/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးက-ဒီအတိုင်းပဲ-စကားကိုနားမထောင်တတ်တာလား-ဒါမှမဟုတ်

ကလေးက ဒီအတိုင်းပဲ စကားကိုနားမထောင်တတ်တာလား? ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာပြဿနာတစ်ခုခုရှိနေလား?

Category
ကလေးများနှင့်ကျန်းမာရေး

Oppositional defiant disorder (ODD) ရှိတဲ့ကလေးတွေက အများအားဖြင့် စိတ်တိုစိတ်ဆိုးလွယ်၊ ကလန်ကဆန်နဲ့ အငြင်းပွားတတ်တဲ့သဘောရှိကြပါတယ်။

ကလေးတစ်ယောက်က လမ်းလျှောက်တတ်ကာစအရွယ်ကနေပြီးတော့ ဆယ်ကျော်သက်အရွယ်အထိ မိဘတွေ (သို့) အခြားသူတို့ကိုထိန်းကျောင်းပေးတဲ့သူတွေကို စိတ်တိုစိတ်ဆိုး၊ ရိုင်းစိုင်း၊ ပမာမခန့်ပြုပြီးတော့ ကဏှာမငြိမ်တဲ့အပြုအမူတွေကို ဆက်တိုက် (သို့) မကြာခဏပြနေတတ်ပါတယ်။

>> ODD ရဲ့လက္ခဏာများ

တစ်ခါတစ်လေမှာ ရိုင်းစိုင်းတတ်တဲ့သဘောရှိတဲ့ကလေးနဲ့ ODD ကိုခံစားနေရတဲ့ကလေးတွေအကြားမှာ ခွဲခြားရခက်ပါတယ်။ ဒီပြဿနာက မူကြိုအရွယ်မှာစပြတတ်ပေမယ့်လည်း ဆယ်ကျော်သက်အရွယ်မရောက်ခင်အချိန်မှာ လည်းအဖြစ်များပါတယ်။

ODD လို့အမည်သတ်မှတ်ဖို့အတွက်ဆိုရင် အောက်ပါအမျိုးအစားတွေထဲက အနည်းဆုံး ၄ ခုနဲ့ကိုက်ညီရပါမယ်။

1.စိတ်ဆိုး၊ ကဏှာမငြိမ်သောအပြုအမူ

• အမြဲလိုလိုမကျေမချမ်းဖြစ်ပြီး စိတ်ဆိုးဒေါသထွက်နေတတ်တယ်

• တခြားသူတွေ(သို့) ထိတွေ့မှုတွေကြောင့် စိတ်တိုလွယ်တယ်

• စိတ်ဆတ်တယ်

2.အငြင်းပွားပြီး ပမာမခန့်အပြုအမူ

• တခြားသူတွေကို အကြောင်းတစ်ခုခုနဲ့ပတ်သက်ပြီး အမြဲလိုလို စိတ်တိုနေတတ်တယ်

• လူကြီးတွေနဲ့ ခဏခဏအငြင်းပွားတယ်

• အမြဲလိုလို လူကြီးတွေရဲ့ ညွှန်ကြားချက်တွေ၊ စည်းမျည်းတွေနဲ့ တောင်းဆိုမှုတွေကို ငြင်းဆန်တယ်

• သူရဲ့အမှားအတွက် အခြားသူကိုအပြစ်ပုံချလေ့ရှိတယ်

 

3.အာဃာတအငြှိုးကြီးတယ်

• လွန်ခဲ့တဲ့ ၆ လအတွင်းမှာ မထိတထိရန်စတာတွေနဲ့ ဆိုးသွမ်းတဲ့အပြုအမူတွေကို အနည်းဆုံး ၂ ခါလောက်ပြုမူဖူးတယ်

>> လက္ခဏာတွေက အောက်ပါသတ်မှတ်ချက်တွေနဲ့လည်း ကိုက်ညီရပါမယ်။

• အနည်းဆုံး မိမိရဲ့မောင်နှမသားချင်းမဟုတ်တဲ့ လူတစ်ယောက်ယောက်ကို ဒီအပြုအမူတွေပြရမယ်

• သူ့ရဲ့အပြုအမူတွေကြောင့် အိမ်မှာ ကျောင်းမှာ အလုပ်မှာ အနှောက်အယှက်ဖြစ်စေတယ်

• စိတ်ကျခြင်း၊ စိတ်တက်လိုက်ကျလိုက်ဖြစ်ခြင်း၊ ဆေးစွဲခြင်း စတဲ့တခြားစိတ်ပိုင်းဆိုင်ရာပြဿနာတွေကြောင့် မဟုတ်ရဘူး

• ဒီအပြုအမူတွေက အနည်းဆုံး ၆ လလောက်ဖြစ်နေရမယ်

ကျောင်း၊ အိမ် (သို့) မိတ်ဆွေသူငယ်ချင်းများနှင့် စတဲ့နေရာတစ်ခုခုထဲက တစ်နေရာမှပဲ သူ့ရဲ့ အပြုအမူတွေပြတယ်ဆိုရင် ဒါကို အပျော့စားလို့သတ်မှတ်ပါတယ်။ ဒီနေရာတွေထဲကမှ ၂ နေရာမှာပဲ သူ့ရဲ့အပြုအမူတွေကိုပြတယ်ဆိုရင် အတန်အသင့်ဆိုးတယ််လို့သတ်မှတ်ပြီးတော့ နေရာ ၃ နေရာနဲ့အထက်မှာ ပြတယ်ဆိုရင် ပြင်းထန်လို့သတ်မှတ်ပါတယ်။

ဒီနေရာမှာ မှတ်ထားဖို့လိုတာက လက္ခဏာတွေက ပထမပိုင်းမှာတစ်နေရာမှာပဲဖြစ်ပြီးတော့ နောက်မှ အခြားနေရာတွေမှာပါပြလာတာမျိုးဖြစ်နိုင်ပါတယ်။

 

>> ODD ဖြစ်စေသောအကြောင်းအရင်းများ

 

ODD ဖြစ်စေတဲ့အကြောင်းအရင်းအတိအကျကို မသိသေးပေမယ့်လည်း ရောဂါပိုပေါ်လာတာကို လှုံ့ဆော်ပေးတဲ့အချက်တွေတော့ရှိပါတယ်။

• ပတ်ဝန်းကျင်ဆိုင်ရာ - မိသားစုတွင်းအဆင်မပြေမှုတွေ၊ ကလေးအကြမ်းဖက်မှု၊ လျစ်လျူရှုခံရမှု၊ စည်းကမ်းတင်းကြပ်မှု၊ အုပ်ထိန်းမှုမရှိခြင်း စတဲ့ မိဘတွေရဲ့ကလေးပြုစုပျိုးထိုင်မှုဆိုင်ရာပြဿနာတွေကြားမှာနေထိုင်နေရတဲ့ကလေးတွေ

• ဇီဝဗေဒပိုင်းဆိုင်ရာ - ဦးနှောက်ချို့ယွင်းမှုတွေနဲ့ ထိခိုက်ဒဏ်ရာတွေကြောင့် အာရုံကြောဆဲလ်တွေအခြင်းခြင်းဆက်သွယ်ဖို့အတွက် ကူညီပေးတဲ့ အာရုံကြောဆက်သွယ်ချက်အကူလေးတွေရဲ့ လုပ်ဆောင်မှုကိုပျက်ယွင်းသွားစေပါတယ်။

• မျိုးရိုးဗီဇ - ODD ရှိတဲ့ကလေးတွေရဲ့မိသားစုထဲမှာ စိတ်ပိုင်းဆိုင်ရာရောဂါတစ်ခုခုခံစားနေရလေ့ရှိပါတယ်။

>> ODD ဖြစ်နိုင်ချေများသောအချက်များ

 

• အမျိုးသားတွေမှာပိုအဖြစ်များပါတယ်။

• လျစ်လှျှူရှုခံရခြင်း၊ အကြမ်းဖက်ခံရခြင်း၊ သို့) လူကြီးမိဘအုပ်ထိန်းမှုကင်းမဲ့သော ကလေးများ

• ဆေးစွဲနေသော (သို့) စိတ်ပိုင်းဆိုင်ရာပြဿနာတစ်ခုခုရှိသော မိဘနှင့်အတူနေရသောကလေးများ

• စိတ်ခံစားမှုကိုထိန်းချုပ်ဖို့ခက်ခဲတဲ့ပြဿနာရှိသောကလေးနဲ့ စိတ်ရှုပ်မခံနိုင််တဲ့ကလေးတွေမှာ အဖြစ်များပါတယ်။

 

>> နောက်ဆက်တွဲဆိုးကျိုးများ

• ဒီပြဿနာကြောင့် ကလေးရဲ့ အိမ်မှာနဲ့ကျောင်းမှာ နေ့စဉ်ဘဝကို အနှောင့်အယှက်ဖြစ်စေပါတယ်။

• ကိုယ့်ကိုယ်ကို ယုံကြည်မှုလျော့နည်းလာစေတယ်။

• စိတ်တိုလွယ်တယ်

• လူမှုပတ်ဝန်းကျင်မှာဝင်မဆန့်ဘူး၊ ကန့်လန့်တိုက်တယ်

• ရင်းနှင်းခင်မင်မှုတစ်ခုခုကို တည်ဆောက်ဖို့နဲ့ ထိန်းသိမ်းဖို့ခက်ခဲတယ်

• စိတ်တိုဒေါသထွက်တာတွေကို ထိန်းချုပ်တဲ့နေရာမှာ ပြဿနာတွေဖြစ်လာတယ်

• လူမှုဆက်ဆံရေးစွမ်းရည်မကောင်းခြင်းနဲ့ အပြုအမူပိုင်းဆိုင်ရာပြဿနာတွေကြောင့် အပယ်ခံလိုခံစားလာရတယ်။

• ကျောင်းစာနဲ့ ကျောင်းတွင်းလုပ်ဆောင်မှုတွေမကောင်းဘူး

• ဆေးတွေသုံးလာမယ်။

• နောက်ဆုံးမှာ ကိုယ့်ကိုယ်ကိုသတ်သေတဲ့အထိဖြစ်နိုင်ပါတယ်။

ODD ရှိတဲ့ကလေးတွေမှာ အောက်ပါစိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုလည်းခံစားရနိုင်ပါတယ။်

• စိုးရိမ်ပူပန်မှုများ

• စိတ်ကျခြင်း

• ADHD လို့ခေါ်တဲ့ တစ်ခုခုကိုအာရုံမစိုက်နိုင်ဘဲနဲ့ ကဏှာမငြိမ် တက်ကြွလွန်ရောဂါ

• သင်ယူလေ့လာမှုနှင့် ဆက်သွယ်မှုဆို်င်ရာပြဿနာ

• သင်ယူလေ့လာမှုပိုင်းဆိုင်ရာချို့ယွင်းချက်များ

 

>> ဆေးရုံ၊ ဆေးခန်းဘယ်အချိန်သွားပြဖို့လိုပြီလဲ

ကလေးအတွက်တော့ သူ့အခြေအနေကိုမသိတဲ့အတွက် လူကြီးရဲ့ခိုင်းစေတဲ့အရာတွေကလုံးဝအဓိပ္ပါယ်မရှိဘူးလို့ ထင်နေပါလိမ့်မယ်။ ကိုယ့်ရဲ့ကလေးမှာ ODD ခံစားနေရတယ်လို့ သံသယဖြစ်ရင် စိတ်ရောဂါအထူးကုဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့လိုပါတယ်။

 

>> ကုထုံးများ

• ADHD နဲ့ စိတ်ကျရောဂါ စတဲ့အခြားရောဂါတွေရှိတယ်ဆိုရင် သောက်ဆေးပေးပါလိမ့်မယ်။

ကုထုံးမှာတော့ အောက်ပါအချက်တွေပါဝင်ပါတယ်။

• မိဘများကိုစီမံခန့်ခွဲမှုသင်တန်းများပေးခြင်း - မိဘတွေကို ဒီအခြေအနေကိုပိုမိုကောင်းမွန်စွာကိုင်တွယ်စေနိုင်ဖို့အတွက် အကောင်းမြင်စိတ်နဲ့ ကလေးပြုစုပျိုးထောင်စွမ်းရည်တွေကို သင်ပေးပါတယ်။

• တစ်ဦးချင်းကုထုံးများ - ကလေးတစ်ဦးချင်းစီရဲ့အခြေအနေပေါ်လိုက်ပြီး သူ့ရဲ့ဒေါသတွေကိုထိန်းချုပ်ဖို့အတွက်နည်းလမ်းကောင်းတွေကို ပေးပါမယ်။

• လူမှုဆက်ဆံရေးစွမ်းရည်သင်တန်းများ - ကလေးကို ကိုယ်နဲ့ရွယ်တူတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့အခါမှာ ဘယ်လိုပိုပြီးအကောင်းမြင်နည်းနဲ့ဆက်ဆံရမယ်ဆိုတာကို သင်ပေးပါတယ်။

ပြဿနာဖြေရှင်းနည်းသင်တန်းများ - အပြုအမူပိုင်းဆိုင်ရာပြဿနာတွေနဲ့ပတ်သက်ပြီး ပိုဆိုးစေတဲ့အရာတွေကိုသိစေဖို့နဲ့ တွေးပုံတွေးနည်းတွေအကြောင်းကို သင်ပေးပြီးတော့ ဒီပြဿနာတွေကို လျော့ကျစေဖို့ အဖြေကိိုတွေးဖို့တွေကိုသင်ပေးပါတယ်။

 

>> နေထိုင်မှုပုံစံနှင့် အိမ်တွင်းကုထုံးများ

 

• ကလေးကို အပြုသဘောဆောင်တဲ့အပြုအမူတွေကို ပျိုးထောင်ပေးပါ။

• မိဘတွေအနေနဲ့လည်း ကလေးတွေကိုကိုယ်ဖြစ်စေချင်တဲ့ပုံစံအတိုင်း စံပြနေပြပါ။

• ကလေးနဲ့ကိုယ်နဲ့ကြားက တိုက်ပွဲတွေကိုဘယ်လိုကျော်ဖြတ်ရမလဲသင်ယူပါ။

• စည်းမျည်းစည်းကမ်းတွေနဲ့ပတ်သက်ပြီးတသမတ်တည်းဖြစ်ပါစေ။ ပြီးတော့ ကျိုးကြောင်းဆီလျော်မှုရှိပါစေ။

• ကလေးနဲ့မိဘကြားအပြန်အလှန်ဆက်သွယ်မှုပိုအားကောင်းလာစေဖို့အတွက် ပုံမှန်ဆက်သွယ်မှုလုပ်ဆောင်ချက်တွေကိုချမှတ်ပါ။

• ကျောင်း၊ အိမ်စတဲ့နေရာတွေက လူတိုင်းက ကလေးနဲ့သဟဇာတဖြစ်စေဖို့ကြိုးစားပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)

(Unicode)



>> ODD ရဲ့လက်ခဏာမြား














>> လက်ခဏာတှကေ အောကျပါသတျမတျခကြျတှနေဲ့လညျး ကိုကျညီရပါမယျ။







 


 





 


 





 


















 



 








 


 







Dr. Mya Myo Myo Swe (www.drmyanmar.com)