္ထားလိုက္ပါ။ ဒါမွသာ အစာမစားရင္ ဗိုက္ဆာလာနိုင္တယ္ဆိုတာ နားလည္လာမွာ ျဖစ္ပါတယ္။
၅။ ကေလးကိုအမ်ားႀကီးေကြၽးျခင္း
ကေလးေလးေတြဟာ ေသးငယ္တယ္ဆိုတာ မေမ့ပါနဲ႔။ ဒါေၾကာင့္ ကေလးစားနိုင္ေလာက္တဲ့ အရြယ္အစားလိုအပ္ပါတယ္။ ပန္းကန္ေပၚမွာ အစားအစာေတြျပည့္ေနတဲ့အခါ ကေလးဟာ စားရမွာလန္႔လာသလို မိဘေတြဟာလည္း ကေလးစားတာနည္းတယ္ထင္ၿပီး စိတ္မသက္သာ ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ နည္းနည္းစီနဲ႔ မၾကာခဏ ေကြၽးေပးျခင္းက အေကာင္းဆံုးျဖစ္ပါတယ္။
၆။ အခ်ိဳရည္ေတြနဲ႔ ကေရကရာမုန္႔ေတြ ေကြၽးျခင္း
တစ္ေနကုန္ ကြတ္ကီးေတြ၊ ဘီစကစ္ေတြနဲ႔ အခ်ိဳရည္ေတြ စားေသာက္ေနတဲ့ ကေလးဟာ ထမင္းစားခ်ိန္ေရာက္တဲ့အခါ စားနိုင္ေတာ့မွာ မဟုတ္ပါဘူး။
မုန္႔ေတြနဲ႔ အခ်ိဳရည္ေတြကုိ လံုးဝျဖတ္ေတာက္ပစ္စရာမလိုပါဘူး။ ၾကားခ်ိန္ေတြမွာ အခ်ိဳတည္းစရာ အရသာအေျပာင္းအလဲအျဖစ္သာ ေျပာင္းလဲေကြၽးသင့္ပါတယ္။ တစ္ေန႔ကို အခ်ိဳရည္ ၆ ေအာင္စခန္႔သာ ေသာက္သင့္တယ္လို႔ ဆိုပါတယ္။
၇။ အလြန္အမင္းအသန္႔လြန္ျခင္း
အစာေကြၽးခ်ိန္ဟာ ကေလးတစ္ေယာက္အတြက္ အရာရာတိုင္းကို ေလ့လာနိုင္တဲ့အခ်ိနျ္ဖစ္ပါတယ္။ ဒါေၾကာင့္ ကေလးကို စားစရာနဲ႔ ေဆာ့ကစားေစပါ။ စားစရာကို ေဆာ့ကစားရင္း မစားေသာက္ရတဲ့ကေလးဟာ ငွက္ေပ်ာသီးေတြေျခ၊ ကရက္ကာေတြေျခခြင့္ ေဆာ့ကစားခြင့္ရတဲ့ကေလးထက္ အစားစားတာပိုနည္းတာကို ေတြရပါတယ္။ ကေလးငယ္ငယ္ေလးေတြမွာ ဘယ္လိုစားတယ္ဆိုတာထက္ ဘာစားတယ္ဆိုတာက ပိုအေရးႀကီးပါတယ္။
၈။ သဘာဝကိုမသိျခင္း
လူတိုင္းဟာ အစားအစာတိုင္းကို မႀကိဳက္နိုင္ပါဘူး။ ကေလးငယ္ေလးေတြမွာ အသစ္အဆန္းကိုေၾကာက္တတ္တဲ့ Neophobia ဆိုတဲ့ အေျခအေနတစ္ရပ္ရွိတတ္ပါတယ္။ အထူးသျဖင့္ ေက်ာင္းမေနခင္အ႐ြယ္ေတြမွာ ပိုေတြ႕ရတတ္ပါတယ္။ ဒီလိုအေျခအေနမ်ိဳးႀကံဳတဲ့အခါ ကေလးဟာ အစားခ်ီးမ်ားတယ္ဆိုၿပီး ေကာက္ခ်က္ခ်တတ္ၾကပါတယ္။ တကယ္ေတာ့ တစ္ခ်ိဳ႕ကေလးေတြမွာ အစားအစာအသစ္ကို ခ်က္ခ်င္းစားၾကည့္ဖို႔ ေၾကာက္တတ္ၾကတာမို႔ အႀကိမ္အေတာ္မ်ားမ်ာေကြၽးၾကည့္လို႔ မစားမွသာလ်င္ သူမႀကိဳက္တဲ့အစားအစာလို႔ သတ္မွတ္နိုင္ပါတယ္။ အကယ္၍ ကေလးရဲ႕ စားေသာက္မႈပံုစံကို စိုးရိမ္ပါက အာဟာရအစားအသာက္ပညာရွင္ေတြနဲ႔ တိုင္ပင္ေမးျမန္းနိုင္ပါတယ္။
၉။ စိတ္အပူလြန္ျခငး္
အစားအေသာက္ေခ်းမ်ားတယ္လိုထင္တဲ့ ကေလးေတြေတာ္ေတာ္မ်ားမ်ားဟာ တကယ္ေတာ့ပံုမွန္ျဖစ္ေနေလ့ရွိပါတယ္။ အမ်ားစုဟာ အသက္ႀကီးလာတာနဲ႔အမ်ွ ပံုမွန္အတိုင္းစားလာၾကပါတယ္။ အေရးႀကီးတာက ကေလးရဲ႕ႀကီးထြားမႈျပဇယားရဲ႕ ပံုမွန္သတ္မွတ္ခ်က္အတြင္းမွာ ၀င္ေနဖို႔ပဲျဖစ္ပါတယ္။ ပံုမွန္ႏႈန္းအတိုင္းႀကီးထြားမႈရွိေနရင္ အာဟာရဓာတ္လံုေလာက္မႈရွိေနတယ္လို႔ ဆိုနိုင္မွာပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)




























