/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးငယ်တွေကို-ထိခိုက်စေနိုင်တဲ့-သွေးတွင်းကိုလက်စထရော-ပမာဏ

ကလေးငယ်တွေကို ထိခိုက်စေနိုင်တဲ့ သွေးတွင်းကိုလက်စထရော ပမာဏ

Category
ကလေးများနှင့်ကျန်းမာရေး

          သွေးတွင်းကိုလက်စထရော (အဆီဓာတ်) မြင့်တက်ခြင်းဟာ ကလေးငယ်တွေမှာ ဘာပြဿနာမှမရှိနိုင်ဘူးလို့ မိဘတွေက ထင်လေ့ရှိကြပါတယ်။ ဒါပေမယ့်လည်း ကလေးဘဝမှာ ကိုလက်စထရောမြင့်မားခြင်းကြောင့် အရွယ်ရောက်လာတဲ့အခါမှာ နှလုံးရောဂါနဲ့ လေဖြတ်တာတွေဖြစ်လာနိုင်ပါတယ်။

          မိဘတွေအနေနဲ့ ကလေးအထူးကုဆရာဝန်နဲ့ တိုင်ပင်ပြီး နှလုံးကျန်းမာရေးအတွက် ဘာတွေလုပ်ဆောင်သင့်တယ်ဆိုတာ အကြံဉာဏ်ယူသင့်ပါတယ်။

►► ကိုလက်စထရောဆိုတာဘာလဲ

        ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေနဲ့ ကလီစာတွေရဲ့နံရံဖြစ်ပေါ်လာရန် အကူအညီပေးနိုင်ဖို့ ခန္ဓာကိုယ်ကဖန်တီးထားတဲ့ အဆီတစ်မျိုးဖြစ်ပါတယ်။ ဦးနှောက်နဲ့ အာရုံကြောစနစ်တွေအတွက် ကိုလက်စထရောဟာ အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အစားအသောက်ထဲမှာပါတဲ့ အဆီဓာတ်ကို ကိုလက်စထရောအဖြစ် အသည်းမှပြောင်းလဲပေးနိုင်ပါတယ်။

          မကောင်းတဲ့ကိုလက်စထရောလို့သိကြတဲ့ သိပ်သည်းစနည်းတဲ့ အဆီတွေဟာ ကနဦး ကိုလက်စထရောသယ်ဆောင်သူတွေ ဖြစ်ကြပါတယ်။ ၎င်းအဆီတွေဟာ နှလုံးနဲ့ဦးနှောက်သို့ စီးဆင်းနေတဲ့ သွေးကြောနံရံတွေမှာ စုပုံလာတာကြောင့် သွေးကြောကျဉ်းခြင်း (သို့) ပိတ်ခြင်းတွေဖြစ်လာနိုင်ပါတယ်။

►► ကိုလက်စထရောမြင့်တက်ရခြင်းအကြောင်းအရင်းများ

        ကလေးငယ်တွေမှာ ကိုလက်စထရောပမာဏမြင့်တက်ရခြင်းမှာ အောက်ပါအချက် 3 ချက်နှင့် ဆက်စပ်လျက်ရှိပါတယ်။

1. မျိုးရိုးဗီဇလိုက်ခြင်း - မိသားစုမျိုးရိုးထဲမှာ ကိုလက်စထရောမြင့်မားခြင်း၊ နှလုံးတိုက်ခိုက်ခံရခြင်း၊ လေဖြတ်ခြင်း စတဲ့ရောဂါများရှိခြင်း။

2. အစားအသောက်ပုံစံမမှန်ခြင်း - အထူးသဖြင့် အဆီပါဝင်မှုများသော အစားအစာများကိုစားသုံးခြင်း

3. လေ့ကျင့်ခန်း မပြုလုပ်ခြင်း - နှလုံးကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားမှုမရှိဘဲ အမြဲတစေ ထိုင်နေရသော လူနေမှုဘဝပုံစံဖြင့်သာ မွေ့လျော်ခြင်း

          ကိုလက်စထရောအနည်းငယ်သာမြင့်တက်နေတဲ့ကလေးတွေမှာ အစားအသောက်၊ လေ့ကျင့်ခန်းတို့ဖြင့် ထိန်းနိုင်သော်လည်း ကိုလက်စထရောပမာဏအလွန်မြင့်မားနေတဲ့ ကလေးတွေမှာဆိုရင် ဆေးဝါးတွေရဲ့အကူအညီကို ရယူရန်လိုအပ်ပါတယ်။

          အသက် 10 နှစ် - 12 နှစ် မှ စတင်ကာသွေးတွင်းကိုလက်စထရောပမာဏ စစ်ဆေးခြင်းကို စတင်ပြုလုပ်သင့်ပါတယ်။ အထူးသဖြင့် မိသားစုမျိုးရိုးထဲမှာ နှလုံးရောဂါရှိသူ (သို့) ကိုလက်စထရောမြင့်မားသူများရှိနေပါက ထိုကဲ့သို့ သွေးစစ်ဆေးခြင်းများကို ပြုလုပ်ရန် ပိုမိုအရေးကြီးပါတယ်။

►► ကျန်းမာစွာနေထိုင်နည်းများ

        ကလေးငယ်၏ ကိုလက်စထရောပမာဏကျဆင်းစေရန်အတွက် -

- ဝက်သား၊ ကြက်သားကဲ့သို့ အဆီပိုပါဝင်မှုနည်း၍ အသားဓာတ်ကြွယ်ဝတဲ့ အသားများကိုသာရွေးချယ်စားသုံးခြင်း

- ထောပတ်၊ ဒိန်ခဲနဲ့ ဝက်ပေါင်ခြောက်ကဲ့သို့ ပြည့်ဝဆီတွေလွန်ကဲစွာပါဝင်တဲ့ အစားအစာများကို ရှောင်ရှားခြင်း

- အစားအစာများကို ကြော်လှော်မယ့်အစား မီးဖုတ်စားသုံးခြင်း

- သံလွင်ဆီနဲ့ ကနိုလာဆီများကို အသုံးပြုခြင်း

          အရွယ်ရောက်ပြီးချိန်တွင်ခံစားရနိုင်တဲ့ နှလုံးရောဂါတွေကို နှစ်ပေါင်းများစွာကပင် ကြိုတင်ကာကွယ်နိုင်တာကြောင့် ကလေးငယ်တွေရဲ့ ကိုလက်စထရောပမာဏကို မှန်မှန်စစ်ဆေးပေးဖို့အရေးကြီးလှပါတယ်။

Dr. Thinzar Wynn (www.drmyanmar.com)