ကလေးက စိတ်တို ဒေါသကြီးနေလား
ကလေးတွေဆိုတာ အသက်ကြီးလာတာနဲ့အမျှ စိတ်ဆိုးဒေါသထွက်တာ အလိုမကျတာတွေကို နည်းပေါင်းစုံနဲ့ ဖော်ပြလာကြပါတယ်။ ဒီလိုဖော်ပြကြတဲ့အခါ တုံပြန်သူမိဘတွေအနေနဲ့ ဘယ်လိုလေး စဉ်းစားတုံ့ပြန်သင့်တယ်ဆိုတာ အကြံပြုပါရစေ။
ပထမဆုံးအနေနဲ့ အကျိုးအကြောင်းရှာပါ။ အကြောင်းမသိဘဲ ဖြေရှင်းတုံ့ပြန်ဖို့တော့ သိပ်မဖြစ်နိုင်လို့ပါ။
(၁) မောင်နှမတွေ ကစားဖော်တွေနဲ့ ပြဿနာရှိနေလား စောင့်ကြည့်ပါ။ အချင်းချင်း မတည့်တဲ့အခါ၊ အနိုင်ကျင့်ခံရတာ ရှိလာတဲ့အခါ ကလေးအနေနဲ့ အလိုလို စိတ်တိုလာစေပါတယ်။
(၂) ကျောင်းမှာ စာသင်တဲ့အခါ ပြဿနာ ရှိ၊ မရှိ ဆရာမနဲ့ ဆွေးနွေးကြည့်ပါ။ အတန်းတူတွေနဲ့ ဆက်ဆံရေး သူ့ရဲ့ လုပ်ဆောင်မှုမှတ်တမ်း၊ အမှတ်စာရင်းတွေကို ကြည့်ပါ။ စာမလိုက်နိုင်တဲ့အခါ ပိုမိုစိတ်ဖိစိးလာတတ်ကြပါတယ်။ ပြေးလွှားဆော့ရဲ့လား ငိုင်ပြီးထိုင်နေတတ်တဲ့ ကလေးလားဆိုတာ စောင့်ကြည့်ပါ။
(၃) သူ့လေး စာလေ့လာတဲ့အခါ ကြာကြာထိုင်ပြီး အာရုံစူးစိုက်နိုင်မှု ရှိ၊ မရှိ မေးကြည့်ပါ။ ထိုင်လိုက် ထလိုက် ဂဏှာမငြိမ်တာ ကြာကြာမထိုင်နိုင်တဲ့အခါ အရိုးအကြောဆိုင်ရာ အာရုံကြောဆိုင်ရာ ဘာပြဿနာရှိသလဲ စစ်ဆေးစောင့်ကြည့်ဖို့ လိုပါပြီ။
(၄) ထမင်း ကောင်းကောင်းစားရဲ့လား။ စားနေကျ ထမင်းဟင်းကို သူ နှစ်နှစ်ခြိုက်ခြိုက် စား၊ မစား အရင်လို ဟုတ်၊ မဟုတ် ကြည့်ပါ။
Nutroplex 1
ဖြစ်နိုင်မယ်ထင်လောက်တဲ့ အကြောင်းရင်းလေးတွေ နည်းနည်း စဉ်းစားကြည့်ပြီးရင် မိဘတွေ၊ အဘွားတွေ၊ အဒေါ်တွေ၊ ဦးလေးတွေ ဘာတွေဆက်လုပ်သင့်လဲ တွေးကြရအောင်။
● သူလေး စကားပြောသမျှကို အာရုံစူးစိုက်ပြီး သေချာနားထောင်ပေးပါ။ သူ ပြောနေရင် အာရုံမများပါနဲ့။ သူ့ကို အလေးထားတယ်ဆိုတာ သူ သိအောင်လုပ်ပါ။ ဂရုစိုက်ခံရတဲ့ကလေးတွေဟာ ကျောင်းစာမှာ ဆက်ဆံရေးမှာ စိတ်ဖိစီးမှု အထိုက်အလျောက် သက်သာလာကြပါတယ်။
● သူ့အရုပ်လေးတွေကို သူ ချစ်သလို၊ တန်ဖိုးထားသလို ကိုယ်လည်း ထပ်တူတန်ဖိုးထားတာကို ပြသပေးပါ။
● သူစားနေကျမှာ သူနှစ်သက်ရာကို ပြောင်းလဲကျွေးပါ။ ကြိုက်တာစားရရင် စိတ်ပြေပျောက် သက်သာလာတတ်ပါတယ်။ မိသားစုလိုက် အပြင်သွားပြီး သူကြိုက်တတ်တဲ့ အစားအသောက်တွေကျွေးပါ။ အစားကို နှစ်သက်ခုံမင်စွာ ပြန်စားလာအောင် သူကြိုက်တဲ့ အစားအစာလေးနဲ့ တဖြည်းဖြည်း ပြန်ကျင့်ပေးနိုင်ပါတယ်။
● ညအိပ်ခါနီးနဲ့ မနက်ခင်းနိုးခါစမှာ သီချင်းအေးအေးလေးတွေ ဖွင့်ပေးပါ။ အိပ်ခါနီးနဲ့ မနက်စောစော နိုးခါစမှာ ဆူတာ ပူတာ မလုပ်မိပါစေနဲ့။
● ကျောင်းက ပြန်ပြန်လာချင်း ကျူရှင်တွေ၊ ဂိုက်ဆရာတွေနဲ့ သူ့ကို အချိန်ပြည့်ပင်ပန်းစေတာဟာ ကလေးဦးနှောက်ကို မောဟိုက်ပင်ပန်းစေပြီး ဒေါသကြီးလာစေပါတယ်။ ကလေးကို အပြည့်အ၀ အနားပေးပါ။
● သူလေးရဲ့ အားလပ်ချိန်တွေမှာ အနုပညာနဲ့ပတ်သက်တာ တစ်ခုခု သင်ပေးပါ။ (ဥပမာ - ဂီတ၊ ပန်းချီ)
● ဖုန်း၊ ကွန်ပျူတာ၊ တီဗီနဲ့ ဂိမ်းတွေကို အချိန်သတ်သတ်မှတ်မှတ်နဲ့သာ ပေးဆော့ပါ။ ဂိမ်းတွေ ကွန်ပျူတာဇာတ်ကားတွေက ရက်စက်ကြမ်းကြုတ်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကို မကြာခဏကြည့်တဲ့ ကလေးတွေဟာ စိတ်တို၊ စိတ်ဆိုးလွယ် ဒေါသကြီးလာတတ်ပါတယ်။ ဒါ့ကြောင့် အဲလိုမျိုးဇာတ်လမ်းမျိုးတွေ၊ ဂိမ်းမျိုးတွေကို လုံးဝမကြည့်၊ လုံးဝမဆော့ခိုင်းပါနဲ့။
● မရိုက်ပါနဲ့။ မအော် မငေါက်ပါနဲ့။ အဲလိုလုပ်လေ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပိုဆိုးလေဆိုတာ သတိချပ်စေချင်ပါတယ်။ ပြုပြင်ရမလွယ်တဲ့ စိတ်ပိုင်းဆိုင်ရာ မလုံခြုံတဲ့ကလေးတွေအဖြစ် အကြောက်တရားတွေ မကျေနပ်မှုတွေနဲ့ ကြီးပြင်းလာမှာ မလိုလားကြဘူး မဟုတ်ပါလား။
သူ စိတ်တိုနေချိန်မှာ တတ်နိုင်သလောက် ညင်သာနူးညံ့စွာ ပြန်လည်ဆက်ဆံပေးပြီး သူ့ရဲ့ပြဿနာတွေ ဖိစိးမှုတွေကို အကျိုးအကြောင်းရှာဖွေပြီး ပြန်လည်တည့်မတ်ပေးခြင်းဖြင့်သာ အေးအေးဆေးဆေး စိတ်ရှည်ရှည် ဖြေရှင်းပေးကြဖို့ အကြံပြုတင်ပြပေးလိုက်ရပါတယ်။
Nutroplex 2
(Zawgyi)
ကေလးေတြဆိုတာ အသက္ႀကီးလာတာနဲ႔အမွ် စိတ္ဆိုးေဒါသထြက္တာ အလိုမက်တာေတြကို နည္းေပါင္းစုံနဲ႔ ေဖာ္ျပလာၾကပါတယ္။ ဒီလိုေဖာ္ျပၾကတဲ့အခါ တုံျပန္သူမိဘေတြအေနနဲ႔ ဘယ္လိုေလး စဥ္းစားတုံ႔ျပန္သင့္တယ္ဆိုတာ အႀကံျပဳပါရေစ။
ပထမဆုံးအေနနဲ႔ အက်ိဳးအေၾကာင္းရွာပါ။ အေၾကာင္းမသိဘဲ ေျဖရွင္းတုံ႔ျပန္ဖို႔ေတာ့ သိပ္မျဖစ္ႏိုင္လို႔ပါ။
(၁) ေမာင္ႏွမေတြ ကစားေဖာ္ေတြနဲ႔ ျပႆနာရွိေနလား ေစာင့္ၾကည့္ပါ။ အခ်င္းခ်င္း မတည့္တဲ့အခါ၊ အႏိုင္က်င့္ခံရတာ ရွိလာတဲ့အခါ ကေလးအေနနဲ႔ အလိုလို စိတ္တိုလာေစပါတယ္။
(၂) ေက်ာင္းမွာ စာသင္တဲ့အခါ ျပႆနာ ရွိ၊ မရွိ ဆရာမနဲ႔ ေဆြးေႏြးၾကည့္ပါ။ အတန္းတူေတြနဲ႔ ဆက္ဆံေရး သူ႔ရဲ႕ လုပ္ေဆာင္မႈမွတ္တမ္း၊ အမွတ္စာရင္းေတြကို ၾကည့္ပါ။ စာမလိုက္ႏိုင္တဲ့အခါ ပိုမိုစိတ္ဖိစိးလာတတ္ၾကပါတယ္။ ေျပးလႊားေဆာ့ရဲ႕လား ငိုင္ၿပီးထိုင္ေနတတ္တဲ့ ကေလးလားဆိုတာ ေစာင့္ၾကည့္ပါ။
(၃) သူ႔ေလး စာေလ့လာတဲ့အခါ ၾကာၾကာထိုင္ၿပီး အာ႐ုံစူးစိုက္ႏိုင္မႈ ရွိ၊ မရွိ ေမးၾကည့္ပါ။ ထိုင္လိုက္ ထလိုက္ ဂဏွာမၿငိမ္တာ ၾကာၾကာမထိုင္ႏိုင္တဲ့အခါ အ႐ိုးအေၾကာဆိုင္ရာ အာ႐ုံေၾကာဆိုင္ရာ ဘာျပႆနာရွိသလဲ စစ္ေဆးေစာင့္ၾကည့္ဖို႔ လိုပါၿပီ။
(၄) ထမင္း ေကာင္းေကာင္းစားရဲ႕လား။ စားေနက် ထမင္းဟင္းကို သူ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ စား၊ မစား အရင္လို ဟုတ္၊ မဟုတ္ ၾကည့္ပါ။
ျဖစ္ႏိုင္မယ္ထင္ေလာက္တဲ့ အေၾကာင္းရင္းေလးေတြ နည္းနည္း စဥ္းစားၾကည့္ၿပီးရင္ မိဘေတြ၊ အဘြားေတြ၊ အေဒၚေတြ၊ ဦးေလးေတြ ဘာေတြဆက္လုပ္သင့္လဲ ေတြးၾကရေအာင္။
● သူေလး စကားေျပာသမွ်ကို အာ႐ုံစူးစိုက္ၿပီး ေသခ်ာနားေထာင္ေပးပါ။ သူ ေျပာေနရင္ အာ႐ုံမမ်ားပါနဲ႔။ သူ႔ကို အေလးထားတယ္ဆိုတာ သူ သိေအာင္လုပ္ပါ။ ဂ႐ုစိုက္ခံရတဲ့ကေလးေတြဟာ ေက်ာင္းစာမွာ ဆက္ဆံေရးမွာ စိတ္ဖိစီးမႈ အထိုက္အေလ်ာက္ သက္သာလာၾကပါတယ္။
● သူ႔အ႐ုပ္ေလးေတြကို သူ ခ်စ္သလို၊ တန္ဖိုးထားသလို ကိုယ္လည္း ထပ္တူတန္ဖိုးထားတာကို ျပသေပးပါ။
● သူစားေနက်မွာ သူႏွစ္သက္ရာကို ေျပာင္းလဲေကြၽးပါ။ ႀကိဳက္တာစားရရင္ စိတ္ေျပေပ်ာက္ သက္သာလာတတ္ပါတယ္။ မိသားစုလိုက္ အျပင္သြားၿပီး သူႀကိဳက္တတ္တဲ့ အစားအေသာက္ေတြေကြၽးပါ။ အစားကို ႏွစ္သက္ခုံမင္စြာ ျပန္စားလာေအာင္ သူႀကိဳက္တဲ့ အစားအစာေလးနဲ႔ တျဖည္းျဖည္း ျပန္က်င့္ေပးႏိုင္ပါတယ္။
● ညအိပ္ခါနီးနဲ႔ မနက္ခင္းႏိုးခါစမွာ သီခ်င္းေအးေအးေလးေတြ ဖြင့္ေပးပါ။ အိပ္ခါနီးနဲ႔ မနက္ေစာေစာ ႏိုးခါစမွာ ဆူတာ ပူတာ မလုပ္မိပါေစနဲ႔။
● ေက်ာင္းက ျပန္ျပန္လာခ်င္း က်ဴရွင္ေတြ၊ ဂိုက္ဆရာေတြနဲ႔ သူ႔ကို အခ်ိန္ျပည့္ပင္ပန္းေစတာဟာ ကေလးဦးေႏွာက္ကို ေမာဟိုက္ပင္ပန္းေစၿပီး ေဒါသႀကီးလာေစပါတယ္။ ကေလးကို အျပည့္အ၀ အနားေပးပါ။
● သူေလးရဲ႕ အားလပ္ခ်ိန္ေတြမွာ အႏုပညာနဲ႔ပတ္သက္တာ တစ္ခုခု သင္ေပးပါ။ (ဥပမာ - ဂီတ၊ ပန္းခ်ီ)
● ဖုန္း၊ ကြန္ပ်ဴတာ၊ တီဗီနဲ႔ ဂိမ္းေတြကို အခ်ိန္သတ္သတ္မွတ္မွတ္နဲ႔သာ ေပးေဆာ့ပါ။ ဂိမ္းေတြ ကြန္ပ်ဴတာဇာတ္ကားေတြက ရက္စက္ၾကမ္းၾကဳတ္တဲ့ ဇာတ္လမ္းဇာတ္ကြက္ေတြကို မၾကာခဏၾကည့္တဲ့ ကေလးေတြဟာ စိတ္တို၊ စိတ္ဆိုးလြယ္ ေဒါသႀကီးလာတတ္ပါတယ္။ ဒါ့ေၾကာင့္ အဲလိုမ်ိဳးဇာတ္လမ္းမ်ိဳးေတြ၊ ဂိမ္းမ်ိဳးေတြကို လုံးဝမၾကည့္၊ လုံးဝမေဆာ့ခိုင္းပါနဲ႔။
● မ႐ိုက္ပါနဲ႔။ မေအာ္ မေငါက္ပါနဲ႔။ အဲလိုလုပ္ေလ ကေလးေတြရဲ႕ စိတ္ပိုင္းဆိုင္ရာ ပိုဆိုးေလဆိုတာ သတိခ်ပ္ေစခ်င္ပါတယ္။ ျပဳျပင္ရမလြယ္တဲ့ စိတ္ပိုင္းဆိုင္ရာ မလုံၿခဳံတဲ့ကေလးေတြအျဖစ္ အေၾကာက္တရားေတြ မေက်နပ္မႈေတြနဲ႔ ႀကီးျပင္းလာမွာ မလိုလားၾကဘူး မဟုတ္ပါလား။
သူ စိတ္တိုေနခ်ိန္မွာ တတ္ႏိုင္သေလာက္ ညင္သာႏူးညံ့စြာ ျပန္လည္ဆက္ဆံေပးၿပီး သူ႔ရဲ႕ျပႆနာေတြ ဖိစိးမႈေတြကို အက်ိဳးအေၾကာင္းရွာေဖြၿပီး ျပန္လည္တည့္မတ္ေပးျခင္းျဖင့္သာ ေအးေအးေဆးေဆး စိတ္ရွည္ရွည္ ေျဖရွင္းေပးၾကဖို႔ အႀကံျပဳတင္ျပေပးလိုက္ရပါတယ္။




























