/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးကြီးများအတွက်-ခံတွင်းသန့်ဆေးရည်မှရရှိနိုင်သော-အကျိုးကျေးဇူးများ

ကလေးကြီးများအတွက် ခံတွင်းသန့်ဆေးရည်မှရရှိနိုင်သော အကျိုးကျေးဇူးများ

Category
ကလေးများနှင့်ကျန်းမာရေး

          ကလေးကြီးတွေနဲ့ ဆယ်ကျော်သက်အရွယ်တွေအတွက် ခံတွင်းနံ့ကောင်းစေဖို့အတွက် ခံတွင်းသန့်ဆေးရည်ကို သုံးစွဲကြသလိုပဲ Fluoride ပါဝင်တဲ့ဆေးရည်တွေကနေလည်း အကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။ Fluoride ပါဝင်တဲ့ ခံတွင်းသန့်ဆေးရည်က သွားတွေညီဖို့အတွက် စတီးကြိုးဆိုင်းထားတဲ့ ဆယ်ကျော်သက်တွေအတွက် အထူးသင့်တော်ပါတယ်။ ဘာလို့လဲဆိုတော့ Fluoride က သွားကို ဆိုင်းထားတဲ့ စတီးကြိုးရဲ့အောက်မှာ သွာချေးတွေဖြစ်စေနိုင်တဲ့ အက်ဆစ်ထုတ်ပေးတဲ့ ဘက်တီးရီးယားပိုးတွေရဲ့ရန်ကနေ ကာကွယ်ပေးတဲ့အတွက် ဖြစ်ပါတယ်။

Ceelin 1

          ဒါပေမယ့် ကလေးအငယ်တွေကတော့ ခံတွင်းသန့်ဆေးရည်တွေသုံးခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။

          ယေဘူယျအားဖြင့် ကလေးငယ်တွေက ခံတွင်းသန့်ဆေးရည်ကို မျိုချနိုင်ချေရှိတဲ့အတွက် မသုံးသင့်ပါဘူး။ အသက် ၆-၁၂ နှစ်အရွယ်ကလေးတွေအနေနဲ့ ခံတွင်းသန့်ဆေးရည်ကို လူကြီးရဲ့စောင့်ကြပ်ကြည့်ရှူမှုရှိမှသာ သုံးလို့ရပါတယ်။ အသက် ၆ နှစ်အောက်ကလေးငယ်တွေရဲ့ ကောင်းမွန်စွာမဖွံ့ဖြိုးသေးတဲ့သွားတွေကို Fluoride က စားသွားပြီး သွားပေါ်မှာ အစက်တွေ၊ အစင်းကြောင်းတွေဖြစ်စေနိုင်တဲ့အတွက် ၆ နှစ်အောက်ကလေးငယ်တွေမှာ Fluoride ပါဝင်တဲ့ခံတွင်းသန့်ဆေးရည််တွေကို လုံးဝမသုံးသင့်ပါဘူး။

Ceelin 2

♦ ကလေးများအတွက် အန္တရာယ်ကင်းသော ခံတွင်းသန့်ဆေးရည်များ

          ကလေးတွေအတွက် Alcohol မပါဝင်တဲ့ ခံတွင်းသန့်ဆေးရည်တွေကိုရွေးချယ်သုံးစွဲနိုင်ပါတယ်။ Fluoride ပါဝင်ပြီး Alcohol မပါဝင်တဲ့ ခံတွင်းသန့်ဆေးရည်တွေလည်းရှိပါတယ်။ နောက်ထပ်အရေးကြီးတဲ့အချက်တစ်ချက်ကတော့ ဘယ်လိုခံတွင်းသန့်ဆေးရည်ကိုပဲသုံးသုံး တစ်နေ့ ၂ ကြိမ်ပုံမှန်သွားတိုက်ဖို့နဲ့ သွားကြားထဲတွေကို သွားပွတ်ကြိုးနဲ့ သေချာသန့်စင်ပေးဖို့ အရေးကြီးတယ်ဆိုတာကိုတော့ ကလေးတွေကို ရှင်းပြထားဖို့လိုပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)